နိုင်ငံတော်သမ္မတသစ်အနေနဲ့ တောင်သူတွေနစ်နာဆုံးရှုံးခဲ့ရတဲ့မြေယာတွေကို အမြန်ဆုံးပြန်ပေးဖို့ ဆောင်ရွက်သင့်ဟုဆို

နိုင်ငံတော်သမ္မတသစ်အနေနဲ့ တောင်သူတွေနစ်နာဆုံးရှုံးခဲ့ရတဲ့မြေယာတွေကို အမြန်ဆုံးပြန်ပေးဖို့ ဆောင်ရွက်သင့်ဟုဆို
April 19, 2018 Asian Fame

5:32 pm
နိုင်ငံတော်သမ္မတသစ်အနေနဲ့ တောင်သူတွေနစ်နာဆုံးရှုံးခဲ့ရတဲ့မြေယာတွေကို အမြန်ဆုံးပြန်ပေးဖို့ ဆောင်ရွက်သင့်ဟုဆို

FB_IMG_1524135391961

FB_IMG_1524135389332မန္တလေး၊ ဧပြီ ၁၉

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်စဉ်ကတည်းက တောင်သူတွေရဲ့အခက်အခဲပြဿ နာအပေါ် နားလည်သိရှိပြီးဖြစ်တဲ့ နိုင်ငံတော်သမ္မတသစ်အနေနဲ့ သမ္မတအဖြစ် တာဝန်ယူနေစဉ်အတွင်း တောင်သူတွေနစ်နာဆုံးရှုံးခဲ့ရတဲ့မြေယာတွေကို အမြန်ဆုံးပြန်ပေးဖို့ ဆောင်ရွက်သင့်တယ်လို့ မန္တလေးမြို့မှာ ဒီနေ့ကျင်းပပြုလုပ်တဲ့ “မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအလုပ်သမားများမှ နှစ်သစ်ကူးမင်္ဂလာအဖြစ် သမ္မတကြီးဦးဝင်းမြင့် အားကြိုဆိုပွဲ”အခမ်းအနားမှတစ်ဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာ(တံခွန်)တောင်သူလယ်သမားရေးရာအဖွဲ့ချုပ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“တောင်သူတွေနစ်နာဆုံးရှုံးမှု အခက်အခဲတွေ အပေါ် သမ္မတကြီးအနေနဲ့ အရင်လွှတ်တော်ဥက္ကဌအဖြစ်တာဝန်ယူစဉ်ကတည်းက သိပြီးသား ပါ၊ သဘောပေါက်နားလည်ပြီးသားဖြစ်တဲ့အပေါ် မှာ သိမ်းဆည်းခံလယ်ယာတွေကို အမြန်ဆုံး ပြန်ပေးသင့်တယ်လို့ပြောချင်ပါတယ်၊ ပြန်ပေးတဲ့ နေရာမှာလည်း လုပ်ငန်းရှင်တွေနဲ့တောင်သူတွေဖြစ်နေကြတဲ့ပြဿ နာအပေါ် သေသေချာချာ စစ်ဆေးဆောင်ရွက်ပေးစေချင်တာပါ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ(တံခွန်)တောင်သူလယ်သမားရေးရာအဖွဲ့ချုပ် ဥက္ကဌဦးကိုကြီးကပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ တို့မှ တောင်သူလယ်သမားတွေ အလုပ်သမား တွေစုစည်းမှုနဲ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံတက္ကသိုလ်လမ်း မြန်မာနိုင်ငံ လုံးဆိုင်ရာ(တံခွန်)တောင်သူလယ်သမားရေးရာ အဖွဲ့ချုပ်ရုံး စည်းဝေးခန်းမမှာ ဒီနေ့မနက် ၁၁ နာရီက နှစ်သစ်မင်္ဂလာအဖြစ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အားကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်တာမှာ တောင်သူလယ်သမားများကိုယ်စား ၄င်းကတိုက်တွန်းပြောဆိုလိုက်တာပါ။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေနဲ့ ပြည်သူ့လွှတ် တော်ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့စဉ် တစ်လျှောက်လုံး တောင်သူလယ်သမားတွေရဲ့အခက်အခဲတွေအပေါ် နားလည်ပြီး ဖြစ်သလို နှစ်သစ်ကူးမိန့်ခွန်းမှာလည်း တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေဆုံးရှုံးနစ်နာနေရမှုအပေါ် ကရုဏာတရားကြီးမားစွာနဲ့ ထည့်သွင်းပြောဆိုသွားတာကြောင့် ၄င်းလက်ထက် လယ်ယာဆုံးရှုံးမှုတွေ ပြန်ရနိုင်ဖို့မျှော်လင့်နေကြတယ်လို့ တက်ရောက်လာတဲ့တောင်သူလယ်သမားကိုယ်စားလှယ်တွေက ဆိုပါတယ်။

“မြေယာပြဿ နာဆိုတာက အစိုးရအဆက်ဆက်ကရှုပ်ထွေးလာတဲ့ပြဿ နာပါ၊ လုပ်ငန်းရှင်တွေနဲ့မမှန်မကန်လုပ်ပြီးတော့ တောင်သူတွေရဲ့မြေယာတွေကို ဥပဒေမဲ့သိမ်းဆည်းခဲ့တယ်ဆိုတာကိုလည်း သဘောပေါက်ထားပြီးဖြစ်မှာပါ၊ လုပ်ငန်းရှင်အလိုကျ တောင်သူတွေကို မြေသိမ်းတာ ဖမ်းဆီးတရားစွဲထောင်ချတာတွေအပြင် တောင်သူတွေအရေးကူညီကြသူတွေကိုလည်း ဖမ်းဆီးချုပ်နှောင်တာတွေရှိနေတုန်းပါပဲ ဒါကို စိစစ်ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုပါတယ်” လို့လည်း ၄င်းကပြောပါတယ်။

ဒီနေ့အခမ်းအနားမှာ နယ်ပယ်အသီးသီးက တက်ရောက်လာတဲ့တောင်သူလယ်သမားကိုယ် စားလှယ်တွေက ၄င်းတို့ရဲ့ဆုံးရှုံးနစ်နာမှုတွေ အပေါ် တင်ပြပြောဆိုသွားခဲ့ကြပြီး ၄င်းတို့အနေနဲ့ သမ္မတသစ်အပေါ် ကြိုဆိုသလို ၄င်းတို့ရဲ့ အကြပ်အတည်းအခက်အခဲတွေအပေါ်လည်း သမ္မတသစ်က တာဝန်ယူဖြေရှင်းပေးလိမ့်မယ်လို့ ယုံကြည်မျှော်လင့်နေကြကြောင်း ဆွေးနွေးပြောဆိုသွားခဲ့ကြပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*