ခရီးသွားများအခက်အခဲမဖြစ်စေရေးအတွက် ဆက်လုပ်ခွင့်ပေးရန် အသနားခံစာတင်သဖြင့် ရိုးရိုးလေးဟိုတယ်ကို ခြောက်လ ဆက်လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်

ခရီးသွားများအခက်အခဲမဖြစ်စေရေးအတွက် ဆက်လုပ်ခွင့်ပေးရန် အသနားခံစာတင်သဖြင့် ရိုးရိုးလေးဟိုတယ်ကို ခြောက်လ ဆက်လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်
November 3, 2016 Asian Fame

7:16 am
ခရီးသွားများအခက်အခဲမဖြစ်စေရေးအတွက် ဆက်လုပ်ခွင့်ပေးရန် အသနားခံစာတင်သဖြင့် ရိုးရိုးလေးဟိုတယ်ကို ခြောက်လ ဆက်လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်
In Travel

ခရီးသွားများအခက်အခဲမဖြစ်စေရေးအတွက် ဆက်လုပ်ခွင့်ပေးရန် အသနားခံစာတင်သဖြင့် ရိုးရိုးလေးဟိုတယ်ကို ခြောက်လ ဆက်လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်

မေဇင်ဝင်း
ရန်ကုန်၊ အောက်တိုဘာ ၂၈

အသနားခံစာ တင်ပြထားခြင်း ကြောင့် ကျိုက်ထီးရိုးရှိ ရိုးရိုးလေး ဟိုတယ်ကို လာမည့်နှစ် မတ်လအ ထိ လုပ်ငန်း လုပ်ကိုင်ခွင့်ပြုထား ပြီး မတ်လနောက်ပိုင်းတွင်မူ အခန်း ငှားခွင့်မရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရိုးရိုးလေးဟိုတယ်သည် ခွင့် ပြုချက်မရှိဘဲ ဆောက်လုပ်ထား သည့် အခန်းများကို ဖျက်သိမ်းရန် အစိုးရအဖွဲ့က ညွှန်ကြားထား သော် လည်း မလိုက်နာသဖြင့် လိုင် စင် ရုပ်သိမ်းခံရခြင်းဖြစ်ပြီး လာ မည့် ဘုရားဖူးရာသီအတွက် အ ခန်းများ ကြိုတင်အရောင်းချထား သဖြင့် ခရီးသွားများ အခက်အခဲ မဖြစ်စေရေးအတွက် ဆက်လုပ်ခွင့် ပေးရန် အသနားခံစာ တင်သဖြင့် အောက်တိုဘာလမှ လာမည့်နှစ် မတ်လအထိ ခြောက်လ ဆက်လုပ် ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ခွင့်ပြုလိုက်ခြင်းနှင့် ပတ် သက်၍ ပြည်သူများကြား ဝေဖန် မှုအချို့ ရှိနေပြီး သာသနာရေးဝန် ကြီးဌာနသို့ ဆက်သွယ်မေးမြန်း ရာ၎င်းတို့နှင့် မသက်ဆိုင်ဘဲ ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနကသာ ကိုင်တွယ်ခြင်း ဖြစ် ကြောင်း ပြောရေးဆိုခွင့်ရှိ သူက ပြန်လည် ဖြေကြားသည်။

Nature Dream  ခရီးသွား လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စပယ်အောင်က ”ခရီးသွားဖြစ် ဖြစ်၊ အခြားဘယ်ကဏ္ဍပဲဖြစ်ဖြစ် အားလုံးအဆင်ပြေပြီး ဥပဒေအ တိုင်း လုပ်တာကိုပဲ လိုလားပါ တယ်။ အခုကိစ္စက ဘယ်သူတွေက လက်ခံပြီးမှ လက်မှတ်ထိုးပေးလဲ၊ ဘယ်သူတွေကDesicion maker  လဲပေါ့၊ နှစ်ဖက်  Win Win Situation  လည်း ဖြစ်စေချင်တယ်” ဟု မှတ်  ချက်ပြုသည်။

ဟိုတယ်လုပ်ငန်းရှင် တစ်ဦး ဖြစ်သည့် ကိုဇေသီဟက တိုင်း ရင်းသား လုပ်ငန်းရှင်တစ်ဦး အ နေဖြင့် အသနားခံစာတင်ခြင်းကို အစိုးရက ငဲ့ညှာပေးခြင်း ဖြစ် ကြောင်း ပြောသည်။

အစိုးရနဲ့ လုပ်ငန်းရှင် နား လည်မှု ရှိတာ ဝမ်းမြောက်ရမယ့်အနေအထားမျိုးပေါ့။ ဒီခြောက်လ အတွင်းတော့ စည်းကမ်းဖောက် ဖျက်တာတွေ ထပ်လုပ်ရင်တော့ မကောင်းဘူးပေါ့” ဟု မှတ်ချက်ပြု သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*