ဝန်ကြီးဌာန (၂) ခုမှ ထောက်ခံချက် မရသေးလို့ မှတ်ပုံတင် လျောက်ထားတဲ့နိုင်ငံရေး ပါတီ အသစ်(၄)ခု ခွင့်ပြုချက် မရသေး

ဝန်ကြီးဌာန (၂) ခုမှ ထောက်ခံချက် မရသေးလို့ မှတ်ပုံတင် လျောက်ထားတဲ့နိုင်ငံရေး ပါတီ အသစ်(၄)ခု ခွင့်ပြုချက် မရသေး
November 6, 2017 Asian Fame

2:12 pm
ဝန်ကြီးဌာန (၂) ခုမှ ထောက်ခံချက် မရသေးလို့ မှတ်ပုံတင် လျောက်ထားတဲ့နိုင်ငံရေး ပါတီ အသစ်(၄)ခု ခွင့်ပြုချက် မရသေး

UEC(ရန်ကုန် ၊ နိုဝင်ဘာ ၆)

နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် လျောက်ထားတဲ့ ပါတီ (၆)ခု ရှိထားတဲ့ အနက်က (၂) ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်း က ခွင့်ပြုခဲ့ပေမယ့် မျိုးချစ်ညီညွတ်ရေး ပါတီအပါအ၀င် ကျန်ပါတီ(၄)ခုကိုတော့ ၀န်ကြီးဌာန(၂)ခုမှ ထောက်ခံချက် မစုံလင်သေးတာကြောင့် ပါတီအဖြစ် ခွင့်ပြုပေးဖို့ ကြန့် ကြာနေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။

”ကျွန်တော်တို့ ဆီကို ပါတီ အဖြစ် လာလျောက်ထားရင် လျောက်ထားတဲ့ ပါတီကို ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့ ရပါတယ်။ သူတို့ ရဲ့ ကန့် သတ်ထားတဲ့ အချက်တွေနဲ့ ကင်းရှင်းရဲ့လားဆိုတာ။ နောက် လ.၀.က ကိုလည်းပို့ ပေးရတယ် လာရောက် လျောက်ထားတဲပါတီဝင်တွေဟာ နိုင်ငံသား ဟုတ်ရဲ့လားဆိုပြီးတော့။ အခု အဲဒီဝန်ကြီးဌာန (၂)ခုက ထောက်ခံချက်တွေ ကျွန်တော်တို့ ဆီ မလာသေးတဲ့အတွက် ကျွန်တော်တို့ ခွင့်ပြုလို့ မရသေးတာဖြစ်ပါတယ်” လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဥက္ကဌ ဦးလှသိန်းကပြောပါတယ် ။

မှတ်ပုံတင်လျောက်ထားတဲ့ ပြည်သူ့ အလုပ်သမားပါတီ၊ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီ ပါတီ၊ မျိုးချစ်ညီညွှတ်ရေးပါတီ၊ ပြည်သူ့ ဘ၀ဖွံ့ ဖြိုး တိုးတက်ရေးပါတီနဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီတို့ ထဲက
ပြည်သူ့  အလုပ်သမားပါတီနဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီတို့ ကို စက်တင်ဘာလ (၈) ရက်နေ့ က နိုင်ငံရေးပါတီအဖြစ် UEC ကခွင့်ပြုပေးခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်) နဲ့ ကယားလူမျိုးစု ဒီမိုကရေစီ ပါတီတို့  ကို
ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ယင်းပါတီ(၂)ခုဟာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအဖြစ် တစ်ပါတီတည်း ပူးပေါင်းလိုက်တာဖြစ်ပါတယ်။လက်ရှိမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင် မှတ်ပုံတင် အသိအမှတ်ပြုပြီးပါတီ(၉၄)ပါတီရှိနေပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*