တရုတ် ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရန် အတုယူဖွယ် မဟုတ်သော အမေရိကန် သမ္မတ ရွေးကောက်ပွဲ

တရုတ် ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရန် အတုယူဖွယ် မဟုတ်သော အမေရိကန် သမ္မတ ရွေးကောက်ပွဲ
November 4, 2016 Asian Fame

5:16 am
တရုတ် ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရန် အတုယူဖွယ် မဟုတ်သော အမေရိကန် သမ္မတ ရွေးကောက်ပွဲ
In Politics

တရုတ် ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရန် အတုယူဖွယ် မဟုတ်သော အမေရိကန် သမ္မတ ရွေးကောက်ပွဲ

myat-min-article

အမေရိကန်သမိုင်း တစ်လျှောက် တွင် ရုပ်အပျက်ဆုံးနှင့် ရယ်ရွှင်ဖွယ် အကောင်းဆုံး သမ္မတ မဲဆွယ်ပွဲတစ် ခုကို ယခုကာလတွင် တွေ့မြင်နေ ရပြီး အမေရိကန်၏ နိုင်ငံရေး ပုံရိပ် ကို မှေးမှိန်စေလျက် ရှိသည်။ နိုဝင် ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် မည်သည့် သမ္မတလောင်း အနိုင် ရမည်ကို ကြိုတင် သတ်မှတ်ထားပြီး ဖြစ်သည်ဟု တရုတ် ကွန်မြူနစ်ပါ တီက ယုံကြည်လျက် ရှိသည်။

ဆယ်စုနှစ် များစွာကပင် အ မေရိကန် ဒီမိုကရေစီစနစ်သည် လူ တန်းစားတစ်ရပ် အတွက်သာ အ ကျိုးပြုရန် အကွက်ဆင်ဖန်တီးထား ခြင်းဖြစ်သည်ဟု ယုံကြည်သူ များ လှသည်။ ၄င်းအချက်မှာ လက်ရှိ ရီပတ်ပလစ်ကန် သမ္မတလောင်း၏ ဝေဖန်မှုနှင့် ထပ်တူကျလျက် ရှိ ကြောင်း တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေး အတိုက်အခံပြု သူများကို အရေးယူ အပြစ်ပေးလေ့ ရှိသည့် စနစ်ကို အမေရိကန်တို့ မကျင့်သုံး သော်လည်း တရုတ်တို့ အနေဖြင့် ဆယ်စုနှစ်ပေါင်း များစွာ ကျင့်သုံး လာခဲ့ပေသည်။ သို့သော် ယနေ့ အချိန်တွင် သမ္မတလောင်း ဒေါ် နယ်ထရမ့်က နိုင်ငံရေး ပြိုင်ဘက် ဖြစ်သူ ဟီလာရီကလင်တန် အား ထောင်ချ အပြစ်ပေးသင့်သည်ဟု ပြောဆိုမှု များကို တွေ့မြင်လာရပြီ ဖြစ်သည်။ နိုင်ငံရေးအရ အရေးယူ အပြစ်ပေးမှုများသည် တရုတ်တို့၏ မူဝါဒဖြစ်သော်လည်း ၄င်းသည် အမေရိကန်အတွက် နည်းလမ်း ပြသမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူတစ်ဦး တစ်ယောက်ကမျှ မမျှော်လင့်ခဲ့ပါ။ ထို့အပြင် ဟီလာ ရီ၏ အီးမေးလ် မှားယွင်းစွာအသုံး ချမှုများနှင့် ထရမ့်၏ အမျိုးသမီး ကိစ္စ အရှုပ်တော်ပုံများကို အကြောင်း ပြု၍ တစ်ဦးနှင့် တစ်ဦး အပြန်အ လှန် စော်ကား တိုက်ခိုက်မှုများကို လည်း အကျည်းတန်စွာ တွေ့မြင် လာရပြီဖြစ်သည်။

ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ဦးစားပေး လာသည့် အမေရိကန် သမ္မတမဲဆွယ်ပွဲများကြောင့် ဒီမိုက ရေစီ၏ တန်ဖိုးကို ပြန်လည်ချင့်ချိန် သုံးသပ်သင့်သည်ဟု တရုတ်နိုင်ငံ ပိုင်သတင်းစာက ဖော်ပြခဲ့ပြီး အခြား သတင်းစာတစ်စောင်ကမူ အမေ ရိကန်သမ္မတ ယှဉ်ပြိုင်ပွဲသည် လှောင် ပြောင်ဖွယ် ပြဇာတ် တစ်ခုပမာပင် ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်ကို တွေ့ရှိရပါသည်။ တရုတ် နိုင်ငံရေး စနစ်အတွင်း သို့ အမေရိကန် ဒီမိုက ရေစီအား တိုက်ရိုက် သွတ်သွင်းရန် မှာ တရုတ်လူထု အတွက် အမှန်တ ကယ်ပင် အန္တရာယ် ရှိလာပေသည်။ ယခုနှစ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ပြည့်လျှမ်းနေသည့် သမ္မတလောင်း ယှဉ်ပြိုင်ပွဲများကြောင့် အမေရိကန် ၏ နိုင်ငံရေး စနစ်အပေါ် ထိခိုက်မှု များရှိ နေပြီဖြစ်သည်။ ထို့အပြင် အဆိုပါ ယှဉ်ပြိုင်မှုများသည် မတူ ညီသော လူမှု အသိုင်းအဝိုင်းများ အကြား စုစည်းပူးပေါင်းမှုကို ပုံ ဖော်ရမည့်အစား ကွဲပြဲမှုများနှင့် ပြဿနာ များကိုသာ ဖြစ်ပေါ်စေပြီး ကောင်းမွန်သော လူမှု ဘဝဖြစ်ပေါ် လာစေရန်ကိုလည်း အထောက် အကူမပြုနိုင်ကြောင်း တွေ့ရှိရသည်။

နိုင်ငံရေး လမ်းစဉ်တစ်ခု အပေါ် အမှန် အတိုင်း သိမြင်လာနိုင် ရန်မှာ ဆယ်စုနှစ်ပေါင်း များစွာ အ ချိန်ယူ စောင့်ကြည့် ရပေသည်။ ၁၉၈၉ ခု၊ တိန်အန်မင်ရင်ပြင် အဓိကရုဏ်း နှိမ်နင်းမှုအပြီးကာလ ခန့်တွင် အမေရိကန် ဒီမိုကရေစီအ ပေါ် တရုတ်ပြည်သူတို့ အထင်ကြီး မှုပိုခဲ့ရပါသည်။ လွန်ခဲ့သော ၂၅ နှစ်ကျော် ကာလအတွင်း အရှေ့ ဥရောပတွင် ကွန်မြူနစ် အစိုးရများ ကျဆုံးခြင်း၊ ဆိုဗီယက် ပြည်ထောင် စု ပြိုကွဲခဲ့ခြင်းများကြောင့် တရုတ် ကွန်မြူနစ်ပါတီဝင် အချို့က ၄င်းတို့ ၏ တစ်ပါတီ နိုင်ငံတော် စနစ်သည် လည်း အဓွန့်ရှည် ကြာလိမ့်မည် မ ဟုတ်ကြောင်း ထင်မြင်ယူဆခဲ့ကြ သည်။

သို့သော် ရုရှား ဒီမိုကရေစီစနစ် ယိုင်နဲ့လာခြင်း၊ ကမ္ဘာတစ်လွှားတွင် စစ်ရေး ကျူးကျော်မှုများ ဖြစ်ပေါ် လာခြင်းနှင့် ကမ္ဘာ့ စီးပွားရေး အ ကျပ်အတည်းများ ဖြစ်ပေါ်လာခြင်း တို့ကြောင့် အမေရိကန် တို့၏ အ ခြေအနေ ဖန်တီးနိုင်ခွင့်ကို အတိုင်း အတာတစ်ခုအထိ ထိခိုက်စေခဲ့ သည့်အပြင် ပြည်တွင်း စစ်မီးလျှံ များကိုသာဖြစ်ပေါ်စေခဲ့သော အာ ရပ်နွေဦး အကွဲအပြဲ များကြောင့် တရုတ်ပြည်သူ တို့၏ အမေရိကန် ဒီမိုကရေစီ စနစ်အား ကျင့်သုံးလိုမှု သည် ပျက်စီးခဲ့ရပါသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် လွန်ခဲ့သော ၂၅ နှစ် အတွင်း ဆက်တိုက် တိုးတက်လာ ခဲ့ပြီး တရုတ် ခေါင်းဆောင် များ၏ ရန်သူ့အခက် မိမိအချက် ဖြစ်ရမည် ဟူသော အမျိုးသားရေး စိတ် ဓာတ် အခြေခံပညာရေး စနစ် (Patriotic Education) ကို မီးမောင်းထိုးပုံဖော် ခဲ့ပါသည်။ တရုတ်သမ္မတ ရှီကျင့် ဖျင် တက်လာပြီးနောက် အဆိုပါ ပညာရေး ပုံဖော်မှုမှ တစ်ဆင့် ညှိ နှိုင်း တိုင်ပင်ဆောင်ရွက်သော ဒီမို ကရေစီမော်ဒယ်လ် (Consultant Democracy) တစ်ခုကို အသက် သွင်း ပုံဖော်ခဲ့ပြန်ပါသည်။ နိုင်ငံ ရေးသိပ္ပံတွင် ရှိသော သမားရိုးကျ အယူအဆ တစ်ခုမှာ သက်တမ်းကြာ ရင့်ကျက် လာသောအခါ အာဏာ ရှင်များသည် နေမြဲအတိုင်း ဆက် လက်ကျင့်သုံးခြင်း၊ သို့မဟုတ် ဒီမို ကရေစီ စနစ်ကို ပြောင်းလဲကျင့်သုံး လာနိုင်သည် ဟူသော အချက်ပင် ဖြစ်သည်။ တရုတ်သမ္မတ ရှိကျင့် ဖျင်က တရုတ်၏ အခြေအနေနှင့် ရှည်လျားသော သမိုင်းကြောင်း အ ရ တရုတ် နိုင်ငံသည် ထူးခြားသော တိုင်းပြည် တစ်ခုဖြစ်သည့် အတွက် အခြားကမ္ဘာတွင် ကျင့်သုံးနေသော စနစ်များအတိုင်း ထပ်တူ ကျင့်သုံး ရန် မဖြစ်နိုင်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါသည်။

အောက်တိုဘာလတွင် ကျင်း ပခဲ့သော ကွန်မြူနစ်ပါတီ အထွေ ထွေ ညီလာခံ၌ အကြီးတန်း ကွန်မြူ နစ်ပါတီဝင်များက တရုတ်နိုင်ငံ အနေဖြင့် (Consultant Democracy) စနစ်ကို ကျင့်သုံးနိုင်ခဲ့မှု ကြောင့် အကျိုးကျေးဇူး များစွာ ရ ရှိခဲ့ပုံကို အကျယ်တဝင့် ဖော် ထုတ် ခဲ့ကြသည်။

တရုတ် နိုင်ငံတော် တီဗီသတင်း ဌာနမှ မစ္စတာ Yang Rui က အ ရာရာကို မဲခွဲ ဆုံးဖြတ်ခြင်းသည် မှားယွင်းကြောင်း၊ အဘယ်ကြောင့် ဆိုသော် အကြောင်း ကိစ္စတစ်ခုကို သေချာ နားမလည်သော သူများက မဲခွဲဆုံးဖြတ်ပေးခြင်းဖြင့် အမှန် တရားနှင့် ကင်းကွာ သွားနိုင်သည် ဟု ပြောကြားခဲ့သည် ကိုလည်း တွေ့ ရှိရမည်ဖြစ်သည်။ ယခု အမေရိကန် သမ္မတ မဲဆွယ်ပွဲများတွင် သမ္မတ လောင်းများ အနေဖြင့် အရေးကြီး သော ကိစ္စများကို မေ့လျော့နေကြ ပြီး လိင်ကိစ္စ၊ အတွင်းရေး သတင်း၊ အတင်း အဖျင်းတွေကိုသာ ဦးစား ပေး ပြောဆိုနေကြ သောကြောင့် စကားစစ်ထိုးပွဲသည် အနောက် တိုင်း ဒီမိုကရေစီကို ဖျက်ဆီးရာကျ နေပေသည်။

တရုတ်လုံခြုံရေး ဆိုင်ရာ ကော် မရှင်မှ အကြီးတန်း ပါတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ Fang Xinghai က ယခုလို တရုတ်နိုင်ငံ အနေဖြင့် (Consultant Democracy) စနစ်ကို ကျင့်သုံးနိုင်ခဲ့ မှုကြောင့် နှစ်ပေါင်း ၄ဝ ကျော် ကြာအောင် မည်သူ၏ နှောင့်ယှက်မှုမှ မခံရဘဲ တည်ငြိမ်စွာ တိုးတက်မှုကို ဖော်ဆောင်နိုင် ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်ကို လည်း တွေ့ရပါသည်။

တရုတ် ကွန်မြူနစ်ပါတီက ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အတွင်း နိုင်ငံ၏ ဂျီဒီပီ ၂ ဆတိုး တက်ရမည်ဟု ကတိပြုခဲ့ပါသည်။ မကြာသေးမီကပင် တရုတ် တို့အ နေဖြင့် ၄င်းတို့ကိုယ်တိုင်တည် ဆောက် ထားသော အာကာသ စခန်းသို့ အာကာသယာဉ်မှူး များ ကို စေလွှတ်နိုင်ခဲ့ပါသည်။ အမေရိ ကန် သမ္မတလောင်း ဒေါ်နယ်ထ ရမ့်၏ အမေရိကန် နိုင်ငံကြီးကို ပြန် လည် ကြီးထွား တိုးတက်လာအောင် တည်ဆောက်မည် (Make Amer-ica Great Again)၊ သမ္မတ ကနေ ဒီ၏ ”ဒီရာစုနှစ် အတွင်း လကမ္ဘာ ပေါ်သို့ ငါတို့ရောက်ရှိ ခြေချနိုင်ရ မည်” ဟူသောကြွေးကြော်သံများ ကဲ့သို့ပင် တရုတ် သမ္မတ ရှီကျင့်ဖျင် က တရုတ်ပြည်သူ တို့၏ အိပ်မက် အတိုင်း တရုတ်နိုင်ငံကြီး စည်းလုံး ညီညွတ်ပြီး ခွန်အားသစ် များတိုး တက်စေရမည်ဟု ကြွေးကြော်ခဲ့ပါ သည်။

လွန်ခဲ့သော ဆယ်စုနှစ် ခုနစ်ခု ကွန်မြူနစ်ဝါဒ ကျင့်သုံးမှုကာလ အတွင်း တရုတ်ပြည်သူ များသည် ဝါဒရေးရာ သက်သက်ထက် လက် တွေ့ဆန်ဆန်ဖြင့် တိုးတက်သော ဘဝများကို တည်ဆောက်နိုင်ခဲ့ ကြောင်းတွေ့ရသည်။ ၄င်းတို့ ကျင့် သုံးသော စနစ်ကို မည်သို့ပင်အခေါ် ခံရသည်ဖြစ်စေ ၄င်းတို့အနေဖြင့် လူတစ်ဦး အတွက်၊ အဖွဲ့အစည်း တစ်ခု အတွက် မဲပေး ရွေးချယ်ရသော စနစ်တစ်ခု ဆီသို့ ပြောင်းလဲကျင့် သုံးမည် မဟုတ်ပေ။

တရုတ်ပြည်သူတို့သည် အ မြော်အမြင် နည်းသူများ မဟုတ် ကြပေ။ ၄င်းတို့ကိုအုပ်ချုပ်သော တရုတ် ကွန်မြူနစ် ပါတီထိပ်တန်း ခေါင်းဆောင် များသည်ပင် အကျင့် ပျက်ခြစားမှုများ၊ ရက်စက်မှုများ၊ မတရားမှုများ ရှိနိုင်သည်ကို သိ ရှိကြ ပါသည်။ နိုင်ငံရေး အတိုက် အခံသမားများ၊ ဘာသာရေး လှုပ် ရှားသူများ၊ အလုပ်သမား ရေးရာ လှုပ်ရှားသူများ၊ လူ့အခွင့်အရေး ရှေ့နေများအား ထောင်သွင်းအ ကျဉ်းချထား ခံရမှု များကလည်း လက်ရှိကျင့်သုံးနေသော စနစ်ကို ပြောင်းလဲလို သူများရှိကြောင်း ပြသ နေပေသည်။ သို့သော် ပြီးခဲ့သော ဆယ်စုနှစ်လေးခု အတွင်းတွင် ကွန် မြူနစ် ပါတီအနေဖြင့် အေးချမ်းသာ ယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော တရုတ် နိုင်ငံတော်ကြီးကို တည် ဆောက်ပေး နိုင်ခဲ့ကြောင်း တွေ့ရှိရ ပါသည်။

တရုတ်တို့၏ ပါတီ အတွင်း အေးဆေး တည်ငြိမ်စွာ ညှိနှိုင်း၍ တိုင်းပြည် အရေးဆောင် ရွက်ခြင်း သည် ပြည်သူ့ အော်ဟစ်သံများ ကြောင့် အကောင်အထည် ဖော်ရ သော အနောက်တိုင်း မူဝါဒ လုပ် ငန်းစဉ်ထက် ပိုမို ထိရောက်မှုရှိ ကြောင်းလည်း ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ အနောက်တိုင်း ဒီမိုကရေစီ နှင့် ရင်းနှီးသူ တချို့က ပင် တရုတ်၏ တစ်ပါတီ စနစ်သည် ကုန်ပစ္စည်း ထုတ်လုပ်ရေး ကဏ္ဍ၌ အနောက်တိုင်း တိုင်းပြည် များကို ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်ကြောင်း ယုံကြည် နေကြပါသည်။

အမြစ်တွယ်နေသော အခွင့်ထူး ခံနိုင်ငံရေးသမားများရှိနေခြင်း၊ ခါး သီးလှသော အလုပ်လက်မဲ့ ပြဿ နာများ ကြုံတွေ့နေရခြင်းနှင့် ပြင်း ထန်လှသော တရုတ် ကွန်မြူနစ်ပါ တီအတွင်း ယှဉ်ပြိုင်မှု များ ရှိနေ ခြင်းသည် အမှန်တကယ်ပင် ဖြစ် ပေါ်နေသော်လည်း ခြောက်ပြစ် ကင်း သဲလဲစင်မဟုတ်သော အမေ ရိကန် ဒီမိုကရေစီစနစ် အတိုင်း တရုတ်နိုင်ငံ အတွင်းသို့ ပုံတူကူးချ ရန်မှာ လက်ရှိကာလတွင် မဖြစ်နိုင် သေးကြောင်း သုံးသပ် တင်ပြလိုက် ရပေသည်။

မြတ်မင်း(စက်မှု)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*