အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့မှ ကဗျာဆုစိစစ်ရေးအဖွဲ့ခေါင်းဆောင် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) နုတ်ထွက်

အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့မှ ကဗျာဆုစိစစ်ရေးအဖွဲ့ခေါင်းဆောင် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) နုတ်ထွက်
May 4, 2017 Asian Fame

11:33 am
အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့မှ ကဗျာဆုစိစစ်ရေးအဖွဲ့ခေါင်းဆောင် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) နုတ်ထွက်

Mg Sein Win

အိမ်စည်
ရန်ကုန်၊ မေ ၁

၂ဝ၁၆ ခုနှစ်အတွင်းထွက်ရှိခဲ့သည့် စာအုပ်များအနက် အမျိုးသား စာပေဆုအဖြစ် ရွေးချယ် ချီးမြှင့်ပေးနိုင်ရေးအတွက် ဖွဲ့စည်း ထားသည့် အဖွဲ့များမှ ကဗျာဆု စိစစ်ရေးအဖွဲ့ ခေါင်းဆောင် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) နုတ်ထွက်လိုက်ပြီ ဖြစ်သည်။

ယင်းသို့နုတ်ထွက်ရခြင်းမှာ ကဗျာဆုရွေးချယ်ရာတွင် ရိုးရာ နှင့် ခေတ်ပြိုင်ကဗျာကို နှစ်ဆု မပေးပဲ တစ်ဆုတည်းသာပေး ခြင်း၊ အကယ်၍ နောက်ဆုံးအဆင့် တွင် ရိုးရာကဗျာနှင့် ခေတ်ပြိုင် ကဗျာ ၂ အုပ်မှ တစ်အုပ်ကို ရွေးရ တော့ မည်ဆိုလျှင်(သို့) ဘယ်ဟာ ကောင်းမကောင်း ဆုံးဖြတ်ရတော့ မည်ဆိုပါလျှင် ဆုံးဖြတ် သတ်မှတ် နိုင်ကောင်းသောအရာဟု မယုံ ကြည်ခြင်း၊ မိမိသည် ကဗျာဆု အမျိုးသားစာပေဆု စိစစ်ရေး အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် ဖြစ် သဖြင့် အဆိုပါတာဝန်ရှိပါသည်။ နှစ်ဆုသတ်မှတ်ပါက ရိုးရာကျွမ်း ကျင်သူများက ရိုးရာ၊ ခေတ်ပြိုင် ကျွမ်းကျင်သူများက ခေတ်ပြိုင် ရွေးသည်ဟု တွေးသည်။ ထို့ ကြောင့် ခေတ်ပေါ်ကဗျာကို အ ကျွမ်းတဝင် မသိသော မိမိအနေ ဖြင့် အဖွဲ့ခေါင်းဆောင်အနေဖြင့် တာဝန် မယူနိုင်ခြင်းဖြစ်ကြောင်း ဆရာ မောင်စိန်ဝင်း၏ င်္ခေနဘသသု စာမျက်နှာတွင် ဖော်ပြရှင်းလင်းထားသည်။

ယင်းသို့ နုတ်ထွက်ခြင်းနှင့် ပတ်သက်၍ အမျိုးသားစာပေဆု ရွေးချယ်ရေး ကော်မတီအတွင်း ရေးမှူး ဆရာမောင်ဇေယျာက ”ကျွန် တော်တို့ကတော့ အမျိုးသားစာ ပေဆု ရွေးချယ်ရေးအဖွဲ့တွေကို ထုတ်ပြန်တဲ့နေရာမှာ အမျိုသား စာပေဆု ရွေးချယ်ရေးအဖွဲ့မှာ အကြောင်းအမျိုးမျိုးကြောင့် မပါ ဝင်နိုင်တော့ရင်လည်း ကျွန်တော် တို့က နုတ်ထွက်တာကို လက်ခံပါ တယ်။ ကဗျာအဖွဲ့ ဖွဲ့ထားတဲ့ နေ ရာမှာလည်း ကဗျာဆုနဲ့ပတ်သက် ပြီးတော့ လုပ်နိုင်စွမ်းရည်ရှိတယ်လို့ ယူဆထားတဲ့ ဆရာတွေလည်း ပါ တယ်။ ခေတ်ပြိုင်ကဗျာရေးဖွဲ့တဲ့ ဆရာတွေလည်း ပါတယ်။ ရိုးရာ ကဗျာတွေကို ရေးဖွဲ့တဲ့ ဆရာတွေ လည်းပါတယ်။ ကဗျာဆုဆိုတဲ့ နေရာမှာ အခြားဆုတွေမှာလည်း တစ်ဆုတည်း ပေးထားပေးသလို သူ့ကျမှ နှစ်ခုခွဲပြီးပေးလို့မဖြစ်နိုင် ဘူးလေ” ဟုပြောသည်။

၂ဝ၁၆ ခုနှစ်အတွင်း အမျိုး သားစာပေဆု ရွေးချယ်ရေး ကော် မတီတွင် ဥက္ကဋ္ဌအဖြစ် ဆရာ ဦးသော်ကောင်း၊ ဒုဥက္ကဋ္ဌ အဖြစ် ဆရာမောင်ပေါ်ထွန်းနှင့် ဆရာ မောင်ခင်မင်(ဓနုဖြူ)ပါဝင်ကြပြီး ဝတ္ထုရှည်အဖွဲ့၊ ဝတ္ထုတိုပေါင်းချုပ် အဖွဲ့၊ ကဗျာအဖွဲ့၊ စာပဒေသာ၊ ပြဇာတ်၊ ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ စာပေအဖွဲ့၊ ကလေးစာပေ အဖွဲ့၊ လူငယ်စာပေအဖွဲ့၊ ဘာသာ ပြန်သုတ/ရသအဖွဲ့၊ သုတသိပ္ပံ (ရိုးရိုး၊အသုံးချ)အဖွဲ့၊ နိုင်ငံရေး စာပေအဖွဲ့ စသည်ဖြင့် ဆု ၁၃ ဆု ပေးနိုင်ရေးအတွက် အဖွဲ့ ၁၃ ဖွဲ့ ဖြင့် ရွေးချယ်လုပ်ဆောင်နေခြင်း ဖြစ်ပြီး အဆိုပါဆုများအပြင် တစ် သက်တာ စာပေဆုကိုလည်း ချီး မြှင့်ရန် ရွေးချယ်နေပြီ ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*