Strategy First Institute သို့ တက်ရောက်လို သူများ အတွက် ဧရာဝတီဘဏ်မှ ပညာသင် ချေးငွေများ ဆောင်ရွက်ပေးမည်

Strategy First Institute သို့ တက်ရောက်လို သူများ အတွက် ဧရာဝတီဘဏ်မှ ပညာသင် ချေးငွေများ ဆောင်ရွက်ပေးမည်
November 2, 2016 Asian Fame

7:52 am
Strategy First Institute သို့ တက်ရောက်လို သူများ အတွက် ဧရာဝတီဘဏ်မှ ပညာသင် ချေးငွေများ ဆောင်ရွက်ပေးမည်
In Education

Strategy First Institute သို့ တက်ရောက်လို သူများအတွက် ဧရာဝတီဘဏ်မှ ပညာသင် ချေးငွေများ ဆောင်ရွက်ပေးမည်

aya-bank

(ရန်ကုန်၊ နိုဝင်ဘာ ၁)

Strategy First Institute သို့ တက် ရောက်လိုသည့် ကျောင်းသူကျောင်းသား များ အတွက် ဧရာဝတီ ဘဏ်မှ ပညာသင် ကြေးချေးငွေများ ဆောင်ရွက်ပေးသွား မည်ဟု သိရသည်။

ယင်းသို့ ဆောင်ရွက်နိုင်ရန် အတွက် ဧရာဝတီဘဏ် နှင့် Strategy First Institute  တို့ကြား ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် လက်မှတ် ရေးထိုးပွဲ အခမ်းအနား ကို  နိုဝင်ဘာ ၁ ရက်က ဧရာဝတီဘဏ်ရုံး ချုပ်တွင် ပြုလုပ်ခဲ့ပြီး Strategy First Institute မှ ဖွင့်လှစ်ထားသော သင်တန်း များသို့ တက်ရောက် လိုသည့် ကျောင်း သား ကျောင်းသူများ အတွက် ပညာသင်ကြေး ချေးငွေများကို စတင် ဆောင်ရွက်ပေး သွားမည် ဖြစ်သည်။

Strategy First Institute သည် ပြည်တွင်း ရှိ ပုဂ္ဂလိက စီးပွားရေး သင်တန်းကျောင်း ဖြစ် ပြီး နိုင်ငံတကာ အသိအမှတ်ပြု ကျောင်းများ၊ အင်္ဂလန်မှ စီးပွားရေးနှင့် စီမံခန့်ခွဲ ရေးဘွဲ့နှင့် ဘွဲ့လွန်သင်တန်းများကို သင် ကြား ပို့ချပေးလျက် ရှိကာ လတ်တလော တွင် အဆိုပါ ကျောင်းနှင့် ချိတ်ဆက်၍ ပညာ သင်ကြားနိုင်ရေး အတွက် ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားကျောင်း များသို့ တက်ရောက် လိုပါ ကလည်း ပညာသင်ကြေး ချေးငွေများ ဆောင်ရွက် ပေးသွားရန် ဆက်လက် လုပ် ဆောင် သွားမည် ဟု ဧရာဝတီဘဏ် မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

”ကျွန်တော်တို့ အနေနဲ့ ကျောင်းသား တွေ အတွက် ကြိုက်နှစ်သက်ရာ ကျောင်း ကို ရွေးချယ် ခွင့် ပေးလိုက်ရင် အရည်အသွေး မကောင်းတဲ့ ကျောင်းတွေ ဖြစ်မှာစိုးလို့ Strategy First Institute ကိုရွေးတာပါ။ နောက်ပိုင်း မှာလည်း Strategy First Institute လို အရည် အသွေး ရှိတဲ့ ကျောင်းတွေ နဲ့ ပူးပေါင်း ပြီး တော့ ကျောင်း သူ ကျောင်းသားတွေ ပညာ သင် အခွင့်အရေး များများရအောင် လုပ် ပေးသွားဖို့ ရှိပါ တယ်” ဟု ၄င်းက ပြော သည်။

ှStrategy First Institute  သို့ တက် ရောက်လိုသည့် ကျောင်းသူ ကျောင်းသား များ အနေဖြင့် သင်တန်းကြေး၏ ၈ဝ ရာ ခိုင်နှုန်းကို ၄င်းတို့၏ ဘဏ် မှချေးပေးသွား မည်ဖြစ်ပြီး တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်း အတိုးဖြင့် တွက်ယူ သွားမည် ဖြစ် သည်။ ပြန် လည် ပေးဆပ်မှုကို သင်တန်း ကာလ ပေါ် မူတည်ကာ ပြန်လည် ပေးဆပ်မှု အချိန် ကာလ အဖြစ် အများဆုံး ၅ နှစ် သတ် မှတ် ခွင့်ပြုပေးသွားမည် ဖြစ်သည်။

ယင်းသို့ ပညာသင်ကြေး ချေးငွေ ရ ယူလိုသည့် သူများသည် အသက် ၁၈ နှစ် အထက် ရှိရမည်ဖြစ်ပြီး ကိုယ်ပိုင်ဝင်ငွေ ရှိသူတိုင်း လျှောက်ထားနိုင်မည် ဖြစ်သည်။ အသက် ၁၈ နှစ်အောက် (သို့မဟုတ်) ဝင် ငွေ သတ်မှတ်ချက် မပြည့်မီပါက မိသားစု ဝင် တစ်ဦး ၏ ဝင်ငွေနှင့် အတူ ပူးတွဲ လျှောက်ထားနိုင်မည် ဖြစ်သည်။ အဆိုပါ သတ်မှတ်ချက် များနှင့် ကိုက်ညီပါက AYE Education Loan  သို့ လျှောက်ထားနိုင်ပြီး ချေးငွေ အတည်ပြုချက် ရရှိပါက အနည်း ဆုံး ကနဦး ပေးသွင်းငွေ ၂ဝ ရာခိုင်နှုန်း ပေးသွင်း ၍ ကျောင်းစတင် တက်ရောက် နိုင်ပြီဖြစ်သည်။ အဆိုပါ ပညာသင်ကြေး ချေးငွေ နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက http://www.ayabank.com တွင်လည်း ဝင်ရောက် ကြည့် ရှုနိုင်ပါသည်။

အိမ်စည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*