ဦးဥာဏ်ဝင်းဦးဆောင်တဲ့ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲဝန်ထမ်းဖွဲ့ စည်းပုံပြီး၍ ဘတ်ဂျက်စောင့်နေတဲ့အဆင့်ရောက်နေ

ဦးဥာဏ်ဝင်းဦးဆောင်တဲ့ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲဝန်ထမ်းဖွဲ့ စည်းပုံပြီး၍ ဘတ်ဂျက်စောင့်နေတဲ့အဆင့်ရောက်နေ
February 13, 2018 Fame Asian

12:03 pm
ဦးဥာဏ်ဝင်းဦးဆောင်တဲ့ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲဝန်ထမ်းဖွဲ့ စည်းပုံပြီး၍ ဘတ်ဂျက်စောင့်နေတဲ့အဆင့်ရောက်နေ

27657806_952963108184006_5745858016680416176_n

ရန်ကုန် ၊ ဖေဖော်ဝါရီ ၊ ၁၃

ဖွဲ့ စည်းထားတာမကြာသေးတဲ့ ဦးဥာဏ်ဝင်းဦးဆောင်တဲ့ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဟာ ၀န်ထမ်းတွေခန့် အပ်ပြီးစီးလို့ ဘတ်ဂျက်စောင့်နေတယ်လို့ ဦးဥာဏ်ဝင်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီကနေ့ သာကေတမြို့ နယ်မှာ ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုဖွင့်ပွဲမှာ သူကအခုလိုပြောတာဖြစ်ပါတယ်။

” ဖွဲ့ စည်းပုံပြီးပြီ ၊ ခန့် လည်းခန့် ပြီးပါပြီ ။ ကျွန်တော်တို့ ဘတ်ဂျက်ခွင့်ပြုချက်စောင့်နေတာဖြစ်ပါတယ်” လို့ ဦးဥာဏ်ဝင်းကပြောပါတယ်။

ဦးဥာဏ်ဝင်းဦးဆောင်တဲ့ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဟာ မကြာသေးခင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးမှာ ပထမဆုံးအကြိမ်အဖြစ် အစည်းအဝေးကို နိုဝင်ဘာလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ထိုစဉ်က ၀န်ထမ်းဖွဲ့  စည်းပုံကိုဆွေးနွေးခဲ့ကြပြီးသက်ဆိုင်ရာကိုတင်ပြသွားမယ်လို့ သူကပြောခဲ့ပါတယ်။အစည်းအဝေးကို ဦးဥာဏ်ဝင်းအပါအ၀င် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်၊ အဖွဲ့ဝင် ဦးကျော်ဟိုး၊ ဦးကျော်စိုးဗိုလ်(ခ)ဦးကျော်စိုး နှင့် ဒေါ်နန်းခမ်းအုံတို့တွေ့ဆုံဆွေးနွေးခဲ့ကြတာ
ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းကို ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရဲ့ ဥက္ကဌအဖြစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နိုဝင်ဘာလ ၁၆ ရက်နေ့ ကခန့် အပ်လိုက်ခဲ့တာဖြစ်ပါတယ်။အခုအဖွဲ့ ဟာ ဥပဒေဆိုင်ရာအထောက်အကူပေးရေးလုပ်ငန်းတွေအတွက် မူဝါဒချမှတ်ခြင်း၊ ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိတဲ့ အမှုများကိုသတ်မှတ်ခြင်း၊ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူများကိုဆင်းရဲနွမ်းပါးသူအဖြစ်မှတ်ယူရမည့်အချက်များသတ်မှတ်ခြင်း စသည်ဖြင့် လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေမှာဖော်ပြထားပါတယ်။ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ကို ဦးဥာဏ်ဝင်းအပါအ၀င် အဖွဲ့ ဝင် ( ၁၃) ဦးနဲ့ ဖွဲ့ စည်းခဲ့တာဖြစ်ပြီးတော့ ညွှန်ကြားရေးမှူးများနဲ့ တရားလွှတ်တော်ရှေ့ နေများ အများစုပါဝင်ကြပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*