သိမ်းဆည်းမိသည့် သေနတ်အတွင်း မူးယစ်ဆေးတွေ့၍ ဦးဖြိုးကိုကိုတင့်ဆန်း ကို မူးယစ်မှု တစ်မှုထပ်တိုး အရေးယူ

သိမ်းဆည်းမိသည့် သေနတ်အတွင်း မူးယစ်ဆေးတွေ့၍ ဦးဖြိုးကိုကိုတင့်ဆန်း ကို မူးယစ်မှု တစ်မှုထပ်တိုး အရေးယူ
October 24, 2017 Asian Fame

12:52 pm
သိမ်းဆည်းမိသည့် သေနတ်အတွင်း မူးယစ်ဆေးတွေ့၍ ဦးဖြိုးကိုကိုတင့်ဆန်း ကို မူးယစ်မှု တစ်မှုထပ်တိုး အရေးယူ

PKKTS(နေပြည်တော် ၊ အောက်တိုဘာ ၂၄)

သိမ်းဆည်း ရမိထားပြီးဖြစ်တဲ့ သေနတ် အတွင်းကနေ ICE မူးယစ်ဆေးတွေ ထပ်တွေ့လို့ ဦးဖြိုးကိုကိုတင့်ဆန်း ကို မူးယစ်မှုတစ်မှု နဲ့ ရဲက အမှုထပ်ဖွင့်လိုက်ပါတယ်။

နေပြည်တော်လေဆိပ် ၊ ACE ဟိုတယ် ၊ ACE ရုံးချုပ် စတဲ့နေရာတွေက နေ လက်နက်နဲ့ မူးယစ်ဆေးတွေ ဆက်တိုက်ဆိုသလိုဖမ်းဆီးရမိထားတဲ့ ဖြိုးကိုကိုတင့်ဆန်းအမှုနဲ့ပတ်သတ်ပြီး ထပ်မံ စစ်ဆေးပေါ်ပေါက်ချက်အရ အခုလို မူးယစ်ဆေးတွေ ထပ်မံတွေ့ရှိ သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဟိုတယ် ACE အတွင်း မြင်းခြံဘေး၊ မြင်းတင်တဲ့ နောက်တွဲထော်လီ အတွင်း ကနေသိမ်းဆည်းရမိထားပြီးဖြစ်တဲ့ M-16 RANIERARMS စာတန်းပါ သေနတ်နံပါတ်မပါ ဒင်နောက်ပိုင်းဘတ္ထရီထည့်တဲ့အပေါက်အတွင်းကနေ ICE (၃.၀၅)ဂရမ် ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒီမူးယစ်ဆေးတွေ အတွက် ဖြိုးကိုကိုတင့်ဆန်းကို နေပြည်တော် ဒက္ခိဏမြို့မရဲစခန်းမှာ မယ(ပ) ၄/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*