မူးယစ်ဆေးဝါးများ ရောင်းချသုံးစွဲ နေသည့် မြောင်းမြမြို့က နေအိမ်တစ်ခုကို ရဲဝင်ဖမ်း

မူးယစ်ဆေးဝါးများ ရောင်းချသုံးစွဲ နေသည့် မြောင်းမြမြို့က နေအိမ်တစ်ခုကို ရဲဝင်ဖမ်း
June 23, 2017 Asian Fame

4:52 pm
မူးယစ်ဆေးဝါးများ ရောင်းချသုံးစွဲ နေသည့် မြောင်းမြမြို့က နေအိမ်တစ်ခုကို ရဲဝင်ဖမ်း

crime(မြောင်းမြ၊ ဇွန်၂၃)

မူးယစ် ဆေးဝါးများ ရောင်းချသုံးစွဲ နေသည့် မြောင်းမြမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဗောဓိပင်လမ်း က နေအိမ် တစ်ခု ကိုရဲက မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးခွင့် ၀ရမ်း အမှတ်(၃/၂၀၁၇)ဖြင့် မနေ့က ၀င်ရောက် ရှာဖွေဖမ်းဆီးခဲ့သည်။

ထိုသို့ ရှာဖွေရာတွင် နေအိမ်အောက်ထပ် မီးဖိုခန်းနှင့် အိပ်ခန်းအတွင်း WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား များနှင့် ဆက်စပ် ပစ္စည်းများ တွေ့ရှိခဲ့သည်။

ထို့ကြောင့် နေအိမ်တွင်းက လင်မယား (၂)ဦးကို မြောင်းမြမြို့မရဲစခန်း မယ(ပ)၃/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုအရေးယူထားသည်။

လက်ရှိတွင် မိန်းမဖြစ်သူကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး၊ ထွက်ပြေးနေသော အောင်မိုးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*