ဒုတိယအကြိမ် မန္တလေး နိုင်ငံတကာ မွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲ ကျင်းပနေ

ဒုတိယအကြိမ် မန္တလေး နိုင်ငံတကာ မွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲ ကျင်းပနေ
October 25, 2017 Asian Fame

12:52 pm
ဒုတိယအကြိမ် မန္တလေး နိုင်ငံတကာ မွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲ ကျင်းပနေ

1(မန္တလေး၊အောက်တိုဘာ ၂၅)

မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်(မန္တလေး တိုင်းဒေသကြီး) နဲ့ ငွေပင်လယ်မီဒီယာ တို့ပူးပေါင်းစီစဉ်တဲ့ ဒုတိယအကြိမ် မန္တလေး နိုင်ငံတကာမွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲ ၂၀၁၇ ကို ဒီနေ့မနက်ပိုင်းကစလို့ မန္တလေးမြို့ မြို့တော်ခန်းမမှာ  ကျင်းပပြုလုပ်လျက်ရှိပါတယ်။

အောက်တိုဘာ ၂၅ ရက် မှ ၂၇ ရက်အထိ ကျင်းပ ပြုလုပ်သွားမှာလို့သိရပြီး ပြည်တွင်းက လုပ်ငန်းရှင်တွေ နဲ့တောင်သူတွေကို နိုင်ငံတကာလုပ်ငန်းရှင်တွေနဲ့ ဆက်သွယ်ပေးတာဖြစ်သလို စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ပစ္စည်း/ဆေးဝါး နဲ့ နည်းပညာတွေကို  တစ်နေရာ ထဲမှာ ၀ယ်ယူလေ့လာနိုင်အောင် ရည်ရွယ် ကျင်းပတာလည်းဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌဒေါက်တာကျော်ထင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

နေ့စဉ် မနက် ၁၀ နာရီ မှ ညနေ ၅ နာရီအထိ ပြည်တွင်းနဲ့နိုင်ငံပေါင်း ၁၄ နိုင်ငံတို့မှ ပြခန်းပေါင်း ၈၆ ခန်းဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်ပြီး ၃ ရက်တာပြပွဲကာလအတွင်း ပညာရှင်တွေရဲ့ဟော ပြောပွဲအစီအစဉ်တွေ၊ ပညာရပ်ဆိုင်ရာစကားဝိုင်း  ဆွေးနွေးပွဲတွေလည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်မှာ ဒေါက်တာအိသန္တာကျော် (WinRock International) က “Livestock and Agriculture Diplomacy for Regional Food Security”၊ ဒေါက်တာမျိုးမြင့်(ရွှေဒင်္ဂါး) က ဇီဝလုံခြုံရေး၊ ဦးတင်ဝင်း(ငွေစင်ပုလဲ) က မွေးမြူသူတို့စကားဝိုင်း(နို့စားနွားမွေးမြူရေး) ခေါင်းစဉ်တွေနဲ့ ဟောပြောပေးသွားမှာဖြစ်သလို အောက်တိုဘာ ၂၆ ရက်မှာ ဒေါက်တာဖေတင် က (Vital Role of Water Quality Control in Aquaculture) ခေါင်းစဉ်နဲ့ဟောပြောမှုအစီအစဉ်နဲ့စိုက်ပျိုးသူတို့စကားဝိုင်းအစီအစဉ်၊ အောက်တိုဘာ ၂၇ ရက်မှာ ဒေါက်တာဝါ၀ါဟန် က မွေးမြူရေးနှင့်သဘာဝပတ်ဝန်းကျင်၊ ဒေါက်တာသက်ခိုင် (WinRock International) က “Co-Operation:An Essential Moral Principle of Farming” နဲ့  ဦးမျိုးအောင်(ဥက္ကံ)က မွေးမြူသူတို့စကားဝိုင်း(၀က် မွေးမြူရေး) ခေါင်းစဉ်တွေနဲ့ အလှည့်ကျ ဟောပြောဆွေးနွေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*