ကုန်ဈေးနှုန်းကျအောင် တွန်းအားပေးဆောင်ရွက်လျက်ရှိတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ပြော

ကုန်ဈေးနှုန်းကျအောင် တွန်းအားပေးဆောင်ရွက်လျက်ရှိတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ပြော
March 6, 2018 Fame Asian

5:37 pm
ကုန်ဈေးနှုန်းကျအောင် တွန်းအားပေးဆောင်ရွက်လျက်ရှိတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ပြော

28795032_1714490201928271_2958715643265066563_n

ရန်ကုန် ၊ မတ် ၆

ကုန်ဈေးနှုန်းကျအောင် ဘယ်လိုစီမံဆောင်ရွက်နေသလဲဆိုတဲ့ တိုင်းလွှတ်တော်အမတ်ရဲ့ မေးမြန်းမှုကို ကုန်ထုတ်လုပ်မှုစရိတ်ခများ လျော့ချနိုင်အောင် တွန်းအားပေးဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဒီိကနေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

ကုန်ဈေးနှုန်တွေ မြင့်တက်နေတာကို အခြေခံလူတန်းစားတွေနေနဲ့ ရေရှည်ရင်ဆိုင်ဖို့ အခက်အခဲရှိနေတယ်ဆိုတာနဲ့ စားဝတ်နေရေးမပြေလည်လို့ ခိုးဆိုးလုနှိုက်မှုတွေကြီးထွားလာရင် နိုင်ငံတော်အတွက် ဘယ်လိုမှမကောင်းနိုင်တာကြောင့် ကုန်ဈေးနှန်းကျဖို့ ၊ ဈေးနှုန်းတည်ငြိမ်မှုရှိဖို့ အစိုးရအနေနဲ့ ဘာတွေလုပ်ထားသလဲလို့ ကျောက်တံတားမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက ဒီကနေ့ လွှတ်တော်မှာမေးပါတယ်။ ဒီမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စီိမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက ပြန်ဖြေခဲ့ရာမှာ တိုင်းဒေသကြီးအားလုံးထဲမှာ ရန်ကုန်တိုင်းဒေသကြီးဟာ GDP တိုးတက်မှုနှုန်း အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

”ကုန်ဈေးနှုန်းများ အဓိက ကြီးမားရတဲ့အကြောင်းကတော့ ကုန်ထုတ်လုပ်တဲ့အခါမှာ အသုံးပြုရတဲ့ ကုန်ကြမ်းဈေးနှုန်းများကြီးမြင့်ခြင်း ၊ သယ်ယူပို့ဆောင်ခနှင့် ဝန်ဆောင်ခများကြီးမားခြင်း ၊ လိုအပ်တဲ့ လျပ်စစ်ဓာတ်အားများ လုံလောက်စွာမရရှိခြင်း ၊စသည်တို့ကြောင့်ဖြစ်ပါတယ် ။ ဒါကြောင့်မိုလို့ ကုန်ထုတ်လုပ်မှုစရိတ်စခများ လျော့ချနိုင်စေရေးအတွက် ကုန်ကြမ်းစရိတ်များ ကျဆင်းလာရအောင် ၊ သယ်ယူပို့ဆောင်ရေးစရိတ်စခများ ကျဆင်းလာရအောင် ကုန်ထုတ်လုပ်မှုများ တိုးမြင့်လာရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်” လို့ဦးမြင့်သောင်းကပြောပါတယ်။

”ကျွန်မတို့ နိုင်ငံအတွင်းမှာ တောင်ပေါ်ဒေသ ၊ မြို့ ရော ကျေးလက်ပါမကျန် နေရာတော်တော်များများမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရပါတယ်။ အထူးသဖြင့် အခြေခံစားသောက်ကုန်များဖြစ်တဲ့ ဆန်၊ဆီ၊ဆား၊ သားငါး၊ ငရုတ်၊ ကြက်သွန်၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နဲ့ စက်သုံးဆီဈေးနှုန်းတွေမြင့်တက်မှု၊ အမယ်ပေါင်းစုံနဲ့ အသုံးအဆောင်များက ဈေးနှုနန်းတွေကြီးမြှင့်မှုကြောင့် အခြေခံလူတန်းစား အများပြည်သူတွေအတွက် အခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်” လို့ ဒေါ်မြလှစံက ပြောပါတယ်။ အခြေခံလူတန်းစားတွေစားနေတဲ့ဆန်အမျိုးမျိုးဟာလည်း ယခုဈေးတွေပိုတက်လာတယ်လို့ သူမက ထောက်ပြပါတယ်။

”အသား၊ငါး ဈေးတွေလည်း အရင်ထက်ပိုဈေးကြီးလာတာတွေ့ ရတယ်။ အဲဒီရဲ့လူများစုဖြစ်တဲ့ လက်လုပ်လက်စား၊ အလုပ်သမားများနဲ့ အောက်ခြေ၀န်ထမ်းတွေရဲ့ဘ၀က အကြွေးသံသရာလည်နေရပါတယ်။ ဒီအကြွေးထဲမှ လျှပ်စစ်ဓါတ်အားမလုံလောက်တဲ့အတွက်ကြောင့် ထင်းအစားထိုးလောင်စာများကလည်း ဈေးကြီးနေတယ်” လို့ ကျောက်တံတားမြို့ နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက အောက်ခြေမှာဖြစ်ပေါ်နေတာတွေကို တင်ပြပါတယ်။

တိုင်းအစိုးရအဖွဲ့ ရဲ့ စီိမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်တဲ့ ဦးမြင့်သောင်းကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ GDP တိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးနဲ့ ငါးမွေးမြူရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်နေသလို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ရစေဖိုဲ့ အထည်ချုပ်လုပ်ငန်းများကို ပိုမိုပြီးတော့ ခွင့်ပြုနေတယ်လို့ ဖြေကြားခဲ့ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းမွန်လာလို့  ကုန်ထုတ်လုပ်မှုတိုးတက်လာရင် ဒေသတစ်ခုလုံးရဲ့စီးပွားရေးတိုးတက်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်လာမယ်လို့ သူကဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ GDP တိုးတက်မှုကို မူလယာထားချက်က ၈ ဒသမ ၅ မှ နှစ်ကုန်ခန့်မှန်းခြေစာရင်းအရ ၈ ဒသမ ၆ ဖြစ်ဖို့မျှော်မှန်းထားပြီး ပည်တွင်းအသာတင်ထုတ်ကုန် ကျပ် ၂၈ သိန်းရှိတဲ့အတွက် တစ်နိုင်ငံလုံးမှာ အများဆုံးတိုင်းဒေသကြီးဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။ ဒါ့အပြင် ငွေကြေးဖောင်းဖွမှုနှုန်းအနေနဲ့လည်း ရန်ကုန်တိုင်းဒေသကြီးမှာ ငွေကြေးဖောင်းဖွမှုက ၅ ဒသမ ၁၁ နဲ့ တစ်နိုင်ငံလုံးမှာ အနည်းဆုံးဖြစ်နေတယ်လို့ သူကဆက်လက်တင်ပြသွားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*