နိုင်ငံဖြတ်ကျော်လှည့်လည်မောင်းနှင်ကြသည့်”Discovery Rally” အဖွဲ့မှကားများ မြန်မာနိုင်ငံတွင်း ခရီးစဉ်များကို မောင်းနှင်လျှက်ရှိ

နိုင်ငံဖြတ်ကျော်လှည့်လည်မောင်းနှင်ကြသည့်”Discovery Rally” အဖွဲ့မှကားများ မြန်မာနိုင်ငံတွင်း ခရီးစဉ်များကို မောင်းနှင်လျှက်ရှိ
February 22, 2018 Fame Asian

3:54 pm
နိုင်ငံဖြတ်ကျော်လှည့်လည်မောင်းနှင်ကြသည့်”Discovery Rally” အဖွဲ့မှကားများ မြန်မာနိုင်ငံတွင်း ခရီးစဉ်များကို မောင်းနှင်လျှက်ရှိ

8

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၂

မဲခေါင် ၅ နိုင်ငံကို ဖြတ်သန်းမောင်းနှင်ကြမည့် ရှေးဟောင်းကားများဖြင့် လှည့်လည်မောင်းနင် လေ့လာလည်ပတ် သော “Discovery Rally” အဖွဲ့မှ ကားများ မြန်မာနိုင်ငံသို့ရောက်ရှိလာကြပြီး သတ်မှတ်လမ်းကြောင်းအတိုင်း ဆက်လက်မောင်းနှင်ကြမည်ဖြစ်သည်။

6

ယင်းကားများသည် ဗီယက်နမ်နိုင်ငံမှ စတင်ကာ အခြားမဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ လာအိုနိုင်ငံများကိုဖြတ်သန်းမောင်းနှင်ကြမည်ဖြစ်သည်။

လှည့်လည်မောင်းနှင်သည့် ခရီးစဉ်ကို ဖေဖေါ်ဝါရီ ၃ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်ကားများမှာ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိလာကြကာ ဖားအံမှ နေပြည်တော်သို့ သတ်မှတ်လမ်းကြောင်းအတိုင်းမောင်းနှင်ခဲ့ကြသည်။

9

အဆိုပါကားများနှင့် အဖွဲ့သားများသည် ယမန်နေ့ညက နေပြည်တော် ကမ်ပင်စကီး ဟိုတယ်တွင် ညအိပ်ရပ်နားခဲ့ကြပြီး ယနေ့ ဖေဖေါ်ဝါရီ ၂၂ တွင်မူ အင်းလေးကန်ဆီသို့ ဦးတည်သည့်လမ်းကြောင်းအတိုင်း နေပြည်တော်၊ ရေနံချောင်း၊ ပုဂံ ၂ ညအိပ်ခရီးစဉ်ကို ဆက်လက်မောင်းနှင်လျှက်ရှိကြသည်။

14

ပါဝင်သည့် အဖွဲ့သားတို့မှာ အများအားဖြင့် ဗြိတိန်နိုင်ငံမှဖြစ်ကြပြီး၊ သြစတြေးလျ၊ လူဇင်းဘတ်၊ ကနေဒါ၊ ဘယ်လ်ဂျီယံနှင့် နယ်သာလန်နိုင်ငံများမှလည်း ပါဝင်ကြကာ၊ မော်တော်ယာဉ် ၁၈ စီး၊ အဖွဲ့သားစုစုပေါင်း ၃၉ ဦးပါဝင်ကြသည်။

မတ်လ ၁၃ ရက်နေ့တွင် လှည့်လည်လေ့လာမောင်းနှင်သည့် ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပြီး စုစုပေါင်း ၈၄၇၁ ကီလိုမီတာမောင်းနှင်ကြရမည်ဖြစ်သည်။

PN
Photo – Tiago Leunen

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*