စစ်ကိုင်းတိုင်းအတွင်းမှ စီမံကိန်းများတွင် မသမာမှုများ ရှိပါက ထိရောက်စွာ အရေးယူမည်ဟု တိုင်းဝန်ကြီးချုပ်ဆို

စစ်ကိုင်းတိုင်းအတွင်းမှ စီမံကိန်းများတွင် မသမာမှုများ ရှိပါက ထိရောက်စွာ အရေးယူမည်ဟု တိုင်းဝန်ကြီးချုပ်ဆို
May 17, 2017 Asian Fame

2:41 pm
စစ်ကိုင်းတိုင်းအတွင်းမှ စီမံကိန်းများတွင် မသမာမှုများ ရှိပါက ထိရောက်စွာ အရေးယူမည်ဟု တိုင်းဝန်ကြီးချုပ်ဆို

လင်းဟိန်း
ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်းအတွင်း လုပ်ဆောင်နေသော စီမံကိန်းအားလုံးကို ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းစစ် ဆေးကာ မသမာမှုများတွေ့ရှိပါက ထိထိရောက် ရောက် အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။ စစ်ကိုင်းတိုင်းအတွင်း စီမံကိန်းများတွင် ဒေသ အာဏာပိုင်များ၏ မသမာသော လုပ်ရပ်များဟု ယူဆဖွယ်ရာများ ရှိနေသည့်အတွက် နိုင်ငံတော် ဘဏ္ဍာငွေ အလဟဿမဖြစ်စေရန် ရည်ရွယ်ပြီး စစ် ဆေးခြင်းဖြစ်သည်။

ဒေါက်တာမြင့်နိုင်က ”အကုန်လုံးကို စစ်ဦးမှာ။ ပြီးမှလုပ်သင့်တာကို အတတ်နိုင်ဆုံးလုပ်သွားမယ်။ ဘယ်လိုအရေးယူမလဲဆိုတာကိုတော့ ကြိုပြောလို့ မရသေးဘူး”ဟု ပြောသည်။ စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် ကျေးရွာချင်းဆက်လမ်းဖြစ်သည့် သာစည် – အောင်သာလမ်းမှာ အ ရည်အသွေး ပြည့်မီခြင်းမရှိဘဲ ပျက်စီးနေခြင်းကြောင့် တာဝန်ယူ လမ်းခင်းခဲ့သည့် မြို့နယ်စည်ပင်သာယာ ရေးကော်မတီနှင့် လမ်းတံတားဌာနအား ပြန်လည် ပြုပြင်ခင်းပေးရန် တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့် နိုင်က ကွင်းဆင်းစစ်ဆေးစဉ် ပြောကြားခဲ့သည်။

”လမ်းခင်းတာ ဘယ်လောက်မှ မကြာသေးဘူး။ ပျက်နေပြီ။ ဒါဟာ တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီး တာပဲ”ဟု ဒေါက်တာမြင့်နိုင်က ပြောသည်။ အဆိုပါလမ်းကို ယခုနှစ် ဇန်နဝါရီလမှ စတင် ခင်းခဲ့ခြင်းဖြစ်ပြီး မတ်လတွင် ပြီးစီးခဲ့ကာ ယခုအခါ ယင်းလမ်းမှာ ပျက်စီးနေပြီဖြစ်သည်။ ထို့ကြောင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့အနေ ဖြင့် တိုင်းဒေသကြီး တစ်ခုလုံးအတွင်းမှ စီမံကိန်းများ ကို ဆက်တိုက် ကွင်းဆင်းစစ်ဆေးသွားမည်ဟု တိုင်းအစိုးရအဖွဲ့က ပြောသည်။ ယင်းအပြင် ဒေသခံအာဏာပိုင်များ၏ လာဘ် စားခြင်းများ၊ မသမာသောလုပ်ရပ်များကို တွေ့ရှိပါက ပြည်သူများအနေဖြင့် အချက်အလက် အတိအကျဖြင့် လာရောက် တိုင်ကြားကြရန် စစ်ကိုင်းတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောသည်။ ”လာတိုင်ကြပါ။ ကျွန်တော်တို့ ချက်ချင်း စစ် ဆေးပြီး အရေးယူ သွားမယ်”ဟု ဦးစိုးဦးကပြောသည်။

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့အနေဖြင့် စီမံကိန်းများကို သွားရောက် စစ်ဆေးသည့်အပြင် တိုင်းအတွင်းမြို့နယ်များသို့ ခရီးသွားလျှင်လည်း စီမံကိန်းများအား အလျဉ်းသင့်သလို ဝင်ရောက် စစ်ဆေးလေ့ ရှိကြောင်း၎င်းက ပြောသည်။ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ မော်လိုက်၊ ကန့်ဘ လူနှင့် ဝန်းသိုမြို့နယ်တို့တွင် တရားမဝင်တူးဖော်နေကြသည့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို အရေးယူရန်အတွက် လက်ရှိတွင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ယာယီပိတ်သိမ်းထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*