အားလုံးပါဝင်နိုင်သော ဒီဂျစ်တယ်ဘဏ္ဍာရေး ၀န်ဆောင်မှုများအတွက် Huawei နှင့် KBZ အတူလက်တွဲဆောင်ရွက်တော့မည်

အားလုံးပါဝင်နိုင်သော ဒီဂျစ်တယ်ဘဏ္ဍာရေး ၀န်ဆောင်မှုများအတွက် Huawei နှင့် KBZ အတူလက်တွဲဆောင်ရွက်တော့မည်
March 20, 2018 Fame Asian

5:37 pm
အားလုံးပါဝင်နိုင်သော ဒီဂျစ်တယ်ဘဏ္ဍာရေး ၀န်ဆောင်မှုများအတွက် Huawei နှင့် KBZ အတူလက်တွဲဆောင်ရွက်တော့မည်

29386758_1730467133663911_2565113404435988480_n

ရန်ကုန်၊ မတ် ၂၀

ကမ္ဘောဇဘဏ်သည်အားလုံးပါဝင်နိုင်သော ဒီဂျစ်တယ် ဘဏ္ဍာရေး ဂေဟစနစ် တည်ဆောက်နိုင်ရန်အတွက် Huawei နှင့်သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံသားများအနေဖြင့် ဘဏ္ဍာရေးစနစ်ကို ပိုမိုအသုံးပြုခွင့်ရရှိလာပြီး ထိုမှတစ်ဆင့် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝများ ရရှိနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံရှိန်းကျိန့်မြို့ (Shenzhen) ရှိ Huawei အပြည်ပြည်ဆိုင်ရာဌာနချုပ်တွင်အဖွဲ့အစည်းနှစ်ခုတို့၏ပူးပေါင်းဆောင်ရွက်သည့်ကြေငြာချက်ကိုကမ္ဘောဇဘဏ်၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mike DeNoma မှထုတ်ပြန်ခဲ့သည်။

“ ဘဏ်အကောင့်ရှိပြီးအသုံးပြုနေတဲ့ပြည်သူများဟာမြန်မာနိုင်ငံလူဦးရေရဲ့၁၀ရာခိုင်နှုန်း၊လျှပ်စစ်မီးရရှိအသုံးပြုနိုင်တာက၃၀ရာခိုင်နှုန်းပဲရှိပေမယ့်၉၀ရာခိုင်နှုန်းသောပြည်သူများမှာစမတ်ဖုန်းကိုယ်စီရှိကြပါတယ်။ကျွန်တော်တို့ရဲ့အိပ်မက်ကတော့၁၀ နှစ်အတွင်းစမတ်ဖုန်းအသုံးပြုပြီး ပြည်သူများ ရာနှုန်းပြည့်ပါဝင်နိုင်တဲ့ဘဏ္ဍာရေးစနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ပဲဖြစ်ပါတယ်။ပြည်သူများအတွက် အကျိုးရှိစေမယ့် အားလုံးပါဝင်နိုင်တဲ့ ဒီဂျစ်တယ်ဘဏ္ဍာရေး ဂေဟစနစ်ကို အကောင်အထည်ဖော်ဖို့ Huawei ကို Technology Partner အနေနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်”ဟု Mike DeNoma မှပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံဟာအပြောင်းအလဲေ တွအများကြီးကို ဖြတ်သန်းနေရပြီးအဲ့ဒီအပြောင်းအလဲတွေဟာလည်းစိတ်လှုပ်ရှားစရာအခွင့်အရေးတွေ အများကြီးရရှိနေပါတယ်။ ပြည်သူများအားလုံး အလွယ်တကူအသုံးပြုနိုင်မယ့် ပိုမိုကောင်းမွန်တဲ့ဘဏ်စနစ်မှတစ်ဆင့်မြန်မာနိုင်ငံသားအားလုံးရဲ့လူနေမှုအဆင့်အတန်းတွေမြင့်တက်လာစေမယ့်အရေးကြီးတဲ့ အပြောင်းအလဲတစ်ခု ဖြစ်တာကြောင့် ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံဟာ ကောင်းမွန်ပြည့်စုံတဲ့ဘဏ်တစ်ခုရရှိဖို့ထိုက်တန်ပြီးအဲ့ဒီလိုဘဏ်မျိုးဖြစ်လာဖို့အတွက်လည်းကျွန်တော်တို့ကြိုးစားနေပါတယ်။” ဟု ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်းက ပြောကြားခဲ့သည်။

Huawei Myanmar ၏ CEO Mr.Zhang Liman က “မြန်မာနိုင်ငံဟာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး နယ်ပယ်ကဏ္ဍမျိုးစုံ ဖွံ့ဖြိုးတိုးတက်လာဖို့ အလားအလာများစွားရှိနေပါတယ်။ မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ဒီဂျစ်တယ် ပြုပြင်ပြောင်းလဲမှုများဖြင့် ဦးဆောင်ကဏ္ဍမှ ဆောင်ရွက်ပေးနိုင်ဖို့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပုဂ္ဂလိကဘဏ်ကြီးဖြစ်တဲ့ ကမ္ဘောဇဘဏ်က အမြဲ စိတ်အားထက်သန်နေပါတယ်။ ကျွန်တော်တို့ရဲ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်သော ဘဏ္ဍာရေးစနစ် ဖြစ်ထွန်းလာမှုကို အရှိန်မြင့်ပေးမယ်လို့ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ တီထွင်ဆန်းသစ်မှုများနဲ့ ဘဏ္ဍာရေးနည်းပညာသစ်များဟာ ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ လူနေမှုဘ၀သာမက နိုင်ငံရဲ့ ဒီဂျစ်တယ်စီပွားရေးကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ” ဟုပြောကြားခဲ့ပါသည်။

ကမ္ဘာ့ထိပ်တန်းနည်းပညာ ကုမ္ပဏီ ဖြစ်သည့် Huawei ၏ အားသာချက်များဖြစ်သော သုတေသနနှင့် ဖွံ့ဖြိုးမှု၊ ခေတ်မီနည်းပညာများမှတဆင့် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက်ပိုမိုကောင်းမွန်သည့်တန်ဖိုးများ ရရှိလာစေရန် ကမ္ဘောဇဘဏ်မှမျှော်လင့်ထားပါသည်။ “ကမ္ဘာပေါ်မှာစီမံခန့်ခွဲမှုအကောင်းဆုံးဘဏ်တစ်ခုဖြစ်လာဖို့အတွက်ကမ္ဘာ့အဆင့်မိတ်ဖက်တွေရှာဖွေ ပူးပေါင်းဆောင်ရွက်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဏ်လုပ်ငန်း အတွေ့အကြုံများ နဲ့အတူ ပြည်သူများကို အကျိုးပြုနိုင်ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကိုကူညီဖြည့်ဆည်းပေးနိုင်မယ့်မိုဘိုင်းနည်းပညာ ဝန်ဆောင်မှုတွေပေးရာမှာကမ္ဘာ့ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei နဲ့အတူပူးပေါင်း လုပ်ဆောင်ခွင့်ရတဲ့အတွက်လည်းအလွန်ပဲဝမ်းသာမိပါတယ်” ဟု Mike မှထပ်လောင်းပြောကြားခဲ့ပါသေးသည်။

PN
Source – KBZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*