ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချမည့် သီးနှံထွက်ကုန်ချော စက်ရုံ နေပြည်တော်တွင် ဖွင့်လှစ်

ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချမည့် သီးနှံထွက်ကုန်ချော စက်ရုံ နေပြည်တော်တွင် ဖွင့်လှစ်
July 28, 2017 Fame Asian

11:17 am
ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချမည့် သီးနှံထွက်ကုန်ချော စက်ရုံ နေပြည်တော်တွင် ဖွင့်လှစ်

img4

နေပြည်တော်၊ ဇူလိုင် ၂၈

မြန်မာ့လယ်ယာထွက်ကုန်များကို ကုန်ချောအဆင့်ထိ ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသွားမည့်မြန်မာရွှေသစ်သီးဝလံကုမ္မဏီ၏ သီးနှံကုန်ချောထုတ် စက်ရုံကို နေပြည်တော်တွင် ဇူလိုင်လ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည်။

အဆိုပါစက်ရုံသည် ပြည်တွင်းရှိ လယ်ယာထွက်ကုန်များကို အဆင့်မြင့်ကုန်ချောများအဆင့်ထိပြုလုပ်ကာ ဒေသတွင်းနိုင်ငံများသာမကလဲဥရောပနှင့် အာရှဈေးကွက်အထိထိုးဖောက်တင်ပို့ရန်ရည်ရွယ်ထားကြောင်းသိရသည်။

img1

စက်ရုံဖွင့်ပွဲသို့ တတ်ရောက်လာသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က”ယနေ့ဖွင့်လှစ်လိုက်သည့် ပုဂ္ဂလိကပိုင်စက်ရုံဟာ စက်ရုံတစ်ခုဆိုတာထက် လယ်ယာထွက်ကုန်တွေဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ရေးအတွက်အစိုးရနှင့်အတူ အသေးစားအလတ်စားစက်မှုလုပ်ငန်းများ ပါဝင်ကြိုးပမ်းလာခြင်းဆိုတဲ့ပြယုတ်တစ်ခုဖြစ်ပါတယ်။”ဟု ထည့်သွင်းပြောကြားခဲ့သည်။

ယခုဖွင့်လှစ်လိုက်သည့် မြန်မာရွှေသစ်သီးဝလံ ကုမ္ပဏီကို (၂၀၁၂)ခုတွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ စင်ကပူ၊ဟောင်ကောင်ဒူဘိုင်းနှင့်ရုရှားနိုင်ငံများသို့ သရက်သီးထုတ်ကုန်ချောများ တင်ပို့လျက်ရှိနေပြီးယခုနှစ်ဆန်းပိုင်းတွင် ဥရောပရှိနယ်သာလန်နိုင်ငံအထိပါ ဈေးကွက်ချဲ့ထွင်တင်ပို့နေကြောင်းသိရသည်။

img2

မြန်မာရွှေသစ်သီးဝလံကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူ ဒေါ်လဲ့လဲ့ဦးက”ပြည်တွင်းက သရက်သီးဈေးကွက်ကို ကုန်ချောအဖြစ် ပြောင်းလဲပြီးဈေးကွက်ချဲ့ထွင်နိုင်ဖို့ ပြည်တွင်းကို လာရောက်လည်ပတ်တဲ့နိုင်ငံခြားသားတွေအနေနဲ့ Made in Myanmar ဆိုပြီးလက်ဆောင်အဖြစ်ဝယ်ယူနိုင်ဖို့ စက်ရုံကိုတည်ဆောက်ထုတ်လုပ်ခြင်းပါ၊ သရက်သီးတစ်လုံးကိုဒီအတိုင်းဈေးကွက်ရှာတာနဲ့ကုန်ချောတွေအဖြစ်ပြောင်းလဲပြီး နိုင်ငံတော်အတွက် တစ်ဖက်တစ်လှမ်းကလဲအကူအညီဖြစ်အောင် ကြိုးစားချင်ပါတယ်။”ဟု စက်ရုံတည်ဆောက်ရခြင်းနှင့်ပတ်သက်ပြီးပြောသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*