အကြွေးရှင်ထံ ကလေး၂ဦးထားခဲ့မိရာ အကြွေးရှင်နှိပ်စက်လို့ ကလေး၁ ဦးသေ/တစ်ဦးဒဏ်ရာရ

အကြွေးရှင်ထံ ကလေး၂ဦးထားခဲ့မိရာ အကြွေးရှင်နှိပ်စက်လို့ ကလေး၁ ဦးသေ/တစ်ဦးဒဏ်ရာရ
September 26, 2017 Fame Asian

2:40 pm
အကြွေးရှင်ထံ ကလေး၂ဦးထားခဲ့မိရာ အကြွေးရှင်နှိပ်စက်လို့ ကလေး၁ ဦးသေ/တစ်ဦးဒဏ်ရာရ

popular-crime-logo

စက်တင်ဘာ ၂၆ ၊ တောင်ကြီး

အကြွေးရှင်အမျိုးသမီးတစ်ဦးက နှိပ်စက်လို့ အသက် ၇ နှစ်အရွယ်မိန်းကလေးတစ်ဦးသေဆုံးပြီး အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးဒဏ်ရာရရှိတဲ့ ကိစ္စ စက်တင်ဘာ ၂၄ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်မှာဖြစ်ပွားခဲ့ပါတယ်။

မိုင်းပန်မြို့ နယ်အစပ် မိုက်ကွမ်းကျေးရွာအစပ်မှာ ဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်မှာ မိဘဖြစ်သူက ကလေးငယ် ၂ဦးကို အကြွေးဆပ်စရာရှိတဲ့ အမျိုးသမီးထံမှာ ထားခဲ့ပြီး ထွက်သွားခဲ့ရာကနေ အခုဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မိုင်းပန်မြို့နယ်ရဲတပ်ဖွဲ့ကနေသိရပါတယ်။

“မိုက်ကွမ်းကျေးရွာအစပ်နားမှာဖြစ်တာပါ။ အကြွေးဆပ်စရာရှိလို့ ကလေးတွေကိုထားခဲ့တာလို့သိရပါတယ်။ လောလောဆယ်တော့ ကျူးလွန်တဲ့အမျိုးသမီးကို ဖမ်းဆီး အမှုဖွင့်ထားပါတယ် ” လို့ မိုင်းပန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးက ရဲအရာရှိကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

သတင်းရလို့ ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးရာမှာ အခင်းဖြစ်နေရာတဲထဲမှာ သေဆုံးနေတဲ့ မိန်းကလေးအလောင်းတစ်ခုနဲ့ နှိပ်စက်ခံထားရတဲ့ ကလေးငယ်ကိုတွေ့ခဲ့ရတယ်လို့လည်းသိရပါတယ်။

အသက်မသေဘဲကျန်ရစ်ခဲ့တဲ့ အသက် ၃နှစ်အရွယ် ကလေးငယ်ကို မိုင်းပန်မြို့နယ် ဆေးရုံမှာ တင်ဆောင်ထားပြီး စိုးရိမ်ရတဲ့အခြေအနေတော့မရှိဘူးလို့ ရဲတပ်ဖွဲ့ထံကနေသိရပါတယ်။

ဒီဖြစ်စဉ်မှာ ကျူးလွန်သူကို (ပ) ၁၂/၂၀၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၅ တို့နဲ့ အမှုဖွင့် ထားတယ်လို့သိရပါတယ်။

YeLwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*