မုန်တိုင်းအခြေအနေ စိတ်ချရမှသာ ရခိုင်ရေကြောင်းခရီးများ ပြန်လည်ပြေးဆွဲမည်

မုန်တိုင်းအခြေအနေ စိတ်ချရမှသာ ရခိုင်ရေကြောင်းခရီးများ ပြန်လည်ပြေးဆွဲမည်
May 31, 2017 Asian Fame

12:43 pm
မုန်တိုင်းအခြေအနေ စိတ်ချရမှသာ ရခိုင်ရေကြောင်းခရီးများ ပြန်လည်ပြေးဆွဲမည်

Mora1

အိမ်စည်
ရန်ကုန်၊ မေ ၃ဝ

ဆိုင်ကလုန်းမုန်တိုင်း မိုရာ ကြောင့် ခတ္တရပ်ဆိုင်းထားသည့်ရခိုင်ပြည်နယ်မှ ရေကြောင်းခရီးစဉ် များကို မုန်တိုင်းအခြေအနေ စိတ် ချရမှသာ ပြန်လည်ပြေးဆွဲစေမည် ဟု ပြည်တွင်းရေကြောင်းပို့ဆောင် ရေးဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ဦးပြည်ငြိမ်းက ပြောသည်။ ရခိုင်ပြည်နယ်အတွင်း၌ ပြည် တွင်း ရေကြောင်းပို့ဆောင်ရေးဌာန မှ ပြေးဆွဲပေးနေသည့် စစ်တွေ-ဘူး သီးတောင်၊ စစ်တွေ-တောင်ကုတ် ခရီးစဉ်များကို မေ ၂၉ ရက်မှစတင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

”သင်္ဘောလိုင်းတွေ အားလုံးကိုတော့ တနင်္လာနေ့ မနက်ကတည်း ကရပ်ထားပါတယ်။ မုန်တိုင်းပြီးရင် တော့ ပြန်ပြီးဆွဲပေးသွားမှာပါ။ အ ခုကတော့ ရေယာဉ်တွေက ရပ်ထားတဲ့အတွက် ထိခိုက်ပျက်စီးမှု မရှိပါဘူး။ ခရီးသည်တွေ အဆင် ပြေအောင်လို့ အားလုံးဝိုင်းဝန်း ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောသည်။ စစ်တွေ- ဘူးသီးတောင်ခရီးစဉ်ကို ပုံမှန်အားဖြင့် တစ်ပတ်လျှင် (၃) ကြိမ် ပြေးဆွဲပေးပြီး စစ်တွေ- တောင်ကုတ်ခရီးစဉ်ကို တစ်ပတ် (၂) ကြိမ် ပုံမှန်ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

မေလ ၃ဝ ရက်မွန်းလွဲ ၁ နာ ရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း တွင်ဖြစ်ပေါ်နေသော အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း ‘မိုရာ'(SevereCyclonic Storm “Mora”) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ ကို စစ်တကောင်းမြို့နှင့် ကော့ဘဇား မြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ ခြင်းဖြစ်ပြီး အဆိုပါမုန်တိုင်းအရှိန် ကြောင့်ရခိုင်ပြည်နယ်စစ်တွေ၊ ကျောက်တော်အပါအဝင်မြို့နယ်အချို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ မုန်တိုင်း၏ အရှိန် ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင် သဖြင့် ကုန်းမြင့်ဒေသအနီးတွင်နထိုင်ကြသူများသည် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေ ထိုင်ကြသူများသည် ရေကြီး၊ ရေလျှံမှုများ အန္တရာယ်ကိုလည်းကောင်း သတိပြုကြရန်နှင့် ပြည်တွင်းလေ ကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများသတိပြုရှောင်ရှားကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*