နေပြည်တော်တွင် အများပြည်သူသုံးစွဲရန်မသင့်တော်သည့် အလှကုန်ပစ္စည်း(၂၃)မျိုးအားFDAသိမ်းဆည်း

နေပြည်တော်တွင် အများပြည်သူသုံးစွဲရန်မသင့်တော်သည့် အလှကုန်ပစ္စည်း(၂၃)မျိုးအားFDAသိမ်းဆည်း
January 16, 2018 Fame Asian

4:15 pm
နေပြည်တော်တွင် အများပြည်သူသုံးစွဲရန်မသင့်တော်သည့် အလှကုန်ပစ္စည်း(၂၃)မျိုးအားFDAသိမ်းဆည်း

26239028_1686505921411683_2670815615838233483_n

နေပြည်တော် ဇန်နဝါရီ ၁၆

နေပြည်တော်ရှိဈေးအချို့တွင်ရောင်းချနေသည့်အလှကုန်ဆိုင်များကိုFDAမှရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ ပီးအများပြည်သူသုံးစွဲရန်မသင့်တော်သည့်အလှကုန် ပစ္စည်း(၂၃)မျိုးကိုFDAမှသိမ်းဆည်းခဲ့သည်။

“ကျွန်တော်တို့မြို့မဈေး/သပြေကုန်းဈေး/ပျဉ်းမနား ဈေးနဲ့ပျဉ်းမနားမြို့ပေါ်မှာရှိတဲ့အလှကုန်ပစ္စည်းဆိုင် တွေမှာသုံးစွဲရန်မသင့်တဲ့အလှကုန်ပစ္စည်းအမျိုးအစား ပေါင်း(၂၃)မျိုးဖမ်းဆီးရရှိခဲ့ပါတယ်။ဒီ(၂၃)မျိုးထဲမှာအလှကုန်ရယ်လို့သေချာပေါက်ပြောလို့ရတာ(၂၁)မျိုး ဖြစ်ပြီးတော့ကျန်တဲ့(၂)မျိုးကတော့ဆေးဝါးတွေဖြစ်ပါတယ်”ဟုFDAမှဒုတိယညွှန်ကြားရေးမှူးဒေါက်တာထွန်းလင်းအောင်ကဆိုသည်။

အဆိုပါဆေး(၂)မျိုးတွင်တစ်မျိုးမှာနယ်စပ်မှဝင်ရောက်လာခြင်းဖြစ်ပြီးဆေးဝါးမှတ်ပုံတင်အမှတ်မပါသော ကြောင့်သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီးအခြားတစ်မျိုးမှာဆေးဝါးမှတ်ပုံတင်အမှတ်ပါရှိသော်လည်းအလှကုန်ပစ္စည်းဆိုင်များတွင်ရောင်းချခွင့်မရှိသောဆေးဝါးဖြစ်နေသောကြောင့်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ရှိဈေးများတွင်အလှကုန်ပစ္စည်းရောင်းချနေသောဆိုင်များအားလွန်ခဲ့သည့်(၁)ပတ်ကFDAမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ထိုကဲ့သို့စစ်ဆေးရာတွင်ဈေးဆိုင်(၉)ဆိုင်မှပြည်သူများသုံးစွဲရန်မသင့်တော်သည့်အလှကုန်ပစ္စည်းများအားသိမ်းဆည်း ခြင်းခံဝန်ထိုးခိုင်းခြင်းတို့ပြုလုပ်ခဲ့သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*