ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင်စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းရန် ဒေါက်တာအောင်ထွန်းသက် တိုက်တွန်း

ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင်စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းရန် ဒေါက်တာအောင်ထွန်းသက် တိုက်တွန်း
May 31, 2017 Asian Fame

12:05 pm
ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင်စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းရန် ဒေါက်တာအောင်ထွန်းသက် တိုက်တွန်း

UMFCC

စောထွေး
မန္တလေး၊ မေ ၃ဝ

ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက် ရာတွင် ကဏ္ဍအသီးသီးမှ လူပုဂ္ဂိုလ်အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်သင့်ပြီး အထူး သဖြင့် စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်သင့်ကြောင်း ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က တိုက်တွန်းလိုက်သည်။ မေ ၂၈ ရက်က မန္တလေးတိုင်း ဒေသ ကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းရုံးတွင် ကျင်းပသည့် ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ ဟောပြောပွဲတွင် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

”ငြိမ်းချမ်းတဲ့နေရာမှာနေတဲ့သူတွေက ငြိမ်းချမ်းရေးဟာ ကိုယ်နဲ့မှမဆိုင်တာလို့မြင် ကြပါလိမ့်မယ်။ တကယ်တမ်းကျတော့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ပါဝင်ပတ်သက် သူ အားလုံး ပါဝင်မှရမယ်။ လုပ်ငန်းရှင်တွေ ဝန်ထမ်းတွေလည်းပါရမယ်။ တကယ်တမ်း ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် အားလုံး ပါဝင်သင့်တယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။ပြည်ထောင်စုငြိမ်းချမ်းရေ ညီလာခံ ၂၁ ရာစုပင်လုံ (ဒုတိယအစည်းအဝေး)ကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် မေ ၂၄ရက် မှ ၂၉ ရက်အထိကျင်းပခဲ့ရာ နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍနှင့် လုံခြုံရေး ကဏ္ဍစသည့်ကဏ္ဍ ၅ ခုနှင့်ပတ် သက်သော အချက် ၄၁ ချက်ဆွေးနွေးခဲ့ ကြပြီးနိုင်ငံရေးကဏ္ဍတွင် ၁၂ ချက်၊ စီးပွား ရေးကဏ္ဍတွင် ၁၁ ချက်၊ လူမှုရေးကဏ္ဍတွင် ၄ ချက်နှင့် မြေယာနှင့်သဘာဝပတ် ဝန်းကျင်ကဏ္ဍတွင် ၆ ချက် စုစုပေါင်း အချက် ၃၃ ချက် သဘောတူညီမှု ရရှိခဲ့ ကြောင်း မေ ၂၈ ရက်က ကျင်းပသည့် (၁၁) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးအရ သိရသည်။

ညီလာခံတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍအသီးသီး ဘက်ပေါင်းစုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး စီးပွားရေးလုပ် ငန်းပေါင်းစုံနှင့်ပတ်သက်၍လည်း ပြုပြင် ပြောင်းလဲသင့်သည်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ”အခုညီလာခံမှာ တိုင်းရင်းသားလူမျိုး စုတွေ ပညာရှင်တွေ တပ်မတော်သားတွေ လည်းပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွား ရေးကဏ္ဍအသီးသီး ဘက်ပေါင်းစုံဆွေးနွေးခဲ့ကြတာမှာ စီးပွားရေးလုပ်ငန်းပေါင်းစုံနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြုပြင်ပြောင်းလဲသင့်တယ်ဆိုတာတွေကိုပါ ဆွေးနွေးခဲ့ကြတာပါ။ ငြိမ်းချမ်းရေးရဖို့ဆိုတာက နှစ် ပေါင်း ၆ဝ ကျော်ကြာအောင် မငြိမ်းချမ်းခဲ့ တဲ့မြန်မာနိုင်ငံကြီးကို ငြိမ်းချမ်းအောင်လုပ်ဖို့ ဆိုတာက အခု ရေတွင်းတူး အခုရေကြည်သောက်လို့ရတဲ့ကဏ္ဍမျိုး မဟုတ်ပါဘူး” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*