မြန်မာ့ပဲမျိုးစုံ တရုတ်ဈေးကွက်ထိုးဖောက်နိုင်စေရန် “Myanmar Beans Market Promotion Forum”ကို နန်နင်း တွင်ကျင်းပမည်။

မြန်မာ့ပဲမျိုးစုံ တရုတ်ဈေးကွက်ထိုးဖောက်နိုင်စေရန် “Myanmar Beans Market Promotion Forum”ကို နန်နင်း တွင်ကျင်းပမည်။
December 26, 2017 Fame Asian

2:37 pm
မြန်မာ့ပဲမျိုးစုံ တရုတ်ဈေးကွက်ထိုးဖောက်နိုင်စေရန် “Myanmar Beans Market Promotion Forum”ကို နန်နင်း တွင်ကျင်းပမည်။

25594377_1644008778976414_3241152798316687527_n

နေပြည်တော် ဒီဇင်ဘာ (၂၆)

ပြည်တွင်း၌စိုက်ပျိုးထွက်ရှိနေပြီး တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ခြင်းမရှိသေးသည့် ပဲအမျိုးအစားများကို ဈေးကွက်ချိတ်ဆက် တင်ပို့နိုင်စေရေးအတွက် “Myanmar Beans Market Promotion Forum”ကို တရုတ်နိုင်ငံ ကွမ်ရှီးဒေသရှိ နန်နင်းမြို့တွင် ကျင်းပပြုလုပ်သွားရန်စီစဉ်နေကြောင်းကုန်သွယ်ရေးဦးစီးဌာနမှသိရသည်။

“အဓိကအားဖြင့်တော့အိန္ဒိယပဲဂယက်ကိုကုစားနိုင်ဖို့ရယ်ဈေးကွက်ဆိုတာတစ်ခုထဲအားကိုးနေလို့မရဘူးဆို တာရယ်ကြောင့်ဈေးကွက်သစ်တွေရှာတာပါ။တရုတ်ဖက်ကိုမတင်ပို့ဖူးသေးတဲ့ပဲအမျိုးအစားအမယ်သစ်တွေကိုဘယ်လိုမျိုးစားသုံးနိုင်မယ်။တရုတ်ကလုပ်တဲ့မုန့်တွေမှာဘယ်လိုသုံးနိုင်မယ်။နောက်ပြီးဆေးဖက်ဝင်ပဲအမျိုးအစားတွေကိုပြသပြီးဈေးကွက်သစ်မိတ်ဆက်မယ့်ပွဲပါ”ဟုကုန်သွယ်ရေးဦးစီးဌာနမှအကြီးတန်းအရာရှိတစ်ဦးကဆိုသည်။

တရုတ်နိုင်ငံသည် ပွဲတော်ရက်များတွင်ပဲအမျိုးမျိုးဖြင့် မုန့်အမျိုးမျိုးပြုလုပ်စားသုံးလေ့ရှိပြီးပဲကြာဆန်ပဲခေါက်ဆွဲစားသုံးမှုလည်းမြင့်မားသဖြင့်ပြည်တွင်းထွက်ပဲများကိုတင်ပို့နိုင်ရန်ဈေးကွက်ပရိုမိုးရှင်းပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနှင့်ပြည်တွင်းပဲစိုက်တောင်သူများအတွက်နစ်နာမှုမရှိစေရန်အိန္ဒိယသို့တင်ပို့နိုင်ခြင်းမရှိတော့သည့်ပဲအမျိုးအ စားများအတွက်ဈေးကွက်သစ်ရှာဖွေခြင်းနှင့်ဝယ်လက်ချိတ်ဆက်ခြင်းများကိုပဲလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်းကာ ဆောင်ရွက်လျှက်ရှိနေသည်။

၎င်းပွဲကိုဇန်နဝါရီလ(၈)ရက်တွင်ကျင်းပပြုလုပ်ရန်စီစဉ်ထားပြီးပြည်တွင်းမှလုပ်ငန်းရှင်များကိုလည်းပါဝင်ပြသရန်ဖိတ်ခေါ်ထားပြီးစိတ်ပါဝင်စားပါကမြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဖုန်းနံပါတ်(၀၁-၂၅၄၀၂၄)သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*