၈ လတာအတွင်း နေရပ်စွန့်ခွာသူ ၂ သိန်းကျော် ရှိနေ

၈ လတာအတွင်း နေရပ်စွန့်ခွာသူ ၂ သိန်းကျော် ရှိနေ
May 4, 2017 Asian Fame

12:21 pm
၈ လတာအတွင်း နေရပ်စွန့်ခွာသူ ၂ သိန်းကျော် ရှိနေ

ရန်ကုန်၊ မေ ၁

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစတင်ပြီး လက်ရှိအချိန်ထိ နေရပ်စွန့်ခွာတိမ်းရှောင်နေသူ ၂၃၇ဝဝဝ ရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရမှုနှင့် နောက်ဆက်တွဲ လုံခြုံရေးဆောင်ရွက်မှုများကြောင့် ရခိုင်ပြည်နယ်မြောက် ပိုင်းတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၇၄ဝဝဝ ခန့်ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် အရှိန်မြင့်လာသည့် ပဋိပက္ခများကြောင့် ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့တွင် လူသားချင်းစာနာမှုဆိုင် ရာ အကူအညီများ လိုအပ်လျက်ရှိ နေပြီး ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် ကရင်ပြည်နယ်တွင် ထောင်နှင့်ချီသောလူများ နေရပ် စွန့်ခွာ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ပြည်နယ်လေးခု၌ လွန်ခဲ့သည့် ခြောက်လအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်မှု အသစ်များထပ်မံဖြစ်ပွားခဲ့ပြီး လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့်လည်း အကူအညီများ ပေးပို့နိုင်ရန် သွားလာခွင့်နှင့်စပ်လျဉ်း၍ ကန့်သတ်မှုများ ကြုံတွေ့ရကြောင်း အစီရင်ခံစာကထောက် ပြထားသည်။ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၂၁ မြို့နယ်တွင် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် လူသားချင်း စာနာ ထောက်ထားခြင်း အကူအညီများ ပေးအပ် ရေးအတွက် သွားလာရန် ကန့် သတ်ချက်များ ရှိနေပြီး အဆိုပါနေရာများ၌ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ဦးရေ ၄၆ဝဝဝ ကျော်ရှိနေကြောင်း UNOCHA မှ သိရသည်။အဆိုပါ မြို့နယ်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့ ဖြစ်ပြီး ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နေရပ်စွန့်ခွာသူ လေးသောင်းရှိနေကာ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူ ၆ ထောင်ခန့် ရှိကြောင်း UNOCHA က ထပ်မံ ဖော်ပြပေးထားသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ကာလကြာရှည် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၂၁၇ဝဝဝ ခန့်ရှိနေ ပြီး အဆိုပါ ကာလရှည် တိမ်းရှောင်သူများမှာ ဒုက္ခသည်စခန်း ၂၁၅ ခုတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*