စနစ်သစ်ဖြစ်သည့် KG + 12 သို့ ပြောင်းလဲမှု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြီးဆုံးမည်

စနစ်သစ်ဖြစ်သည့် KG + 12 သို့ ပြောင်းလဲမှု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြီးဆုံးမည်
November 22, 2017 Asian Fame

12:14 pm
စနစ်သစ်ဖြစ်သည့် KG + 12 သို့ ပြောင်းလဲမှု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြီးဆုံးမည်

နေပြည်တော်၊နိုဝင်ဘာ ၂၂

စနစ်ဟောင်း မှ စနစ်သစ်ဖြစ်သည့် KG + 12 သို့ ပြောင်းလဲနေမှုမှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြီးဆုံးမည်ဟု ပညာရေးဝန်ကြီးဌာန မှ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။ ယခင်စနစ်ဟောင်းမှာ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်နှစ် စုစုပေါင်း ၁၁နှစ်သာရှိသည်။ ယခုပြောင်းလဲလိုက်သည့် စနစ်သစ်အရ ကလေးများသည် KG တန်းအပါအ၀င် စုစုပေါင်း ၁၃နှစ် အထိ အခြေခံပညာရေးကို ပညာသင်ကြားကြရမည်ဖြစ်သည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ် မှစကာ သူငယ်တန်းကို သင်ရိုးသစ်ဖြင့် ပညာရေးဝန်ကြီးဌာနက စနစ်ဟောင်းမှ စနစ်သစ်သို့ စတင်ပြောင်းလဲခဲ့သည်။ ယခုပညာသင်နှစ်ဖြစ်သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်းကို စနစ်သစ်ဖြင့် သင်ကြားလျှက်ရှိကာ ရှေ့လာမည့် ပညာသင်နှစ်တွင် ဒုတိယတန်းကို စနစ်သစ်ဖြင့် သင်မည်ဟု ဒုတိယ၀န်ကြီးက ပြောသည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဌဒေါက်တာညီလှငယ်က ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် အတန်း၃တန်း၏ သင်ရိုးညွှန်းတမ်းများကို ပြောင်းလဲရန် ရှိကြောင်းပြောသည်။ သင်ရိုးသစ်များအတွက် ဆရာ/မများကို သင်တန်းပေးနေပြီး၊လက်တွေ့ သင်ကြားမှုများလည်း ပြုနေကြောင်း ဒေါက်တာညီလှငယ်က ဆက်ပြောသည်။ ယခင်စနစ်ဟောင်းဖြစ်သည့် သူငယ်တန်းအပါအ၀င် ပညာသင်နှစ် ၁၁နှစ်သည် နိုင်ငံတကာအဆင့်မမှီဟု ပညာရေးတာဝန်ရှိသူတို့က မီဒီယာကို ပြောဆိုထားသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*