ကြက်ဘဲဈေးကို ပြောင်းရွေ့ ဖို့ နေရာရှိပေမယ့် လောလောဆယ်မပြောင်းသေးဘူးလို့ တိုင်းအစိုးရဆို

ကြက်ဘဲဈေးကို ပြောင်းရွေ့ ဖို့ နေရာရှိပေမယ့် လောလောဆယ်မပြောင်းသေးဘူးလို့ တိုင်းအစိုးရဆို
March 6, 2018 AsianFame MediaGroup

3:03 pm
ကြက်ဘဲဈေးကို ပြောင်းရွေ့ ဖို့ နေရာရှိပေမယ့် လောလောဆယ်မပြောင်းသေးဘူးလို့ တိုင်းအစိုးရဆို

28685130_1714415171935774_7327429787189132559_n

ရန်ကုန် ၊ မတ် ၆

မင်္ဂလာတောင်ညွန့် မြို့ မှ ကြက်ဘဲဈေးကို ပြောင်းရွေ့ ဖို့ နေရာအဆင့်သင့်ရှိထားပေမယ့် လောလောဆယ်မပြောင်းသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဒီကနေ့ လွှတ်တော်မှာပြောပါတယ်။ လက်ရှိမှာ ဈေးကွက်လိုအပ်ချက်နဲ့ မကိုက်ညီတော့သလို အနံ့အသက်တွေကြောင့် ကျန်းမာရေးနဲ့ မကိုက်ညီတော့တဲ့အတွက် ဈေးကို ပြောင်းရွှေ့ ပေးဖို့ အစီအစဉ်ရှိမရှိ မင်္ဂလာတောင်ညွှန့်  မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဒီကနေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ မေးပါတယ်။ သူရဲ့ မေးမြန်းမှုကို မြို့တော်ဝန်ဦးမောင်မောင်စိုးက အခုလို ဖြေကြားခဲ့တာပါ။

”ဈေးသစ်တည်ဆောက်မယ့်နေရာက လူနေရပ်ကွက်နဲ့ လည်း အတော်အလှမ်းလည်းဝေးတဲ့အတွက် ဈေးရောင်းဈေးဝယ်တွေအနေနဲ့ လမ်းပန်းဆက်သွယ်မှုအခက်အခဲရှိတဲ့အတွက်ကြောင့် လောလောဆယ်ပြောင်းရွေ့ ဖို့ အစီအစဉ်လောလောဆယ်မရှိသေးသော်လည်း အနာဂါတ်မြို့ ပြဖွံ့ ဖြိုးမှုစီမံကိန်းများအတွက် စရိတ်နဲ့ အကျိုးကို စဉ်းစားပြီးတော့ ဆောင်ရွက်ဖို့ ရှိခဲ့လို့ ရှိရင် ရွေ့ ပြောင်းရန်အတွက် နေရာအသင့်ရှိပြီးသားဖြစ်ကြောင်းကို ပြန်ဖြေကြားလိုပါတယ်” လို့ မြို့ တော်ဝန်ဦးမောင်မောင်စိုးကပြောပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ဒုတိယအကြိမ်၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်(၁၀)ရက်မြောက်နေ့ မှာ မင်္ဂလာတောင်ညွှန့် မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်က မင်္ဂလာတောင်ညွှန့် မြို့ နယ်၊ ပုသိမ်ညွှန့် ရပ်ကွက်ရှိ ကြက်ဘဲဈေးကို အခြားသင့်တော်တဲ့နေရာကို အပြီးအပိုင်ပြောင်းရွေ့ ပေးရန် အစီိအစဉ်ရှိမရှိ” မေးခွန်းကိုမေးမြန်းခဲ့ပါတယ်။ရှိမယ်ဆိုရင်လည်း ဘယ်အချိန်စတင်အကောင်အထည်ဖော်မယ်ဆိုတာကိုသိလိုတယ်လို့ လည်းဆိုပါတယ်။

မြို့ တော်ဝန်ဦးမောင်မောင်စိုးက ”ကြက်ဘဲဈေးက ရန်ကုန်တိုင်းထဲက မြို့ နယ်များမှ ဈေးတွေထဲက လက်လီရောင်းချတဲ့ကြက်ဘဲဈေးသည်တွေလာဝယ်တဲ့ ဒိုင်ကြီးလည်းဖြစ်နေပါတယ်။ ဈေးသစ်တစ်ခုကို ရွေ့  ပြောင်းလို့ ရှိရင် ဈေးသစ်နဲ့ အတူပါသွားတာက စီးပွားရေးလုပ်ငန်းဆောင်တာာတွေပဲဖြစ်ပါတယ်။ အရောင်းအ၀ယ်တွေပါးရတဲ့ကြားထဲမှ ဈေးရွေ့ မယ်၊ စားဝတ်နေရေး မပြေလည်တဲ့ကြားထဲမှ ဈေးရွေ့  မယ်၊ ဈေးနှုန်းတွေကြီးတဲ့ကြားထဲမှာမှ တစ်ခါထပ် တစ်ပူဖြစ်မယ်” လို့ ဖြေကြားခဲ့ပါတယ်။

”ကျွန်တော်က ဈေးရောင်းချသူတွေရဲ့အကျိုးစီးပွားကို လစ်လျှူရှု့ တာမဟုတ်ပါဘူး ။ သို့ ပေမယ့် ယနေ့  အချိန်မှာ မြို့ ပြအခင်းအကျင်းနဲ့ ဘယ်လိုမှ မကိုက်ညီတော့တဲ့ နေရာဖြစ်တယ် ။ နောက်တစ်ချက်က ကျန်းမာရေးကိုလည်းအဓိက ချိန်းခြောက်နေတယ်။ ယာဉ်ကြောကြပ်တည်းမှု၊ ကလေးတွေရဲ့ပညာရေး ။ ဒါတွေကို ကျွန်တော်က စနစ်တကျလေ့လာစုံစမ်းပြီိးတော့မှ ဒီမေးခွန်းကိုမေးတာပါ” လို့ မေးခွန်းမေးမြန်းတဲ့ဦးရန်အောင်က ပြောပါတယ်။ ”ဒီအချိန်ဒီကာလမှာ ရွှေ့သင့်တယ်လို့ လည်း လုံးဝယုံကြည်မျှော်လင့်ထားပါတယ် အနီးပတ်ဝန်းကျင်မှ ပြည်သူကလည်းပြောင်းရွေ့ စေချင်တဲ့ဆန္ဒရှိပါတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။

မင်္ဂလာတောင်ညွှန့် မြို့ နယ်မှ ကြက်ဘဲဈေးကို ပြောင်းရွေ့ ဖို့ ဒဂုံမြို့ သစ်(ဆိပ်ကမ်း)မြို့ နယ်၊ ဆိပ်ကမ်းသာလမ်းနဲ့ ပဲခူးမြစ်အကြားမှာရှိတဲ့ တာပုဇွန်ချောင်းရိုးမှ မြနန္ဒလမ်းဘေးရှိ ၄ ဧက အကျယ်ရှိမြေကွက်ကို မြို့ ပြနှင့်အိမ်ယာဖွံ့ ဖြိုးရေးဦးစီိးဌာနမှ ၂၀၁၂ ခုနှစ်ကတည်းက စည်ပင်သာယာကိုလွှဲပြောင်းပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*