ဆန္ဒအလျှောက် နှုတ်​ထွက်​သွား​သော လုပ်သက် ၁၀နှင့်​အထက်​ ဝန်​ထမ်းများကို ပင်​စင်​လစာ ခံစားခွင့်​​ပေးရန်​ မရှိ

ဆန္ဒအလျှောက် နှုတ်​ထွက်​သွား​သော လုပ်သက် ၁၀နှင့်​အထက်​ ဝန်​ထမ်းများကို ပင်​စင်​လစာ ခံစားခွင့်​​ပေးရန်​ မရှိ
June 13, 2017 Asian Fame

1:22 pm
ဆန္ဒအလျှောက် နှုတ်​ထွက်​သွား​သော လုပ်သက် ၁၀နှင့်​အထက်​ ဝန်​ထမ်းများကို ပင်​စင်​လစာ ခံစားခွင့်​​ပေးရန်​ မရှိ

ht

နေပြည်တော် ၊ ဇွန် ၁၃

မိမိသဘောဖြင့် မိမိနှုတ်ထွက်သွားသော လုပ်သက် ၁၀နှင့်အထက် ဝန်ထမ်းများကို ပင်စင်လစာ ခံစားခွင့်ပေးရန် အစီအစဉ်မရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်က ဦးစောဗယ်လင်တိုင်းပြောပါတယ်။

ဒီနေ့ ကျင်းပခဲ့တဲ့ ပြည်သူ့လွတ်တော်အစည်းအဝေးမှာ ကယားပြည်နယ်ဖရူဆို ပြည်သူ့လွတ်တော်ကိုယ်စားလှယ်က “မိမိသဘောဖြင့်
့ မိမိနုတ်ထွက်သွားသော ၁၀နှစ်နှင့်အထက် ဝန်ထမ်းများအား အခြားသော ဝန်ထမ်းများနည်းတူ ပင်စင်လစာခံစားခွင့်ပေးပါရန် အစီအစဉ် ရှိ ၊ မရှိ”မေးခွန်း မေးမြန်းမှုကို သူကအထက်ပါအတိုင်း ဖြေကြားခဲ့တာပါ။

“မြန်မာနိုင်ငံရဲ့ ပင်စင်စနစ်ဟာ နှစ်စဉ် နိုင်ငံတော်ရသုံးမှန်းခြေ ဘတ်ဂျက်က တိုက်ရိုက်ကျခဲ့တဲ့စနစ်ဖြစ်လို့ နိုင်ငံတော်ရသုံးမှန်းခြေ ဘတ်ဂျက်အခြေအနေပေါ် အခြေခံပြီး ပင်စင်ခံစားခွင့်ပေးခြင်းဖြစ်ပါတယ် ၊ ဒါကြောင့် မိမိသဘောနဲ့ နုတ်ထွက်သွားသော ၁၀နဲ့အထက်ဝန်ထမ်းတွေကို အခြားဝန်ထမ်းများနည်းတူ ပင်စင်ခံစားခွင့်ပေးဖို့မရှိပါဘူး”လို့ ဦးစောဗယ်လင်တိုင်း ကပြောပါတယ်။နိုင်ငံဝန်ထမ်းနည်းဥပဒေ ၂၅၁ မှာ “ရာထူးမှနုတ်ထွက်တဲ့ဝန်ထမ်း သို့မဟုတ် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း ၊ ရာထူးမှထုတ်ပယ်ခြင်းခံရတဲ့ ဝန်ထမ်းဟာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်အတွက် ပင်စင်လစာကိုဖြစ်စေ ၊ လုပ်သက်ဆုငွေကို ဖြစ်စေ ခံစားခွင့်မရှိ”လို့ ပြဌာန်းထားပြီး ဖြစ်ပါတယ်။

SLM

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*