လိုက်ထရပ်ကျောင်းကားတွေကို ယခုနှစ်ကုန်မှသာဖျက်သိမ်းနိုင်မည်

လိုက်ထရပ်ကျောင်းကားတွေကို ယခုနှစ်ကုန်မှသာဖျက်သိမ်းနိုင်မည်
August 2, 2017 Fame Asian

10:58 am
လိုက်ထရပ်ကျောင်းကားတွေကို ယခုနှစ်ကုန်မှသာဖျက်သိမ်းနိုင်မည်

school-bus

ရန်‌ကုန်‌၊သြဂုတ်‌ ၁

လိုက်ထရပ်ကျောင်းကားတွေကို ယခုနှစ်ကုန်မှသာ ဖျက်သိမ်းနိုင်တော့မယ်လို့ ရန်ကုန်တိုင်းဒေ သကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကနေ သိရပါတယ်။

မူလက လိုက်ထရပ်ကျောင်းကားတွေကို သြဂုတ်လကုန်မှာဖျက်သိမ်းပြီး ကျောင်းကားသစ်တွေနဲ့ အစားထိုးပြေးဆွဲမယ်လို့ ပြောခဲ့ပေမယ့် လိုင်စင်ပိုင်း ၊ ကုမ္ပဏီကိစ္စတွေကြောင့် ကျောင်းကားသစ်တွေကို စက်တင်ဘာလလောက်မှ စတင်ပြေးဆွဲနိုင်ဖို့ ခန့်မှန်းထားကြောင်း ၊ လိုက်ထရပ်တွေကို နှစ်ကုန်ပိုင်းလောက်အထိဖျက်သိမ်းနိုင်မှာမဟုတ်သေးကြောင်း ရန်ကုန်တိုင်းဒေ သကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)အတွင်းရေးမှူး ဒေါက် တာမောင်အောင်က‌ပြောပါတယ်။

“ကျောင်းကားတွေက အဆင်သင့်ဖြစ်နေပါပြီ။လိုင်စင်ပိုင်းတွေ ကုမ္ပဏီကိစ္စတွေကြောင့် ကြာဦးမှာဆိုတော့ စက်တင်ဘာလလောက် စတင်ဆွဲနိုင်မယ်ထင်တယ်။ဘယ်‌‌နေရာ‌တွေကို ဘယ်‌‌လောက်‌ချ‌ပေးမယ်‌ဆိုတာလဲ ‌ဆုံးဖြတ်‌ရဦးမှာပါ။အခုပြေးဆွဲနေတဲ့ လိုက်ထရပ်တွေကို နှစ်ကုန်အထိမဖျက်သိမ်းသေးပါဘူး။နောက်‌နှစ်‌ကျမှ ဖျက်‌သိမ်းမှာပါ “လို့ ဒေါက် တာမောင်အောင်က‌ ဆိုပါတယ်။

လက်ရှိမှာ လိုက်ထရပ်တွေ နေရာအစားထိုးပြေးဆွဲဖို့ ကျောင်းကား သစ် အစီးရေ ၂၀၀ ရှိနေပြီး ဒီကျောင်းကားတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကနေ YRTA ကိုလွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။

ကျောင်းကားသစ် ၂၀၀ ကို ဘယ်မြို့နယ် ဘယ်လောက်ချပေးမယ်ဆိုတာကိုတော့ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*