ဖိလစ်ပိုင် နိုင်ငံကို ဆန်တင်ပို့ရန်အတွက်တင်ဒါဝင်ပြိုင်ခဲ့သော်လည်း ဈေးနှုန်းကြောင့်ရှုံးနိမ့်ခဲ့

ဖိလစ်ပိုင် နိုင်ငံကို ဆန်တင်ပို့ရန်အတွက်တင်ဒါဝင်ပြိုင်ခဲ့သော်လည်း ဈေးနှုန်းကြောင့်ရှုံးနိမ့်ခဲ့
August 22, 2017 Fame Asian

1:33 pm
ဖိလစ်ပိုင် နိုင်ငံကို ဆန်တင်ပို့ရန်အတွက်တင်ဒါဝင်ပြိုင်ခဲ့သော်လည်း ဈေးနှုန်းကြောင့်ရှုံးနိမ့်ခဲ့

20914704_1810184385909202_524956955102030474_n

နေပြည်တော် သြဂုတ် ၂၂

ပြည်တွင်းမှ ဆန်များကို ဖိလစ်ပိုင် သီရိလင်္ကာနှင့်ဘင်္ဂလားဒေရှ့် နိုင်ငံများက ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ဆန်တင်ပို့နိုင်ရန်အတွက် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဈေးနှုန်းအနည်းငယ်မြင့်မားနေသည့်အတွက်ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က “တင်ဒါမှာ တင်တဲ့ဈေးက နဲနဲများလို့ ရှုံးသွားတာပါ၊ဈေးများတယ်ဆိုတာကလည်း အခုတင်ဒါ တင်တဲ့အချိန်နဲ့အမှန်တကယ်တင်ပို့မယ့်အချိန်ဆန်ပေါက်ဈေးကိုထည့်တွက်လိုက်လို့ပါ၊ဒါကြောင့်တင်ဒါမအောင်တာပါ”ဟုဆိုသည်။

ပထမအဆင့် (၁၅)နိုင်ငံစကာတင် အောင်မြင်ခဲ့သော်လည်း (၆)နိုင်ငံပြန်လည်ရွေးချယ်သည့် အဆင့်တွင် မအောင်မြင်ရခြင်းဖြစ်ကြောင်းသိရသည်။ဖိလစ်ပိုင်နိုင်ငံအနေနှင့် ယခုနှစ်တွင်ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှဆန်ကိုဝယ်ယူရန်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဆန်အရည်အသွေးအလိုက်ဈေးနှုန်းတင်ဒါကို တင်ခဲ့တာဖြစ်ပြီး ပြည်တွင်းကုန်သည်များဖက်ကလည်း အမှန်တကယ် တင်ပို့ရောင်းချနိုင်သည့်ဈေးတစ်ခုကို ပေးခဲ့ခြင်းဖြစ်သည်။လက်ရှိပြည်တွင်းပေါက်ဈေးဖြင့် ရောင်းချနိုင်သော်လည်း ဆန်တင်ပို့ချိန်တွင် ဖြစ်လာမည့်ဈေးနှုန်းကို ချိန်ဆပြီး တင်ဒါဈေးကိုသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံမှဆန်တန်ချိန်(၃)သိန်းဝယ်ယူရန်ကမ်းလှမ်းထားပြီးသီရိလင်္ကာနိုင်ငံမှ ဆန်တန်ချိန်(၅)သိန်းကို ယခုနှစ်အတွင်းဝယ်ယူရန်ကမ်းလှမ်းထားသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*