သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ရသင့်လျက်နဲ့ မရဖြစ်နေတဲ့နိုင်ငံသားတွေကို ရန်ကုန်တိုင်းအစိုးရဘာလုပ်ပေးမလဲမေး

သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ရသင့်လျက်နဲ့ မရဖြစ်နေတဲ့နိုင်ငံသားတွေကို ရန်ကုန်တိုင်းအစိုးရဘာလုပ်ပေးမလဲမေး
March 8, 2018 Fame Asian

5:21 pm
သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ရသင့်လျက်နဲ့ မရဖြစ်နေတဲ့နိုင်ငံသားတွေကို ရန်ကုန်တိုင်းအစိုးရဘာလုပ်ပေးမလဲမေး

28685391_1716691651708126_5441259040933850019_n

ရန်ကုန် ၊ မတ် ၈

ရန်ကုန်တိုင်းအတွင်းမှာ နေထိုင်ပြီး သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ရသင့်ပါလျက်နဲ့ မရသေးတဲ့ နိုင်င်ငံသားတွေကို မြို့ နယ်အလိုက်ကွင်းဆင်းပြီးဆောင်ရွက်ပေးဖို့ အစီိအစဉ်ရှိသလားလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒီကနေ့ လွှတ်တော်မှာမေးမြန်းပါတယ်။

လှိုင်မြို့ နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်မာဌေးက ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ” ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ပြီး အိမ်ထောင်စုလူဦးရေ စာရင်းရရှိရန်အခွင့်ရှိပါလျက်နဲ့ အိမ်ထောင်စုလူဦးရေစာရင်းမရရှိသေးသော အိမ်ထောင်စုများ၊ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားလာပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသော နိုင်ငံသားများကို ရန်ကုန်တိုင်းအတွင်း မြို့ နယ်အလိုက်၊ ရပ်ကွက်အလိုက် စီိမံချက်များနဲ့ ကွင်းဆင်းဆောင်ရွက်ပေးဖို့အစီအစဉ်ရှိမရှိ” မေးခွန်းကိုမေးမြန်းခဲ့တာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းဆောင်ရွက်လိုတဲ့ ရပ်ကွက်စာရင်းကို မြို့ နယ်မှူးဆီကို ညှိနှိုင်းပေးပို့ ရင် ပြည်ထောင်စုဝန်ကြီးရုံးရဲ့ ခွင့်ပြုလမ်းညွှန်ချက်နဲ့  ကွင်းဆင်းဆောင်ရွက်ပေးသွားမယ်လို့  ရန်ကုန်တိုင်းဒေသကြီး ၊ အလုပ်သမား၊ လူမှုဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရဲ့ တာဝန်ရှိသူဖြစ်တဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တိုင်းလွှတ်တော်မှာ ပြန်လည်ဖြေကြားသွားပါတယ်။

”ရန်ကုန်တိုင်းအတွင်းမှာ နှစ်ပေါင်းများစွာနေထိုင်လျက်ရှိပြီးတော့ အိမ်ထောင်စုစာရင်းရဖို့ အခွင့်အရေးရသင့်ပါလျက်နဲ့ မရသေးအိမ်ထောင်စုတွေ၊ ဆယ်နှစ်ပြည့်မှတ်ပုံတင်မရသေးတဲ့သူတွေ ၊ ၁၀ နှစ်ကနေ ၁၈ နှစ်ပြည့်မှတ်ပုံတင်ကို အသက် ၃၀ ကျော်နေပြီး မပြောင်းရသေးတဲ့သူတွေ အများကြီးရှိနေပါတယ်။ ပြည်သူအများစုက စားဝတ်နေရေးလုံးပန်းနေရတာရော၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှဝန်ထမ်းအချို့ ရဲ့ဆက်ဆံရေးအားနည်းချက်ကြောင့်ရော၊ငွေကြေးအခက်အခဲရှိလို့ ရော အိမ်ထောင်စုလူဦးရေစာရင်းမရသေးသူတွေ၊ အဲဒါမရလို့ နိုင်ငံသားကဒ်လုပ်မရတဲ့သူတွေ အများကြီးပဲရှိနေတယ်” လို့ ဒေါ်ခိုင်မာဌေးက လွှတ်တော်မှာဆိုပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရှေ့လုပ်ငန်းစဉ် (၁၉)ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေပြီးတော့ သစ္စာစီမံချက်၊ မိုးပွင့်စီမံချက် ၊ ရက်(၁၀၀)စီမံချက်တို့နဲ့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ မူလဒေသမှာအိမ်ထောင်စုစာရင်းနဲ့ နေထိုင်ခဲ့ကြောင်း (သို့ မဟုတ်) မွေးဖွားရဒေသ အာဏာပိုင် အချင်းချင်းချိတ်ဆက် စိစစ်ပြီးမှန်ကန်ရင် သာမန်ရွှေ့ပြောင်း နေထိုင်သူ တိုင်းရင်းသားတွေကို စံနှုန်းသတ်မှတ်ချက်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ ရသင့်တဲ့ ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနေပြီးတော့ အခြားဒေသမှာ အိမ်ထောင်စုလူဦးရေစာရင်းမရှိခဲ့ရင်လည်း သက်ဆိုင်ရာမြို့နယ်ရုံးအချင်းချင်းချိတ်ဆက်ကာ ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးထုတ်ပေးနေတယ်လို့ ဦးဇော်အေးမောင်က လွှတ်တော်မှာပြောပါတယ်။

”ရန်ကုန်တိုင်းအတွင်းမှာ သစ္စာစီမံချက်နဲ့ သာမန်ရွေ့ ပြောင်းနေထိုင်သူ အိမ်ထောင်စု (၄၀၅၉၈ ) စု၊ လူဦးရေ (၁၅၆၁၉) ဦးတို့ ကို အိမ်ထောင်စုစာရင်းထုတ်ပေးခဲ့တယ်။ အခြေခံပညာကျောင်းတွေမှာလည်း ကျောင်းသားတွေကို ပညာသင်ကြားမှုမပျက်စေဘဲနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေကို ကျောင်းသား (၁၅၈၅၈) ဦးကို လုပ်ပေးနိုင်ခဲ့တယ်” လို့ ဝန်ကြီးကပြောပါတယ်။

၂၀၁၅ ခုနှစ် မေလက ပြည်သူအင်အားဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနဲ့  ပြည်သူ့ အင်အားဦးစီးဌာနက ထုတ်ပြန်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်းအစီရင်ခံစာမှာ ရန်ကုန်တိုင်းအတွင်းမှာ ဘာကဒ်မှကိုင်ဆောင်မထားသူဟာ ၁၀၉၄၃၆ ဦးရှိနေပါတယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*