မအူပင် NLD ဥက္ကဋ္ဌ နှင့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး တို့ကို လိမ်လည်မှု၊ အသရေဖျက်မှု တို့ဖြင့် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တိုင်ကြားထား

မအူပင် NLD ဥက္ကဋ္ဌ နှင့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး တို့ကို လိမ်လည်မှု၊ အသရေဖျက်မှု တို့ဖြင့် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တိုင်ကြားထား
October 26, 2016 Asian Fame

8:30 am
မအူပင် NLD ဥက္ကဋ္ဌ နှင့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး တို့ကို လိမ်လည်မှု၊ အသရေဖျက်မှု တို့ဖြင့် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တိုင်ကြားထား
In Cover News, Local

မအူပင် NLD ဥက္ကဋ္ဌ နှင့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး တို့ကို လိမ်လည်မှု၊ အသရေ ဖျက်မှု တို့ဖြင့် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တိုင်ကြားထား

(မအူပင်၊ အောက်တိုဘာ ၂၅)

မအူပင် အမှတ် (၂)တိုင်းလွှတ် တော် ကိုယ်စားလှယ် အပါအဝင် မအူပင် NLD ဥက္ကဋ္ဌနှင့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး တို့ကို လိမ်လည် မှု၊ အသရေဖျက်မှုတို့ဖြင့် မအူပင် NLD ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်က ဒေသရဲစခန်းတွင် အောက်တို ဘာ၂၁ရက်နေ့က အမှုဖွင့် တိုင်ကြား ထားသည်ဟု သတင်းရရှိသည်။

အောက်တိုဘာလ ၂၁ ရက် နေ့က မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက အမှု ဖွင့် အရေးယူပေးပါရန် တိုင်တန်း လာမှုကို မအူပင် မြို့မရဲစခန်းက အမှု လက်ခံထားပြီး၊ အောက်တို ဘာလ ၂၂ ရက်နေ့ တွင် ပ/၄၄ဝ/ ၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၄၂ဝ/ ၅ဝဝ တို့ဖြင့် အမှုဖွင့်ပေးခဲ့သည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသိန်းနိုင် အေးက ပြောသည်။

”အမှုဖွင့် ခံထားရသူထဲမှာ လွှတ်တော် ကိုယ်စားလှယ်လည်း ပါပါတယ်။ ဒီတော့ ကျွန်တော်တို့ က လွှတ်တော် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းတွေ နဲ့လုပ်ရတာ တွေရှိပါတယ်။ ဒီတော့ ကျွန်တော် တို့ ပြောနိုင်တာက စစ်ဆေးနေဆဲ ပါ”ဟု ၄င်းက Popular News ကို ပြောသည်။

အမှုဖွင့် ခံထားရသည့် မအူပင် အမှတ်(၂) တိုင်း လွှတ်တော်ကိုယ် စားလှယ် အပါအဝင် ၄ ဦးထဲတွင် ဧရာဝတီတိုင်း NLD ပါတီမှအလုပ် အမှုဆောင် တစ်ဦးလည်း ပါဝင်ပြီး စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဆို သူသည် အော့ချက်(ဒ်) ကုမ္ပဏီ အ ကြီးအကဲ ဒေါက်တာ မြင့်စိန်ဖြစ် သည်ဟု တရားလို တိုင်တန်းထားမှု တို့အရ သိရသည်။

အမှုဖွင့်ထားသူ ဦးစိန်ဝင်းက ”အော့ချက်(ဒ်) ကုမ္ပဏီ ဒေါက်တာ မြင့်စိန်ကို တရားစွဲဆိုထားတာပါ။ သက်ကိုလေး (မအူပင် အမှတ် -၂ တိုင်း လွှတ်တော် ကိုယ်စားလှယ်) ကတော့ ပါဝင် ပတ်သက်နေတဲ့ အတွက် အမှုဖွင့် ခဲ့ရတာဖြစ်ပါတယ်။ အန်ကယ်က ပြည်ထောင်စုလွှတ် တော် ကိုယ်စားလှယ် တစ်ယောက် ဖြစ်တယ်။ အန်ကယ့်ဘက် က စကားတွေက တရားဥပဒေ အရ ပြောရရင် တရားရုံးက မဆုံးဖြတ် မချင်း ဘယ်သူ မှားတယ် မှန်တယ် ဆိုတာ ပြောဖို့ မသင့်လို့ပါ။ ဒါကို စောင့်ထိန်းတဲ့ အနေနဲ့ မပြောရ ခြင်းပါ။ တစ်ချိန်ကျရင် ပြောမှာပါ။ တရားရုံးက ဆုံးဖြတ်ပြီးရင် အန် ကယ်လည်း ရဲရဲ ဝံ့ဝံ့ပြောမှာပါ”ဟု အမှုဖွင့်ရသည့် အကြောင်းကို ရှင်းပြသည်။

သို့သော်လည်း ၄င်းနှင့်ရဲစခန်း က အမှုဖြစ်စဉ် အတိအကျကို ထုတ်ဖော်မပြောဘဲ အချိန်တန်လျှင် အဖြစ်မှန် စုံစမ်းပြီးမှသာ ပြောနိုင်မည် ဟု အသီးသီး ဖြေကြားကြသည်။

မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ”အ ချက် အလက်တွေက တရားစွဲဆိုဖို့ အထိ ဖြစ်လာတဲ့ အတွက် တရားစွဲ ဆိုရတာပါ။ တရားရုံး အပေါ်မတင် နိုင်သေးခင်မှာ အမှုမစစ် နိုင်သေး ခင်မှာ မပြောလိုပါဘူး။ တရားရုံး တစ်ချိန်း နှစ်ချိန်းလောက်ပြီးရင် တော့ ဘာအမှု နဲ့ဆိုတယ် ဆိုတာ ပြည်သူလူထုကို အမှန်အတိုင်း ပြောပြမှာပါ။ တရားရုံးက ဘယ် ပုဒ်မ ဘယ်ပုဒ်မ နဲ့ ဖြစ်သင့်တယ် ဆိုတာ မသိရမချင်း ပြောလို့မရ သေးလို့ပါ။ အော့ချက်(ဒ်) ဒေါက်တာမြင့်စိန်။ သူကတော့ ပိုင်ရှင် ပေါ့။ အန်ကယ့်ရဲ့ လက်မှတ် အတု တွေနဲ့ အောက်မှာ တောင်သူလယ် သမားနဲ့ NLD ကြား၊ ကိုယ်စား လှယ်ကြား ထင်ယောင်ထင်မှား တွေဖြစ်အောင် လုပ်ကြံပြီး အောက် ခြေမှာ ဝေဖြန့်ထားလို့ပါ။ ရဲစခန်း မှာ တိုင်တာက ၂၁ ရက်နေ့ပါ။၂၂ ရက်နေ့မှာ လက်ခံပြီးတော့ ပုဒ်မ ချပေးပါတယ်။ ရဲကပုဒ်မက ပဏာမ ယာယီ စုံစမ်းစစ်ဆေးဖို့ လောက်ပဲ တပ်ထားတာမို့ပါ။ အတည် ယူလို့ မရသေးပါဘူး”ဟု ဆက် ပြောသည်။

အမှုဖွင့် ခံထားရသည့် မအူပင် အမှတ်(၂) တိုင်း လွှတ်တော်ကိုယ် စားလှယ် ဦးသက်ကိုလေးထံ Popular News က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာ မရခဲ့ ၍ ၄င်း၏ ပြောကြားမှုကို ဖော်ပြ နိုင်ခြင်းမရှိပါ။ ထို့အတူ ငါးမွေး မြူရေး လုပ်ငန်း လုပ်ကိုင်သည့် အော့ချက်(ဒ်) ကုမ္ပဏီထံ သို့ လည်း အဆက်အသွယ် လုပ်၍ မရခဲ့ပါ။

ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၂၆ ရက်နေ့က ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာ အုပ်စုရှိ ပလောင် ရွာတွင် အော့ချက်(ဒ်) ကုမ္ပဏီနှင့် ရွာသားတို့ မြေပိုင်ဆိုင်မှု အငြင်း ပွားမှုဖြစ်ခဲ့ရာမှ တစ်ဆင့် ရဲများက ဝင် ဖြေရှင်းပေးခဲ့ရာ ရွာသား ၂၆ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်သား တစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ် ခဲ့ဖူးသည်။ ယခု အမှုဖွင့်ခံထားရ မှုသည် ထိုမြေပေါ်တွင် ရှိနေသည့် ရွာသား တို့ကို နှင်ထုတ်စေလို သောကိစ္စနှင့် ဆက်စပ်နိုင်ကြောင်း အချို့က သုံးသပ်နေကြသည်။

ဧရာဝတီတိုင်း လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစံမင်းအောင်က ”ကျွန်တော်တို့ရဲ့ လွှတ်တော်ကိုယ် စားလှယ် အမှုဖွင့် ခံထားရတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက် က အမှုဖွင့် ခံထားရတဲ့သူကို ဆက် သွယ်မေးမြန်းပါတယ်။ သူကလည်း အမှုဖွင့် ခံထားရတာ ဟုတ်ပါတယ် လို့ ဖြေထားပါတယ်။ အသေးစိတ် ကို သူ့ကို မေးထားပါတယ်။ သူ့ထံ ကနေ စာနဲ့ တရားဝင် ခုထိတက် လာတာမျိုးတော့ မရှိသေးပါဘူး”ဟု ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*