မန္တလေးအောင်သာယာရပ်ကွက် ၅၆ လမ်း၊ အနော်ရထာလမ်း နဲ့ ဘုရင့်နောင်လမ်းကြားက စားသောက်ဆိုင်မီးလောင်

မန္တလေးအောင်သာယာရပ်ကွက် ၅၆ လမ်း၊ အနော်ရထာလမ်း နဲ့ ဘုရင့်နောင်လမ်းကြားက စားသောက်ဆိုင်မီးလောင်
November 7, 2017 Asian Fame

3:37 pm
မန္တလေးအောင်သာယာရပ်ကွက် ၅၆ လမ်း၊ အနော်ရထာလမ်း နဲ့ ဘုရင့်နောင်လမ်းကြားက စားသောက်ဆိုင်မီးလောင်

မန္တလေး၊နိုဝင်ဘာ၇

မန္တလေး ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက် ၅၆ လမ်း၊ အနော်ရထာလမ်း နဲ့ ဘုရင့်နောင်လမ်းကြား New Style စားသောက်ဆိုင်မှာ ဒီနေ့မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပါတယ်။ မီးသတ်ယာဉ်တွေ အချိန်မီမီးတားနိုင်ခဲ့တာကြောင့် ဘေးအိမ်တွေဆီ ဆိုးဆိုးရွားရွားမီးကူးစက်လောင်ကျွမ်းမှုမရှိဘဲ တစ်ဆိုင်ထဲမီးလောင်ကျွမ်းခံလိုက်ရပါတယ်

မီးလောင်တဲ့နေရာဆီ မီးသတ်ယာဉ်အစီး ၂၀၊ သန္ဓေမီးသတ်ရဲဘော် ၃၀ အရန်မီးသတ် ၁၀၀ နဲ့ level 2 အဆင့်သတ်မှတ် မီးငြှိမ်းသတ်ခဲ့ရတာလို့သိရပြီး မီးလောင်မှုအကြောင်းရင်းနဲ့ ပတ်သက်လို့တော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ လတ်တလောအနေနဲ့တော့ ဂတ်စ်အိုးယိုစိမ့် မှုကြောင့်လို့ သိထားရကြောင်း ချမ်းမြသာစည် မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ကျအရာရှိတစ်ဦးက ပြောပါတယ်။ ဒီမီးလောင်မှုမှာ မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်က စတင်လောင်ကျွမ်း ခဲ့တာဖြစ်ပြီး ၁ နာရီ ၁၅ မိနစ်ခန့် မှာပဲ မီးငြှိမ်းသတ်နိုင်ခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။ မီးလောင်မှုအပေါ် စားသောက်ဆိုင်မန်နေဂျာ ဖြစ်သူအား မီးပေါ့ဆမှုနဲ့အရေးယူနိုင်ရေးဆောင်ရွက်နေတယ်လို့သိရပြီး ဆုံးရှုံးမှုတန်ဖိုးကိုလည်း တွက်ချက်နေဆဲပဲဖြစ်တယ်လို့ အဆိုပါတာဝန်ရှိ သူကပြောပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*