တနိုင်းမြို့နယ်၊ တရုံရွာသား ၂၀ ကျော်ကို KIA ခေါ်ဆောင်သွား

တနိုင်းမြို့နယ်၊ တရုံရွာသား ၂၀ ကျော်ကို KIA ခေါ်ဆောင်သွား
March 5, 2018 Fame Asian

11:18 am
တနိုင်းမြို့နယ်၊ တရုံရွာသား ၂၀ ကျော်ကို KIA ခေါ်ဆောင်သွား
1

ပုံစာ – တနိုင်း-ရှင်ဘွေယန် လမ်းပိုင်းတစ်နေရာ

တနိုင်း၊ မတ် ၅

ကချင်ပြည်နယ် ၊ တနိင်းမြို့နယ်၊ တရုံရွာက ရွာသား ၂၀ ကျော်ကို မတ်လ ၄ ရက်နေ့ KIA ကခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စုစုပေါင်း ၂၁ ဦးလို့ ဒေသခံတွေထံကနေ ပေါ်ပြူလာနယူးစ်က စုံစမ်းသိရှိရပေမယ့် အရေအတွက်အတိအကျကိုတော့ စုံစမ်းဆဲဖြစ်ကြောင်း တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဇော်ဝင်းက ပြောပါတယ်။

အင်အားဖြည့်တင်းဖို့သဘောနဲ့လာရောက်ခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်း ဒေသခံတွေကသုံးသပ်နေကြပါတယ်။

“ကျွန်တော် စုံစမ်းကြည့်တာတော့ လူသစ်တွေ့ပဲခေါ်သွားတာ။ လူဟောင်းတွေမပါသွားဘူး” လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဆိုပါတယ်။

ခေါ်ဆောင်သွားခြင်းခံရတဲ့ အထဲမှာ ဒေသခံတွေက ခန့်အပ်ထားတဲ့ ကျောင်းဆရာတစ်ဦး နဲ့ ဆယ်အိမ်မှူး ၄ ဦး လည်းပါကြောင်း တရုံကျေးရွာ ရပ်ကွက်(၁/၂/၃/၄/၅) မှာနေထိုင်ကြတဲ့ ကချင်လူမျိုးအများစုတွေဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်နေ့ ညသန်းခေါင်အချိန်က အဆိုပါ တရုံကျေးရွာတစ်ဝှိုက်မှာ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိခဲ့ပါသေးတယ်။

လက်ရှိ တနိုင်းဒေသမှာဆိုရင် KIA ရင်း ၁၄ လှုပ်ရှားပြီး တပ်မတော်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

အထက်ပါကိစ္စတွေနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိရဖို့ တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကို ပေါ်ပြူလာနယူးစ်ကဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*