ငြိမ်းချမ်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအစီအစဉ် မန်းမှာ စတင်

ငြိမ်းချမ်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအစီအစဉ် မန်းမှာ စတင်
November 6, 2017 Asian Fame

3:12 pm
ငြိမ်းချမ်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအစီအစဉ် မန်းမှာ စတင်

mdy1(မန္တလေး၊ နိုဝင်ဘာ ၆)

မန္တလေးမှာ နိုဝင်ဘာ ၆ ရက် မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်သွားဖို့စီစဉ်ထားတဲ့ ငြိမ်းချမ်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအစီအစဉ်ကို ဒီနေ့ မနက်ပိုင်းမှာပဲ စတင်လိုက်ပြီဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ဇနီး ဒေါက်တာယုယုမေဦးဆောင် တဲ့ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီကစီစဉ်တာပဲဖြစ်ပြီး အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုက တက်ကြွစွာပါဝင်လာနိုင်ဖို့အတွက် ရည်ရွယ်တာလို့သိရပါတယ်။

“ဒီနေ့က စတာပေါ့နော်၊ အခုဒီနေရာမှာ လုပ်နေတာက လှုံ့ဆော်ရေးပေါ့၊ နောက်ပြီးတော့ ကြို တင်ပြင်ဆင်မှုအပိုင်းပေါ့၊ ဒါကတော့ သူ့အပိုင်း နဲ့သူလုပ်နေတာပါ၊ ၈ ရက်နေ့ကျရင်တော့ ဒီနေရာမှာပဲ ဖွင့်ပွဲအခမ်းအနားနဲ့ အစီအစဉ်အတိုင်း ဆက်လုပ်သွားမှာပါ၊ ဆွေးနွေးပွဲပါမယ်၊ ဆွေးနွေးပွဲဆိုတာထက် စကားဝိုင်းဖွဲ့ဆွေးနွေးကြ မှာပါ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တာ အမျိုးသမီး အရေးနဲ့ပတ်သက်တာတွေ စကားဝိုင်းဆွေးနွေး ကြမှာပါ၊ နောက်တော့ အစီအစဉ်အတိုင်းပေါ့” လို့ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ ချမ်းမြသာစည်မြို့နယ်အဖွဲ့ဝင် private ကျောင်းတစ်ကျောင်းက ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

mdyသတ်မှတ်အစီအစဉ်အတိုင်းကျင်းပပြုလုပ်သွား မယ့် ဒီငြိမ်းချမ်းရေးလှုပ်ရှားမှုအစီအစဉ်မှာ စာပေစတုဒီတာအစီအစဉ်တစ်ခု ထူးထူးခြားခြားပါ ၀င်နေပြီး ဒါနဲ့ပတ်သက်လို့လည်း နိုဝင်ဘာ ၈ ရက် ဖွင့်ပွဲအပြီးကစလို့ စာရေးဆရာတွေလှူဒါန်း ထားတဲ့ စာအုပ်တစ်သောင်းကျော် စတုဒီသာအဖြစ် လှူဒါန်းပေးဝေသွားမှာဖြစ်တယ်လို့ သိရပါ တယ်။

“ဂျိုးငှက်(အရုပ်) ၃၀၀ နဲ့ ၅၀၀ ကြား ချိတ်ဆွဲပြီး ညစဉ် မီးတွေလည်းထွန်းထားပါမယ်၊ ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး ပြည်သူကိုအသိပညာပေးလှုံ့ဆော်မှုတစ်ခုပါ၊ ငြိမ်းချမ်းရေးမြတ်နိုးသူ ဘယ်သူမဆို ပူးပေါင်းပါဝင်ကြဖို့ဖိတ်ခေါ်ပါတယ်” လို့လည်း အဲဒီကော်မတီပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

ဒီနေ့မနက်ပိုင်းကနေ မနက်ဖြန် နိုဝင်ဘာ ၇ ရက်အထိ ကြိုတင်ပြင်ဆင်မှုတွေ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်သွားမှာပဲဖြစ်ပြီး နိုဝင်ဘာ ၈ ရက်မှာတော့ ဖွင့်ပွဲအခမ်းအနားနဲ့စတင်တာမှာ ၀န်ကြီးချုပ်ရဲ့ဇနီးဒေါက်တာယုယုမေကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီးအခွင့်အရေးနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲကို မန္တလေးမြို့ ၇၈လမ်း နဲ့ ၃၄လမ်းထောင့်က ရတနာပုံ စူပါစင်တာ စတုတ္ထထပ်က မန္တလေးတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခန်းမမှာ နိုဝင်ဘာ ၁၁ ရက် မနက် ၉ နာရီမှာပြုလုပ်သွားမှာဖြစ်ပြီး ဆရာကြီးဦးကိုလေး(ကိုလေး-အင်းဝဂုဏ်ရည်)၊ စာရေးဆရာမမသီတာ(စမ်းချောင်း)၊ တရားလွှတ်တော်ရှေ့နေကြီးဦးသိန်းသန်းဦး၊ စာရေးဆရာမင်းကိုနိုင်၊ စာရေးဆရာမခင်မမမျို၊ အစီအစဉ်တင်ဆက်သူအဖြစ် စာရေးဆရာသင့်နော်တို့က ပါဝင်ကြမှာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၂ ရက်ညမှာတော့ ငြိမ်းချမ်းရေးဂီတပဒေသာကပွဲ ကျင်းပမှာဖြစ်ပြီး မန္တလေး မဟာအောင်မြေမြို့နယ် ၆၂ လမ်း မနော်ရမ္မံလူထုဟစ်တိုင်ကွင်းမှာ အဆိုတော်မွန်းအောင် နဲ့ တိုင်းရင်းသားအကပဒေသာဖျော်ဖြေမှုတွေပါဝင်မှာဖြစ်ပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*