ညာမောင်းကားများပြန်လည်တင်သွင်းခွင့်ပြုပေးရန် သမ္မတရုံးသို့စာတင်ထားသော်လည်းမူဝါဒအရခွင့်ပြုနိုင်ချေ နည်းပါး

ညာမောင်းကားများပြန်လည်တင်သွင်းခွင့်ပြုပေးရန် သမ္မတရုံးသို့စာတင်ထားသော်လည်းမူဝါဒအရခွင့်ပြုနိုင်ချေ နည်းပါး
December 27, 2017 AsianFame MediaGroup

3:15 pm
ညာမောင်းကားများပြန်လည်တင်သွင်းခွင့်ပြုပေးရန် သမ္မတရုံးသို့စာတင်ထားသော်လည်းမူဝါဒအရခွင့်ပြုနိုင်ချေ နည်းပါး

26000980_1644874475556511_852955335311117496_n

နေပြည်တော် ဒီဇင်ဘာ (၂၇)

(၂၀၁၈)ခုနှစ်အတွင်းဂျပန်တစ်ပတ်ရစ်ညာမောင်းကားများကိုပြန်လည်တင်သွင်းခွင့်ပြုရန်မြန်မာနိုင်ငံမော် တော်ယာဉ်ရောင်းဝယ်ရေးအသင်းမှသမ္မတရုံးသို့စာဖြင့်တင်ပြတောင်းဆိုထားသော်လည်းပြည်တွင်း၌အသုံးပြုနေသည့်လမ်းစနစ်နှင့်မကိုက်ညီသည့်အတွက်ချမှတ် ထားသည့်မူဝါဒအရ ခွင့်ပြုနိုင်ချေ နည်းပါးကြောင်း ကားမူဝါဒ ကျွမ်းကျင်သူများထံမှသိရသည်။

မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူး ရောင်းချရေးအသင်း(MAMDA)အနေနှင့်(၂၀၁၅)ခုနှစ်တွင် ညာမောင်းကားများဆက်လက်တင်သွင်းခွင့်ပြုရန် တောင်းဆိုခဲ့ဖူးပြီးထပ်မံတောင်းဆိုခြင်းမပြုရန်လက် မှတ်ထိုးထားကြောင်းသိရသည်။ထိုကြောင့်ညာမောင်း ကားများကို(၂၀၁၇)ခုနှစ်ကုန်အထိဆက်လက်တင်သွင်းခွင့်ရခဲ့ပြီး ယခုထုတ်ပြန်လိုက်သည့် (၂၀၁၈)မူဝါဒမှာ ပြည်တွင်း၌အသုံးပြုနေသည့်လမ်းစနစ်နှင့်လိုက်လျောညီထွေစေရန် ချမှတ်ထားသည့်အတွက် အလွယ်တကူ ပြန်လည်ဖြေလျှော့ပေးမည်မဟုတ်ကြောင်းမူဝါဒကျွမ်းကျင်သူများက သုံးသပ်ထားခြင်းဖြစ်သည်။

“အကိုတို့MAMDAကဦးသိန်းစိန်အစိုးရလက်ထက်နောက်ဆုံးနှစ်မှာတစ်ခါတောင်းဆိုထားပြီးနောက်တကြိမ်ထပ်မတောင်းဆိုတော့ပါဘူးလို့လက်မှတ်ထိုးထားပါတယ်။အဓိကကစီးပွားကူးသန်းရဲ့သဘောထားဘဲပေါ့။သမ္မတရုံးနဲ့လွှတ်တော်ကဖိအားပေးရင်တောင်မှသူတို့ကလွန်ခဲ့တဲ့ငါးနှစ်လောက်ထဲကဘယ်မောင်းတွေဘဲတင်သွင်းခွင့်ပေးဖို့စီမံချက်ချခဲ့တာဆိုတော့ဒီမူဝါဒကိုအလွယ်တကူပြန်ပြောင်းပေးလိမ့်မယ်လို့အကို့အနေနဲ့တော့မထင်ဘူး”ဟုမြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးအသင်း(MAMDA)ရန်ကုန်တိုင်းအတွင်းရေးမှူးကိုရန်မျိုးအောင်ကဆိုသည်။

လက်ရှိပြည်တွင်းကားဈေးကွက်မှာမရေရာမသေချာသည့်မူအမျိုးမျိုးဖြစ်လာမည်စိုးနေသဖြင့်အရောင်းအဝယ်အေးစက်နေကာကားဈေးမှာလည်းအတက်ဈေးဖြင့် ငြိမ်နေသည်။

“ခုချိန်ကမြန်မာပြည်မှာညာမောင်းကားတွေသိန်းနဲ့ချီပြီးမရှိသေးတဲ့အချိန်မှာရုတ်တရက်ကြည့်ရင်ကားဈေးတွေတက်တယ်ဆိုတာမျိုးဖြစ်လာပေမယ့်ပြည်သူတွေရဲ့အသက်အန္တရာယ်အတွက်ရော roadsafetyအရရောမဖြစ်နေလက်သင့်ခံရမှာ။ ကားအစီးရေသိန်းဂဏန်းကနေ သန်းလေးငါးဆယ်ဖြစ်လာမှဒီမူကိုပြောင်းရင်ကျနော်တို့အတွက်အဆင်ပြေမှာမဟုတ်ပါဘူး။ဒါကြောင့်အခုလိုအခြေအနေ မျိုးမှာဘယ်မောင်းသီးသန့်ဘဲသွင်းဖို့မူကိုပြောင်းလိုက်တာကို လက်သင့်တော့ခံရမှာဘဲ”ဟု မြန်မာနိုင်ငံယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့တွဲ ဖက်အတွင်းရေးမှူး ဦးအောင်ဇော်ဦး(ခ)အရည်ကြိုက ဆိုသည်။

လာမည့်နှစ်အတွင်းဘယ်မောင်းသီးသန့်သာတင်သွင်း ခွင့်ပြုရန်ချမှတ်လိုက်သည့်မူဝါဒမှာချက်ချင်းသတ်မှတ်လိုက်ခြင်းမဟုတ်ဘဲ လွန်ခဲ့သည့် ငါးနှစ်ခန့်မှစတင်ကာ ရေးစွဲထားခြင်းဖြစ်သည်။ထိုကြောင့်ညာမောင်းကားများကိုမော်ဒယ်သတ်မှတ်ချက်ဖြင့်ပြန်လည်တင်သွင်းခွင့်ပြုရန်တောင်းဆိုချက်မှာ ဖြစ်လာနိုင်ချေ နည်းပါးကြောင်း ကားလောကအတွင်းမှဝေဖန်နေခြင်းဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*