ကရင်ပြည်နယ်နေ့ အတွက် ကြက်ဆင်များ အရောင်းသွက်ပြီး ဈေးကောင်းရနေ

ကရင်ပြည်နယ်နေ့ အတွက် ကြက်ဆင်များ အရောင်းသွက်ပြီး ဈေးကောင်းရနေ
November 6, 2017 Asian Fame

2:22 pm
ကရင်ပြည်နယ်နေ့ အတွက် ကြက်ဆင်များ အရောင်းသွက်ပြီး ဈေးကောင်းရနေ

chicken(ဘားအံ၊ နိုဝင်ဘာ ၆)

လာမည့် နိုဝင်ဘာလ (၇) ရက်နေ့(မနက်ဖြန်)မှာ ကရင်ပြည်နယ် ၊ဘားအံမြို့ရှိ သီရိကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မယ့် ကရင်ပြည်နယ်နေ့အတွက် ကြက်ဆင်များ အရောင်းသွက်နေပြီး ဈေးကောင်းရရှိနေကြောင်း ကြက်ဆင်မွေးမြူနေသူများထံမှ သိရသည်။

ကြက်ဆင်ကို အထူးဟင်းလျာ အဖြစ် ပြည်နယ်နေ့မတိုင်မီ စားသုံးသူ များပြားပြီး ကြက်ဆင် တစ်ပိဿာကို တစ်သောင်းသုံးထောင်နှင့် တစ်သောင်းငါးထောင်ဝန်းကျင်အထိ ဈေးကောင်းရရှိနေကြောင်း ဘားအံမြို့ရှိ ချစ်သူမြိုင်ပန်းခြံအနီးမှာ ကြက်ဆင်များကို တစ်နိုင်တစ်ပိုင် မွေးမြူထားသည့် ဦးတကော်ထူးကပြောသည်။

“ဈေးကတော့ တစ်သောင်း သုံးထောင်လောက် ရှိတယ်။ တပေါင်းလတို့ ပြည်နယ်နေ့တွေဆိုရင်တော့ အ၀ယ်များတယ်။”ဟု ၄င်းကပြောသည်။

chicken1လှိုင်ရွာမှ ကြက်ဆင်တစ်နိုင်တစ်ပိုင်မွေးမြူသူတစ်ဦးကလည်း“ချစ်သူမြိုင် ကော့မရမ်းဘက်မှာလည်း မွေးကြတယ်။၆ လ ဆိုရင် ၂ ပိဿာကျော်ကျော်လောက်ရတယ်။ (၃) ပိဿာဆိုရင်တော့ ၈ လ၊ ၉လလောက်မှ ရောင်းလို့ရတယ်။”ဟု ပြောသည်။

ကြက်ဆင်တစ်ဝပ်တွင် ကောင်ရေ (၄၀) မှ (၆၀) ကြားပေါက်လေ့ရှိပြီး ကရင်ပြည်နယ်မှာ အိမ်ခြေအများစု တစ်နိုင်တစ်ပိုင်မွေးမြူထားကြကြောင်းသိရသည်။

ကြက်ဆင်များကို (၆) လ (သို့မဟုတ်) (၇) လသားအရွယ်တွင် ရောင်းချလေ့ရှိပြီး ထုံးအိုင်လမ်းဆုံမှာလည်း မွေးမြူလေ့ရှိကြောင်းသိရသည်။

ကရင်ပြည်နယ်နေ့ကို ပထမဦးဆုံးအကြိမ်အဖြစ် ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင်ကျင်းပခဲ့ပြီး ယခု တစ်ကြိမ်သည် (၆၂) နှစ်မြောက် ကရင်ပြည်နယ်နေ့ဖြစ်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ-Arkar Min

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*