ငွေ ၁သောင်းတန် အတု ဖြင့် နေ့စဉ် အအေးဝယ်သောက်နေသည့် အသက် ၁၆နှစ် အရွယ်ရှိ မန္တလေးက လူငယ် တစ်ဦး နှင့် စေခိုင်းသူကို ရဲဖမ်း

ငွေ ၁သောင်းတန် အတု ဖြင့် နေ့စဉ် အအေးဝယ်သောက်နေသည့် အသက် ၁၆နှစ် အရွယ်ရှိ မန္တလေးက လူငယ် တစ်ဦး နှင့် စေခိုင်းသူကို ရဲဖမ်း
October 25, 2017 Asian Fame

12:29 pm
ငွေ ၁သောင်းတန် အတု ဖြင့် နေ့စဉ် အအေးဝယ်သောက်နေသည့် အသက် ၁၆နှစ် အရွယ်ရှိ မန္တလေးက လူငယ် တစ်ဦး နှင့် စေခိုင်းသူကို ရဲဖမ်း

10000(မန္တလေး ၊အောက်တိုဘာ၂၅)

ငွေ ၁သောင်းတန်အတု ဖြင့် နေ့စဉ် အအေးဝယ်သောက်နေသည့် အသက် ၁၆နှစ်အရွယ်ရှိ မန္တလေးက လူငယ်တစ်ဦးကို ရဲက ဖမ်းဆီးထားရာမှာ လက်ရှိအချိန် မှာတော့ အစိုးရလူငယ် ထိန်းသိမ်းရေး စခန်းတွင် ထားရှိထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း အောင်မြေသာစံရဲစခန်းမှ ရဲအုပ်အောင်မိုးက Popular News ကို ပြောသည်။

ယင်းလူငယ်သည် အောင်မြေသာစံ မြို့နယ်အတွင်း တွန်းလည်းဖြင့် အအေးရောင်းချနေသူ ထံတွင် နေ့စဉ်ရက်ဆက် ငွေစက္ကူ ၁သောင်းတန်ဖြင့် အအေးဝယ်သောက်နေရာ ဆိုင်ရှင်ဖြစ်သူက ငွေစက္ကူကို မသင်္ကာဖြစ်မိ၍ ရဲထံ အသိပေးတိုင်ကြားခဲ့ကြောင်း၊
ရဲက စောင့်ဖမ်းစစ်ဆေးရာတွင် ငွေ အတုဖြစ်နေ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

ဖမ်းဆီးမှုကို အောက်တိုဘာလ ၁၉ရက်နေ့ည က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ငွေ ၁သောင်းတန်အတု ပေးအပ်ခဲ့သူ အသက် ၃၇နှစ်အရွယ်ရှိ အမျိုးသမီးကိုပါ ဆက်လက်ဖမ်းဆီးထားကြောင်း ရဲအုပ်အောင်မိုးက ထံမှသိရသည်။

ယင်းအမျိုးသမီးသည် ဖမ်းခံထားရသည့် လူငယ်ကို ငွေ ၁သောင်းတန်စက္ကူအတု ၁ရွက်စီ နေ့စဉ် ပေးပြီး အအေးသွားဝယ် သောက်ခိုင်းကာ ပိုငွေကို ပြန်ယူကြောင်း ရဲထံ ကနဦးထွက်ဆိုထားသည်။

အောင်မြေသာစံရဲစခန်းမှ ရဲအုပ်အောင်မိုးက ” ပထမရက်မှာတော့ အဲ့ ကလေးကို ပိုငွေ ၉၂၀၀ကျပ်ထဲက မုန့်ဖိုးဆိုပြီး ၁၀၀၀ကျပ်ပေးတယ်။နောက် ၂ရက်ကျတော့ မုန့်ဖိုးမပေးဘဲနဲ့ အအေးပဲတိုက်တယ်လို့ ပြောတယ်။အမျိုးသမီးကိုတော့
အောင်မြေသာစံရဲစခန်းမှာ ချုပ်ထားတယ်။အမှုကိုတော့ CID ကို လွှဲအပ်လိုက်ပါပြီ”ဟု ရှင်းပြသည်။

အစိုးရလူငယ်ထိန်းသိမ်းရေးစခန်းတွင် ထားရှိထိန်းသိမ်းခံထားရသည့် လူငယ်က ၎င်းသည် ငွေ စက္ကူ ၁သောင်းတန်ကို အတု မှန်းမသိဘဲ အစစ်ထင်ပြီး အအေးဝယ်သောက်မိကြောင်း ကနဦး ထွက်ဆိုထားကြောင်းသိရသည်။

သီဟ
Photo Credit The Union Daily

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*