ဝင်ငွေခွန် စည်းကြပ်မှုနှုန်းများ လျှော့ချပေးရန် စဉ်းစားနေဟု ဝန်ကြီးကပြောဆိုလိုက်ပြီး အိမ်ခြံမြေဈေးကွက် ဦးမော့လာနိုင်ဟု ကျွမ်းကျင်သူများသုံးသပ်

ဝင်ငွေခွန် စည်းကြပ်မှုနှုန်းများ လျှော့ချပေးရန် စဉ်းစားနေဟု ဝန်ကြီးကပြောဆိုလိုက်ပြီး အိမ်ခြံမြေဈေးကွက် ဦးမော့လာနိုင်ဟု ကျွမ်းကျင်သူများသုံးသပ်
May 24, 2017 Asian Fame

3:15 pm
ဝင်ငွေခွန် စည်းကြပ်မှုနှုန်းများ လျှော့ချပေးရန် စဉ်းစားနေဟု ဝန်ကြီးကပြောဆိုလိုက်ပြီး အိမ်ခြံမြေဈေးကွက် ဦးမော့လာနိုင်ဟု ကျွမ်းကျင်သူများသုံးသပ်

မှူးအိမ်ဇော်
ရန်ကုန်၊ မေ ၂၂

အိမ်ခြံမြေ အရောင်းအဝယ်မှ ရရှိသည့်ဝင်ငွေအပေါ် ဝင်ငွေခွန် စည်းကြပ်နှုန်း ၃ဝ ရာခိုင်နှုန်း ကောက်ခံမှုကို ပြန်လည်ပြင်ဆင်မည် ဆိုပါက အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာနိုင်ခြေရှိ ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အိမ်ခြံမြေလုပ်ငန်းရှင်များ နှင့်တွေ့ဆုံရာတွင် အစိုးရအနေ ဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင်သော ဝင်ငွေအပေါ် အခွန်စည်းကြပ်နှုန်းထားများ လျှော့ချရန်စီစဉ်နေ ကြောင်းပြောကြားမှုအပေါ် အိမ်ခြံ မြေဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်နေကြခြင်းဖြစ်သည်။အိမ်ခြံမြေ ရောင်းဝယ်ရာ တွင် ဝင်ငွေရလမ်းမဖော်ပြနိုင်ပါ က ဝင်ငွေအပေါ် အခွန်စည်းကြပ် သည့် နှုန်းထားကို တစ်ကျပ်မှ ကျပ်သိန်း ၃ဝဝ အထိကို အခွန် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၁ဝဝဝ ကို ၂ဝ ရာခိုင် နှုန်းနှင့် ကျပ်သိန်း ၁ဝဝဝ အထက် ကို ၃ဝ ရာခိုင်နှုန်း အခွန်ကောက်ပြီး အိမ်ခြံမြေ အကျိုးဆောင်များကမူ ယခင်နှုန်းထားများဖြစ်သော တစ် ကျပ်မှ ကျပ်သိန်း ၁ဝဝဝ အထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝဝဝ မှ ၅ဝဝဝ အကြား ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅ဝဝဝမှ ၁ဝဝဝဝ အကြား ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝဝဝဝ မှ ၁၅ဝဝဝ အကြား ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်းဖြစ်သင့်သည်ဟု ပြောဆိုမှုများ ရှိနေသည်။

”ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ သာမန်ပြည်သူများစုကလည်း ဝင်ငွေခွန်တွေနဲ့ပတ်သက်ပြီးတင်ပြရာမှာ အခက်အခဲရှိနေတုန်းပဲ။ ဒါကြောင့် ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ ငွေ တွေကိုစည်းကြပ်မှု လျှော့လိုက် မယ်ဆိုရင် အိမ်ခြံမြေဈေးကွက်က ပြန်ကောင်းလာနိုင်တယ်။ ခုဆိုရင် မြန်မာ့စီးပွားရေးကလည်း နှေးနေ တော့ အိမ်ခြံမြေဈေးကွက်လည်း သိပ်မကောင်းတာ အစိုးရအနေနဲ့ သိလို့ ဒီလိုထုတ်ပြောလာတာဖြစ် ပါလိမ့်မယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံ မြေဝန်ဆောင်မှုအသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဦးကပြောသည်။ လက်ရှိ အစိုးရအနေဖြင့် အ ခွန်စနစ်များတွင် ပြည်သူထံမှ အခွန်ကောက်ခံရာတွင် အခွန်နှုန်း ထားတိုးမြှင့်ရေးဟူသောအချက်ကို မကျင့်သုံးဘဲ အခွန်ထမ်းဆောင် သူများလာစေရန်ဆိုသောစနစ်ကို သာ ကျင့်သုံးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*