(၅)လ အတွင်းနိုင်ငံခြား ရင်းနှီးမြုပ်နှံမှုပမာဏ (၄)ဘီလီယံနီးပါးအထိ ရောက်ရှိလာ

(၅)လ အတွင်းနိုင်ငံခြား ရင်းနှီးမြုပ်နှံမှုပမာဏ (၄)ဘီလီယံနီးပါးအထိ ရောက်ရှိလာ
September 7, 2017 Fame Asian

12:03 pm
(၅)လ အတွင်းနိုင်ငံခြား ရင်းနှီးမြုပ်နှံမှုပမာဏ (၄)ဘီလီယံနီးပါးအထိ ရောက်ရှိလာ

21371421_1816640618596912_3615894196498705784_n

နေပြည်တော် စက်တင်ဘာ ၇

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် (၅)လအတွင်း သြဂုတ်လကုန်အထိ ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏ (၃.၆၉)ဘီလီယံနှင့် သီလဝါ အထူးစီးပွားရေး ဇုန်တွင် ရင်းနှီးမြုပ်နှံမှု ပမာဏအမေရိကန်ဒေါ်လာ (၁၈၉)သန်းကျော်ရှိခဲ့သဖြင့် စုစုပေါင်း အမေရိကန်ေ ဒ်ါလာ(၃.၈၉) ဘီယီယံကျော် (၄)ဘီလီယံနီးပါး အထိ ရောက်ရှိလာခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် MIC အစည်းအဝေးကို သြဂုတ်လကုန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏ ကန်ဒေါ်လာသန်း(၁၉၀)ကျော်ရှိ လုပ်ငန်း(၈)ခုကို ထပ်မံခွင့်ပြုပေးခဲ့သည်။

MICမှခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများမှ ပြည်တွင်းရှိလုပ်သားများအတွက် အလုပ်နေရာပေါင်း (၁၃၀၀)ကျော်အထိ ဖန်တီးပေးနိုင်ခဲ့သည် ။နောက်ဆုံးခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းအမျိုးအစားများမှာ စက်မှုလုပ်ငန်း(၃)ခု၊ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း(၂)ခု၊ အခြားဝန်ဆောင်မှု ကဏ္ဍလုပ်ငန်း(၂)ခုနှင့် လယ်ယာကဏ္ဍလုပ်ငန်း(၁)ခုတို့ ပါဝင်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်သြဂုတ်လကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှု စုစုပေါင်းမှာ မြန်မာကျပ်ငွေ (၁.၄)ထရီလီယံ အထိ ရှိလာကြောင်း MIC၏ အချက်အလက်များအရသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*