ဘူတန်နိုင်ငံ ဘုရင်မင်းမြတ်၏ ဒွေးတော် ရန်ကုန်မြို့သို့ ရောက်ရှိ

ဘူတန်နိုင်ငံ ဘုရင်မင်းမြတ်၏ ဒွေးတော် ရန်ကုန်မြို့သို့ ရောက်ရှိ
January 25, 2017 Asian Fame

12:05 pm
ဘူတန်နိုင်ငံ ဘုရင်မင်းမြတ်၏ ဒွေးတော် ရန်ကုန်မြို့သို့ ရောက်ရှိ

Butan King-2

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ဘူတန်နိုင်ငံ ဘုရင်မင်းမြတ် ၏ ဒွေးတော်ဖြစ်သူ ယခင်ဘူတန် ဘုရင်၏ ပထမမြောက်မိဖုရား Her Majesty the Queen Mother Ashi Dorji WangmoWangchuck ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၃ရက်နံနက် တွင် လေကြောင်းခရီးဖြင့် ရန်ကုန် မြို့သို့ရောက်ရှိသည်။

ဧည့်သည်တော် ကိုယ်စား လှယ်အဖွဲ့သည် မွန်းလွဲ ၂ နာရီ တွင် လှိုင်မြို့နယ် ပါရမီကွန်ဒို တိုက်အမှတ် ၁၂+၁၊ အခန်းအမှတ် ၁၃ဝ၂ ရှိ လူမှုရေးနှင့် လူသား ချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးနေသည့် မေတ္တာဖွံ့ ဖြိုးရေး ဖောင်ဒေးရှင်းသို့ သွားရောက်လေ့လာကြရာ မေတ္တာဖွံ့ဖြိုး ရေး ဖောင်ဒေးရှင်း အမှုဆောင် ဒါရိုက်တာ ဦးစိုင်းစမ်ခမ်းက မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက လူမှုရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။ဧည့်သည်တော်ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ရွှေတိဂုံ စေတီတော်သို့သွားရောက်၍ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ စေတီတော်အား ဖူးမြော် ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ် လှူဒါန်းကြသည်။ ၎င်းတို့သည် ပုဂံ၊ မန္တလေးမြို့တို့သို့ဘုရားဖူး ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*