လေးမျက်နှာတွင် လေပြင်းတိုက်ခတ်၍ လူနေအိမ်များ ပြိုကျပျက်စီး

လေးမျက်နှာတွင် လေပြင်းတိုက်ခတ်၍ လူနေအိမ်များ ပြိုကျပျက်စီး
May 3, 2017 Asian Fame

5:44 pm
လေးမျက်နှာတွင် လေပြင်းတိုက်ခတ်၍ လူနေအိမ်များ ပြိုကျပျက်စီး

(ရန်ကုန်၊ မေ ၂)

ဟင်္သာတခရိုင် လေးမျက် နှာမြို့နယ်အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် များနှင့် ကျေးရွာ ဓမ္မာရုံတို့ ပြို ကျ ပျက်စီးခဲ့သည်ဟု လေးမျက် နှာမြို့နယ် ပြည်သူ့မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စား လှယ် ဦးစိုးသန်းက ပြောသည်။

လေပြင်းတိုက်ခတ်ခံရသည့် ကျေးရွာများမှာ လေးမျက်နှာမြို့ နယ် ပန်းတောကြီး ကျေးရွာအုပ် စုရှိ လယ်တံငယ်ရွာ၊ ကျောက် စရစ်ကုန်းရွာ၊ သရက်ကုန်းရွာ နှင့် ပိတောက်ပင်စုကျေးရွာတို့ ဖြစ်သည်ဟု ၄င်းက ပြောသည်။

ထိုလေပြင်း တိုက်ခတ်မှု သည် မေလ ၁ ရက်နေ့ ညနေ ၆နာရီခန့် က စတင်ဖြစ်ပွားခဲ့ပြီး ဝါးအိမ် ၁၁ လုံး၊ သစ်သားအိမ် ၃ လုံးနှင့် ကျေး ရွာဓမ္မာရုံ ၁ လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း ပြန် ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးဦးစီး ဌာနမှ ထုတ်ပြန်ခဲ့ သည်။

လေဘေးသင့် ကျေးရွာများ ကို မေလ ၂ ရက်နေ့ နံနက်ပိုင်း က မြို့နယ် ရဲတပ်ဖွဲ့မှ ဦးစီး ဆောင်ရွက် ပေးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက် ပျက်စီးမှု မရှိကြောင်း ဦးစိုးသန်းက ပြော သည်။

လေဘေးသင့် အိမ်ထောင်စု ၁၄ စု မှ ကျား ၂၇ ဦး ၊ မ ၂၆ ဦး တို့အား နီးစပ်ရာ နေအိမ်များ တွင် ယာယီနေရာ ချထားပေး လျက်ရှိပြီး လေပြင်း တိုက်ခတ်မှု ကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၇ သိန်းခန့် ရှိ ကြောင်း ဦးစိုးသန်းက ပြော သည်။

”လူ အသေအပျောက်က တော့မရှိပါဘူး။ အထွေထွေ အုပ် ချုပ်ရေးမှူးနဲ့ တိုင်ပင်ပြီး စီစဉ် စရာရှိတာတွေ စီစဉ်သွားမှာပါ”ဟု ၄င်းက ပြောသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*