တံတား ၂ စင်းဖျက်ဆီးခံရပြီး ဆက်သွယ်ရေးပြတ်တောက်နေတဲ့ ပူတာအိုလမ်းပိုင်း တစ်ဝက်ကျော် ပြန်ပွင့်ပြီဟုဆို

တံတား ၂ စင်းဖျက်ဆီးခံရပြီး ဆက်သွယ်ရေးပြတ်တောက်နေတဲ့ ပူတာအိုလမ်းပိုင်း တစ်ဝက်ကျော် ပြန်ပွင့်ပြီဟုဆို
March 8, 2018 AsianFame MediaGroup

12:34 pm
တံတား ၂ စင်းဖျက်ဆီးခံရပြီး ဆက်သွယ်ရေးပြတ်တောက်နေတဲ့ ပူတာအိုလမ်းပိုင်း တစ်ဝက်ကျော် ပြန်ပွင့်ပြီဟုဆို

28951037_1716483831728908_5097949420496749199_n

ပူတာအို ၊ မတ် ၈

တစ်လကျော်လောက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့တဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်း ဟာ ဒီကနေ့မှာတော့ ဆွမ်ပရာဘွမ်အထိ ပြန်လည်သွားလာလို့ရနေပြီလို့ ဒေသခံတွေထံကနေသိရပါတယ်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်ကြား ၊ ဆွမ်ပရာဘွမ်- ပူတာအိုကြား မှာရှိတဲ့ တံတား ၂ စင်းဟာ ပြီးခဲ့တဲ့ လအတွင်း ဖျက်ဆီးခံရလို့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားခဲ့ရတာလည်းဖြစ်ပါတယ်။

ပူတာအိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေက “မနေ့ညက တပ်ယာဉ်တန်းတက်သွားတယ်ပြောတယ်။ အရပ်သားကားနဲ့ကုန်ကား ၁၈ စီးလောက်လည်း တပ်ယာဉ်တန်းနဲ့ ပါသွားတယ်ပြောတယ်။ လမ်းကပြန်သွားလာလို့ရပြီလို့ ပြောလို့ရပါတယ်။ ဆွမ်ပရာဘွမ်မှာ မနေ့ညက ဆီတင်တဲ့ကား တွေရောက်တယ်ပြောတယ်” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ဆွမ်ပရာဘွမ်မှာ နေထိုင်နေတဲ့ ဒေသခံတစ်ဦးဖြစ်သူ ဦးဇော်အောင်က ဆွမ်ပရာဘွမ်အထိ သွားလာလို့ရပြီဖြစ်ပေမယ့် ပူတာအိုအထိတော့ သွားလာလို့မရသေးကြောင်း ပြောပါတယ်။

“ဟုတ်တယ်။ မနေ့က ဒီဇယ်တင်တဲ့ကား ၅ စီးရောက်လာတယ်။ ဒါပေမဲ့ ပူတာအိုအထိမသွားသေးဘူးတဲ့။ အဲ့ဒါက ဆွမ်ပရာဘွမ်နဲ့ ပူတာအိုကြားမှာ လမ်းပြင်နေတဲ့ ဆောက်လုပ်ရေးနေရာအထိပဲ သွားမှာလို့သိရပါတယ်။ ဒီကနေဆို မိုင် ၂၀ လောက်ဝေးတယ်။ တစ်ခြား ဒေသခံတွေအတွက် ကုန်တင်ကားတွေ ဘာတွေတော့ မရောက်လာသေးဘူး။ ဒါပေမဲ့ မနေ့က တပ်မတော်ယာဉ်တန်းနဲ့အတူ ကုန်ကားတွေ လိုက်တက်လာပြီလို့တော့ကြားတယ်” လို့ သူကဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်သွားတာ တစ်လကျော်ကြာပြီဖြစ်တဲ့ ပူတာအို မှာ ဒီကနေ့ ရဲ့ ဓာတ်ဆီတစ်ပုလင်းပေါက်ဈေးကတော့ ၈ ထောင်နဲ့ တစ်ဂါလံကို ၄၈၀၀၀ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တပ်မတော် လေယာဉ်နဲ့ ပူတာအိုကို ဆန်၊ စားသုံးဆီ၊ ရိက္ခာအချို့ရောက်ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ စက်သုံးဆီတော့ မလာသေးကြောင်း ပူတာအိုဒေသခံတွေကဆိုပါတယ်။

ပူတာအိုဒေသခံ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်ခမ်းက “ကုန်ကားတွေတက်လာတယ်တော့သတင်းကြားတယ်။ ဒါပေမဲ့ ပူတာအိုကိုတော့တစ်စီးမှ မရောက်လာသေးဘူး။ ဓာတ်ဆီကတော့ဈေးကြီးနေတုန်းပဲ” လို့ ပြောပါတယ်။

အထက်ပါကိစ္စတွေနဲ့ပတ်သတ်ပြီး အကြောင်းအရာအတိအကျသိရှိရဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးတွေနဲ့ ပြည်နယ်အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ တွေကို ပေါ်ပြူလာနယူးစ်က တစ်ယောက်ချင်းစီဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ခြင်းမရှိခဲ့ပါဘူး။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*