လေကြောင်းကာကွယ်ရေး တပ်ခြံစည်းရိုးအတွင်း သေဆုံးနေသည့် နည်းပညာတက္ကသိုလ်ကျောင်းသူ အမှုကို စီရင်ချက်ချပြီ

လေကြောင်းကာကွယ်ရေး တပ်ခြံစည်းရိုးအတွင်း သေဆုံးနေသည့် နည်းပညာတက္ကသိုလ်ကျောင်းသူ အမှုကို စီရင်ချက်ချပြီ
May 31, 2017 Asian Fame

11:47 am
လေကြောင်းကာကွယ်ရေး တပ်ခြံစည်းရိုးအတွင်း သေဆုံးနေသည့် နည်းပညာတက္ကသိုလ်ကျောင်းသူ အမှုကို စီရင်ချက်ချပြီ

လင်းဟိန်း
ရန်ကုန်၊ မေ ၃ဝ

နည်းပညာတက္ကသိုလ်ကျောင်းသူတစ်ဦးကိုသတ်ပြီး အလောင်းစွန့်ပစ်ခဲ့သူ သူထက်နိုင် (ခ) သူရအောင်ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အလုပ်ကြမ်းနှင့်ထောင် ဒဏ် ၁ဝ နှစ်ချမှတ်လိုက်သည်။ ပြစ်မှုကျူးလွန်သူ သူထက်နိုင်အနေဖြင့် နည်းပညာတက္ကသိုလ် ကျောင်းသူကိုသတ်ပြီးအလောင်း စွန့်ပစ်ခဲ့ခြင်းသည် ပြစ်မှုပုဒ်မ ၃ဝ၂ (၂)နှင့် ငြိစွန်းကြောင်း၊ ထို့အတွက် ယခုပြစ်ဒဏ်ကို ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ရုံးတော်ကကြေညာသည်။

အသတ်ခံလိုက်ရသည့်ကျောင်းသူမှာ ပြီးခဲ့သည့် ၂ဝ၁၆ ခု ဇန်နဝါ ရီ ၂၆ ရက်နေ့က ပြစ်မှုကျူးလွန်သူ သူထက်နိုင်နှင့် ဖုန်းပြောဆိုခဲ့ပြီး အပြင်သို့ထွက်သွားခဲ့ရာတွင် သတ် ဖြတ်ခံခဲ့ရခြင်းဖြစ် သည်။ ယင်းသို့ အိမ်မှထွက်သွားရာတွင် ခဏနေလျှင် ပြန်လာမည်ဟု ဆိုကာထွက်သွားခဲ့သော်လည်း ပြန်ရောက်မလာဘဲ နောက်နှစ်ရက်အကြာ ဇန်နဝါရီ ၂၈ ရက်နေ့မှ အင်း စိန်မြို့နယ် ၁ဝ မိုင်ကုန်းအနီးရှိ လေ ကြောင်း ကာကွယ်ရေးတပ်ခြံစည်း ရိုးအတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်သည် ဟု သေဆုံးသူ၏ဖခင်ကပြောသည်။တွေ့ချိန်တွင် နဖူးပေါက်ပြဲ ဒဏ်ရာတစ်ချက်၊ ယာချိုစောင်း သွေးခြေဥဒဏ်ရာတစ်ချက်၊ လည် ပင်း ညိုမည်းဒဏ်ရာတစ်ချက်ဖြင့် မိန်းကလေးငယ်မှာ သေဆုံးနေပြီ ဖြစ်သည်။သေဆုံးသူမှာ ဒဏ်ရာများဖြင့် ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ခြင်းဖြစ်သည့်အတွက် တရားရုံးက အမိန့်ချမှတ်ရာတွင် နာကျင်စေမှုကိုပါထည့်သွင်းချမှတ်သင့်ကြောင်း သေဆုံးသူ၏ဖခင် ဦးမြတ်ထွန်းအောင်က သူ၏အမြင်ကိုပြောသည်။

”ပုံမှန်ဆိုရင် သမီးကို အိမ်အထိလာကြိုတယ်။ သမီးနဲ့ မုန့်တွေ ဘာတွေအတူသွားစားကြတယ်။ ဒီတစ်ခါကျတော့ အဲဒီလိုလာမခေါ်ဘူး။ ဒါဟာသွေးရိုးသားရိုး မဟုတ်ဘူး ကြိုတင်ကြံစည်မှုဖြစ်တယ်”ဟု ၎င်းက ပြောသည်။ ပြစ်မှုကျူးလွန်သူ၏ ဖခင်မှာ တပ်မတော်မှ အရာရှိတစ်ဦးဖြစ်ပြီး သူ၏မိသားစုများမှာလည်း တပ်မတော် အရာရှိများဖြစ်ကြောင်း ဦးမြတ်ထွန်းအောင်က ပြောသည်။ သို့သော်လည်း ဥပဒေသည် ဥပဒေအတိုင်း ဖြစ်ခဲ့သည်။ ရဲက ပြစ်မှုကျူးလွန်သူ သူထက် နိုင် (ခ) သူရအောင်ကို အခင်းဖြစ် ပြီး သုံးရက်အကြာ ဇန်နဝါရီ ၂၉ ရက်နေ့က မြောက်ဒဂုံ ၃၄ ရပ်ကွက် သခင်ဗလှိုင်လမ်းတွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါအမှုကို အင်းစိန်မြို့ နယ်ရဲစခန်းမှ ဒုရဲအုပ်လှအောင် က တရားလိုအဖြစ် အမှုဖွင့်တိုင် ကြားခဲ့ခြင်းဖြစ်ပြီး မြောက်ပိုင်း ခရိုင်တရားရုံးက တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့သည်။ သေဆုံးသူ တက္ကသိုလ်ကျောင်းသူနှင့် လူသတ်မှုကျူးလွန်သူ သူ ထက်နိုင်တို့သည် ၂ဝ၁၅ သြဂုတ်တွင် ဖေ့စ်ဘွတ်ခ်မှ ခင်မင်ရင်းနှီးကာ ချစ်သူများဖြစ်ခဲ့ကြပြီး ပြင်ပတွင် ၁ဝ ကြိမ်ကျော်တွေ့ဆုံဖူးကြောင်း ရဲမှတ်တမ်းအရ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*