ခွန်တန်ကို အရေးယူပေးဖို့ တရားဝင် လာရောက် တိုင်တန်းသူ စတင်ပေါ်ပေါက်

ခွန်တန်ကို အရေးယူပေးဖို့ တရားဝင် လာရောက် တိုင်တန်းသူ စတင်ပေါ်ပေါက်
October 25, 2017 Asian Fame

2:41 pm
ခွန်တန်ကို အရေးယူပေးဖို့ တရားဝင် လာရောက် တိုင်တန်းသူ စတင်ပေါ်ပေါက်

kt(သထုံ ၊အောက်တိုဘာ၂၅)

ခွန်တန်ကို လူခိုးမှု၊ အတင်းအဓမ္မသွေးဆောင်ဖြားယောင်မှု၊ ပူးပေါင်းကြံစည်မှု အစရှိသည့် ပုဒ်မ ၃ ခုဖြင့် သထုံမြို့ နယ်ရဲစခန်းက အမှုဖွင့် လိုက်ပြီ ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့ ၊ ပြောခွင့်ရ ဒုတိယရဲမှူးကြီးခင်မောင်စိုးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

မွန်ပြည်နယ်၊သထုံမြို့ အလံတစ်ရာနယ်မြေမှ ကာယကံရှင်မိန်းကလေးငယ်၏ ဖခင်က ယမန်နေ့ က ခွန်တန်ခေါ် ဇာတ်လိုက်အား အရေးယူပေးပါရန် ရဲစခန်းသို့ လာရောက်အမှုဖွင့်တိုင်ကြားမှုအပေါ် ရဲကထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချ၍ ရသော ရာဇသတ်ကြီးဥပဒေပုဒ်မ၃၆၆ ၊ ထောင်ဒဏ် ၇နှစ်အထိ ပြစ်ဒဏ်ချ၍ ရသော ပုဒ်မ ၃၆၃ အပါအ၀င် အားပေးကူညီမှု ပုဒ်မ ၁၁၄ အစရှိသည့် ပုဒ်မများဖြင့် တိုင်ကြားမှုကိုလက်ခံ၍ အမှုဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

ဒုတိယရဲမှူးကြီးခင်မောင်စိုးက ” ဒီဥပဒေပုဒ်မတွေဟာ ရဲအရေးပိုင်တဲ့ဥပဒေပုဒ်မတွေဖြစ်ပါတယ်။ ဒါကြောင့် ဖမ်းဝရမ်းရယူစရာမလိုဘဲ ဖမ်းခွင့်ရှိပါတယ် ” ဟု ပေါ်ပြူလာနယူးစ်ကို ပြောသည်။

အသက် (၂၅) နှစ်ကျော်အရွယ်ရှိ ခွန်တန် (ခေါ်) ဇာတ်လိုက်ဆိုသူကို ဒေသခံတိုင်းရင်းသား အချို့က အလံတစ်ရာဆရာတော် ၀င်စားသူဟု ဒေသခံများက ယုံကြည်ကာ ကိုးကွယ်မှုများ ပြုနေကြသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီးက”သူ (ခွန်တန်) က တစ်သက်လုံးပေါင်းတာမဟုတ်ဘဲ ရက်အနည်းငယ်လောက်ပေါင်းပြီး၊ နောက် တစ်ယောက်ထပ်ပေါင်းပါတယ်။ နိုင်ငံမှာပြဌာန်းထားတဲ့တစ်လင်တစ်မယားဥပဒေနဲ့ မကိုက်ညီသလို၊သူယူခဲ့တဲ့ အချို့သော မိန်းခလေးတွေက ၁၄၊၁၅၊၁၆ နှစ်အရွယ် တွေဖြစ်နေပါတယ်။ အားလုံးဟာ မရိုသေ့စကား အပျိုရည် ပျက်ခဲ့ကြပါတယ်။ ဒါကို မိဘတွေ ကိုယ်တိုင်က၊ ကာယကံရှင် တွေ ကိုယ်တိုင်က ကြိုက်နှစ်သက်မှု မရှိကြပါဘူး၊ အချို့ကလဲ တိုင်လိုက်ရင် ပြောလိုက်ရင် တစ်ခုခုဖြစ်မှာ စိုးရိမ်ပြီး မပြောကြဘူး။အချို့ ကလဲ တိုင်ကြတာတွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ခွန်တန်ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ မညီပါဘူး။ သူဟာ စိတ်မထင်ရင် မထင်သလို အိမ်တွေကို ဖျက်ဆီးတာတို့၊ရမ်းကားတာတွေ လုပ်တတ်သူပါ”ဟု Popular News ကိုပြောဆိုထားသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*