လွိုင်ကော်တွင် ရုပ်ရှင်ရုံဆောက်မည်

လွိုင်ကော်တွင် ရုပ်ရှင်ရုံဆောက်မည်
May 31, 2017 Asian Fame

11:51 am
လွိုင်ကော်တွင် ရုပ်ရှင်ရုံဆောက်မည်

U-Pe-Myint(နေပြည်တော် ၊ မေ ၃၁)

ကယားပြည် နယ် လွိုင်ကော်မြို့တွင် ရုပ်ရှင်ရုံ တစ်ရုံဆောက်လုပ်ပေးမည်ဟု ပြည်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကပြောသည်။

“ပြန် ကြားရေးဝန်ကြီးဌာနအနေနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာရှိတဲ့ ပြည်သူ့ရုပ်ရှင်ရုံဟောင်းနေရာကို ကွင်းဆင်းလေ့လာနေတယ် ၊ ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး လိုအပ်သလို ဆက်လက်လုပ်ဆောင်မယ်”ဟု ဒေါက်တာဖေမြင့်ကပြောသည်။

မေလ ၃၁ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်၆မှ ဒေါ်လွီးဇာမေးမြန်းသော ကယားပြည်နယ် လွိုင်ကော်မြို့တွင် အဆင့်မြင့် ရုပ်ရှင်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိမေးခွန်းကို အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“အရင်တုန်းက ရုပ်ရှင်တွေက လူစိတ်မဝင်စားကြဘူး ၊ အခု လူတွေစိတ်ဝင်စားလာတော့ ဖွင့်ပေးဖို့တောင်းဆိုလာတာ ၊ တောင်းဆို လာရင်တော့လုပ်ပေးမှာပါ”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ပေါ်ပြူလာနယူးစ်သို့ဖြေကြားခဲ့သည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*