ဘဏ္ဍာနှစ်အစ(၅)လအတွင်း အမေရိကန်ဒေါ်လာသန်း(၅၆၀၀)ကျော်ဖိုး ပြည်ပကိုတင်ပို့နိုင်ခဲ့

ဘဏ္ဍာနှစ်အစ(၅)လအတွင်း အမေရိကန်ဒေါ်လာသန်း(၅၆၀၀)ကျော်ဖိုး ပြည်ပကိုတင်ပို့နိုင်ခဲ့
September 27, 2017 Fame Asian

6:05 pm
ဘဏ္ဍာနှစ်အစ(၅)လအတွင်း အမေရိကန်ဒေါ်လာသန်း(၅၆၀၀)ကျော်ဖိုး ပြည်ပကိုတင်ပို့နိုင်ခဲ့

graph

နေပြည်တော် စက်တင်ဘာ ၂၇

ယခုဘဏ္ဍာနှစ်အစ (၅)လအတွင်းတွင်ပြည်ပသို့အမေရိကန်ဒေါ်လာသန်းပေါင်း (၅၆၀၀)ကျော် ဖိုးအထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှသိရသည်။

(CMP) အထည်ချုပ်လုပ်ငန်းများအပါအ၀င် စက်မှုကုန်ချောထုတ်ကုန်များကို အများဆုံးတင်ပို့နိုင်ခဲ့ပြီး တိရစ္ဆာန်နှင့် သစ်တောထွက် ပစ္စည်းတင်ပို့မှုက အနည်းဆုံးဖြစ်ကြောင်းသိရသည်။

“ကာတတူထက်နှိုင်းယှဉ်ရင် ကန်ဒေါ်လာသန်းခြောက်ရာကျော်ဖိုးလောက်အထိ ပိုမိုတင်ပို့နိုင်ခဲ့သလို၊သစ်တောနဲ့ တိရိစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုတွေကိုလဲလျှော့ချနိုင်ခဲ့ပါတယ်။ဒီလိုတင်ပို့ ကြတဲ့နေရာမှာနိုင်ငံပိုင်ကဏ္ဍတွေက ကန်ဒေါ်လာသန်းတစ်ထောင့်ခြောက်ရာကျော်လောက်ရှိပြီး၊ပုဂ္ဂလိကအပိုင်း ကတင်ပို့မှုက ကန်ဒေါ်လာသန်းလေးထောင်ကျော်အထိရှိပါတယ်”ဟု ကုန်သွယ်ရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

အစိုးရမှ ပြည်ပပို့ကုန်တင်ပို့မှုအပိုင်းကို တိုးတတ်လာစေရန်အတွက် ကာလတို၊ကာလရှည်စီမံချက်များရေးစွဲ နေပြီး ကာလတိုအတွင်းအရှိန်အဟုန်ဖြင့် တိုးတတ်လာစေရန် ပုဂ္ဂလိကအပိုင်းကို ဦးစားပေးစီစဉ်လျှက်ရှိနေသည်။ယခုဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်ကဏ္ဍမှ တင်ပို့မှုသည် ကာလတူထက် သန်း(၄၀)ကျော်ခန့်လျော့နည်းခဲ့သော်လည်း ပုဂ္ဂလိက အပိုင်းမှတင်ပို့မှုသည် သန်း(၆၀၀)ကျော် ပိုမိုများပြားခဲ့သည်။

ယခုနှစ်အတွင်း ပြည်ပကိုအများဆုံးတင်ပို့နိုင်ခဲ့သည့် ကုန်ပစ္စည်းများမှာ စက်မှုကုန်ချောထုတ်ကုန်များဖြစ်ပြီး၊ဒုတိယအများဆုံးမှာလယ်ယာထွက်ပစ္စည်းများဖြစ်ကြသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*