တနိုင်းကမှော်ထဲမှာ မိုင်းထိလို့ လူ ၃ဦးဆေးရုံရောက်နေ

တနိုင်းကမှော်ထဲမှာ မိုင်းထိလို့ လူ ၃ဦးဆေးရုံရောက်နေ
September 27, 2017 Fame Asian

3:06 pm
တနိုင်းကမှော်ထဲမှာ မိုင်းထိလို့ လူ ၃ဦးဆေးရုံရောက်နေ

တနိုင်း ၊ စက်တင်ဘာ ၂၇

တိုက်ပွဲတွေမကြာခနဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်တနိုင်းဒေသက မှော်တွေထဲမှာ ဒေသခံအမျိုးသား ၃ ဦး မိုင်းထိ လို့ ဆေးရုံရောက်ရှိနေပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ဟာ တနိုင်းဒေသထဲက မိုင်းခွန်ဆိုတဲ့ ရွှေမှော်ထဲမှာဖြစ်ပွားခဲ့တယ်လို့သိရပြီး မိုင်းထိသူ ၃ ဦးကတော့ ဦးလှမောင် ၊ ဦးစိုးဝင်း ၊ ဦးမောင်ဝင်း တို့ဖြစ်တယ်လို့သိရပါတယ်။

“အဲ့နေရာမှာတော့ တိုက်ပွဲမဖြစ်နေဘူး။ အရင်က ထောင်ထားခဲ့တဲ့မိုင်းတွေလို့ပြောလို့ရတယ်။ အဲ့ဒီမှာလည်း မိုင်းတွေရှိတယ် မကျူးကျော်ရ ဆိုတဲ့ ဆိုင်းပုဒ်တွေ ထောင်ထားတယ်။ ဒါပေမဲ့လည်းသွားကြတာပါပဲ ” လို့ တနိုင်းမြို့မရဲစခန်းရဲ့ တာဝန်ကျရဲမှူးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အဆိုပါမိုင်းထိတဲ့နေရာဟာ တနိုင်းနဲ့ ၁၅ မိုင်လောက်ကွာဝေးတယ်လို့လည်းသိရပါတယ်။

မိုင်းထိတဲ့ လူ ၃ ဦးထဲမှာ ဦးလှမောင် ဟာ ယာဘက်ဒူးအောက်ပိုင်းထိဒဏ်ရာတစ်ခုရပြီး မစိုးရိမ်ရအခြေအနေနဲ့ ပြင်ပလူနာ အဖြစ်တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံမှာတက်ရောက်ကုသနေပါတယ်။

ဦးစိုးဝင်း ကတော့ ၀ဲဘက်လက်ကောက်ဝတ်ပေါက်ပြဲဒဏ်ရာနဲ့ အတွင်းလူနာအဖြစ်တက်ရောက်ကုသနေပါတယ်။
ဦးမောင်ဝင်းကတော့ ၀ဲဘက်လက်မောင်းပေါက်ပြဲဒဏ်ရာ ၊ ယာဘက်ဆီးခုံပေါက်ပြဲဒဏ်ရာနဲ့ အတွင်းလူနာအဖြစ်တက်ရောက်ကုသနေတယ်လို့သိရပါတယ်။

အဆိုပါဒေသတွေဟာ KIA တပ်မဟာ ၂ နဲ့ ထိစပ်နေတဲ့ ဒေသတွေဖြစ်ပြီး လက်ရှိလည်း တပ်မတော်နဲ့ KIA ကြားတိုက်ပွဲတွေ မကြာခနဖြစ်ပွားနေတဲ့ဒေသတွေဖြစ်ပါတယ်။

ြ့ပီးခဲ့တဲ့ လပိုင်းကပဲ ဒီဒေသက မှော် ၁၀ ခုမှာ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုတဲ့အကြောင်းကြားစာတွေကို တပ်မတော်က လေယာဉ်နဲ့ကြဲချခဲ့ပါသေးတယ်။

လက်ရှိ ဒီမှော်တွေကိုပိတ်ထားပေမယ့် ဒေသခံတွေနဲ့ မှော်လုပ်သားတွေကတော့ ၀င်ရောက်လုပ်ကိုင်မှုတွေရှိနေပါတယ်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ကတော့ ဒီမှော်တွေမှာ တရားဝင်လုပ်ကွက်ချပေးထားတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့တုန်းကတော့ တနိုင်းလမ်းပိုင်းမှာ ဆက်ကြေးကောက်မှု ၊ တပ်မတော်နဲ့KIA ကြား ထိတွေ့မှုတွေရှိခဲ့ပြီး လမ်းပိုင်းပိတ်ဆို့မှုတွေဖြစ်ပွားခဲ့ကာ ကားအစီးရေရာနဲ့ချီပြီးပိတ်ဆို့ခဲ့ပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့မှာတော့ ပြန်လည်သွားလာလို့ရတဲ့အနေအထားမှာရှိခဲ့ပြီး ဒီကနေ့မှာလည်း သွားလာလို့ရနေတယ်လို့ တနိုင်ြး မို့မရဲစခန်းကနေသိရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*