မွန်ပြည်သစ်ပါတီ NMSP နဲ့ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁ မှာတွေ့မည်

မွန်ပြည်သစ်ပါတီ NMSP နဲ့ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁ မှာတွေ့မည်
August 30, 2017 Asian Fame

5:14 pm
မွန်ပြည်သစ်ပါတီ NMSP နဲ့ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁ မှာတွေ့မည်

Mon(ရန်ကုန် ၊ သြဂုတ် ၃၀)

NCA ရေးထိုးဖို့ ညှိနှိုင်းနေတဲ့ UNFC ဥက္ကဌ မွန်ပြည်သစ် ပါတီ NMSP နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တို့ လာမယ့် စက်တင်ဘာ ၁ ရက်နေ့မှာတွေ့ဆုံကြမယ် လို့သိရပါတယ်။

တွေ့ဆုံမှုမှာ လက်ရှိ မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်ကြား တပ်ပိုင်း ဆိုင်ရာ နီးကပ်တဲ့ အခြေအနေတွေ အပေါ်လည်း တင်ပြသွားမယ် လို့ မွန်ပြည်သစ် ပါတီ မဟာမိတ် ဆက်ဆံရေးဌာန မှ နိုင်အောင်မငေး ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

” ပြီးခဲ့တဲ့ ၆ ရက် ၇ ရက်နေ့ ကစပြီး တပ်မတော်က အင်အား ၂၀၀နီးပါးကျွန်တော်တို့နားရောက်လာတယ်ပေါ့နော်။ ဒါကိုဖြေလျော့ဖို့ ပြောပါတယ်။၂၀ရက်နေ့မှာတော့ အင်အား ၂၀၀ ကိုလျော့သွားပြီး အင်အား ၁၅ ယောက်လောက် ကျွန်တော်တို့နဲ့ မလှမ်းမကမ်း ၂မိုင်လောက်မှာ ရှိနေသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အရမ်း နီးကပ်နေတော့ ပစ်တ်မှုတွေဖြစ်မှာ ကိုစိုးရိမ်တာပါ။ တစ်ဖက် နဲ့တစ်ဖက် ယုံကြည်မှုတွေ လျော့ပြိး ပစ်ခတ် တိုက်ခိုက်မှု ဖြစ်လာမှာကို စိုးရိမ်တယ်။ နောက်ထပ် ဒီလိုပုံစံတွေ မဖြစ်လို့ပါ ” လို့ နိုင်အောင်မငေး က ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအ၀င် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကို ပြီးခဲ့တဲ့ ၁၁ ရက်နေ့ကတည်းက မွန်ပြည်သစ် ပါတီမှ တွေ့ခွင့်တောင်းခဲ့ကြောင်း သိရပါတယ်။

မွန်ပြည်သစ်ပါတီဟာ အခုလအတွင်းမှာပဲ မွန်ပြည်နယ် အစိုးရအဖွဲ့ နဲ့တွေ့ဆုံဖို့ လုပ်ခဲ့ ပါသေးတယ်။ ဒါပေမဲ့ မအားမလပ်တဲ့ အကြောင်း အရာတွေကြောင့်တွေ့ဆုံဖို့ကိစ္စ အဆင်မပြေခဲ့ပါဘူး။

ဒါ့အပြင် ဒေသဆိုင်ရာ စစ်ဌာနချုပ် တိုင်းမှူးနဲ့အဖွဲ့ကိုလည်း ဒီလ အတွင်းမှာပဲ တွေ့ဆုံခဲ့ပါသေးတယ်။

မွန်ပြည်သစ် ပါတီဟာဆိုရင် UNFC မှာ ဥက္ကဌ အဖြစ်တာဝန်ယူထားပြီး အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

Ye Lwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*