မီတာပိုဖတ်၊လိုဖတ်ခဲ့တဲ့ ၀န်ထမ်းတွေရှိနေ၍ အရေးယူထား

မီတာပိုဖတ်၊လိုဖတ်ခဲ့တဲ့ ၀န်ထမ်းတွေရှိနေ၍ အရေးယူထား
November 8, 2017 Fame Asian

1:08 pm
မီတာပိုဖတ်၊လိုဖတ်ခဲ့တဲ့ ၀န်ထမ်းတွေရှိနေ၍ အရေးယူထား

2

နေပြည်တော် ၊ နိုဝင်ဘာ ၈

မီတာပြယူနစ် ပိုဖတ် /လိုဖတ်ခဲ့တဲ့ မကွေးတိုင်း၊ မွန်ပြည်နယ်တို့မှ ၀န်ထမ်း၅ဦးကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ် ခဲ့တယ် လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

“ဒီနည်းနဲ့ တာဝန်ကျေပွန်မှုမရှိတွေမရှိအောင် လုပ်ဆောင်နေပါတယ်”လို့ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် ဆက်ပြောပါတယ်။ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မွန်ပြည်နယ် သံဖြူဇရပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်ဟိန်းရဲ့မေးခွန်းကို ဒုဝန်ကြီးက ဖြေဆိုရာမှာ အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။

ဒါ့အပြင် နှစ်စဉ် အထူးတိုးပွားလာတဲ့ မီတာလုံးရေတွေကိုနိုင်နှင်းစွာ ဖတ်ရှုနိုင်ဖို့ ၀န်ထမ်းတွေ တိုးချဲ့ခန့်ထားနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဒုတိယ၀န်ကြီးကဆိုပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*