2:08 pm
နေပြည်တော် အောက်တိုဘာ (၂၄)
ဘဏ္ဍာနှစ်အစမှ (၇)လအတွင်း နယ်စပ် စခန်းအသီးသီး၏ ကုန်သွယ်မှုပမာဏများကို ကာလတူနှင့်နှိုင်းယှဉ်ရာတွင် အမေရိကန်ဒေါ်လာ သန်း(၁၅၀)ကျော်ခန့် လျော့ကျနေကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှသိရသည်။
“အဓိက နယ်စပ်စခန်းတွေဖြစ်တဲ့ မူဆယ် ၊မြဝတီ၊ချင်းရွှေဟော်၊တမူးစတဲ့စခန်းတွေက ကုန်သွယ်မှုတွေကျတဲ့အတွက် ကာလတူနဲ့ယှဉ်ရင် နဲသွားတာပါ”ဟု ကုန်သွယ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။
နယ်စပ်ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ်ကုန်သွယ်ရေးစခန်း (၁၆)ခုဖွင့်လှစ်ထားပြီး ကာလတူထက် ကုန်သွယ်မှုလျော့ကျသည့် စခန်းများမှာ မူဆယ်၊ချင်းရွှေဟော်၊ကျိုင်းတုံ၊တာချီလိတ်၊မြဝတီ၊မြိတ်၊ထီးခီးနှင့် တမူးစုစုပေါင်း နယ်စပ်စခန်း(၈)ခုအထိ ရှိနေသည်။
ယခင်နှစ်ကာလ တူထက် ကုန်သွယ်မှု စုစုပေါင်းလျော့ကျ ရာတွင်ပို့ကုန်၊ သွင်းကုန်နှစ်မျိုးလုံးလျော့ကျခြင်းဖြစ်ကြောင်း စာရင်းများအရသိရသည်။
ယခင်ဘဏ္ဍာနှစ်က အောက်တိုဘာလ(၁၀)ရက်နေ့အထိ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၃၉၈၇)သန်းကျော်ရှိခဲ့ပြီးယခုနှစ်တွင်(၃၈၃၆)သန်းကျော်ဖိုးသာ ကုန်သွယ်ထားနိုင်ခဲ့သည်။
ကုန်သွယ်မှုေ လျာ့ကျရာတွင် ပို့ကုန်မှ (၁၃၅)သန်းကျော်ဖိုးလျော့ကျခဲ့ပြီးသွင်းကုန်မှ(၁၅)သန်းကျော်ဖိုးလျော့ကျခဲ့သည်။
အောင်ပြည့်စုံ