ရဲကိုဓါးနဲ့ခုတ်ပြီး တရားခံလုယူသွားသူတို့ ကို လက်ရှိအချိန်အထိ မမိသေး

ရဲကိုဓါးနဲ့ခုတ်ပြီး တရားခံလုယူသွားသူတို့ ကို လက်ရှိအချိန်အထိ မမိသေး
August 1, 2017 Fame Asian

5:08 pm
ရဲကိုဓါးနဲ့ခုတ်ပြီး တရားခံလုယူသွားသူတို့ ကို လက်ရှိအချိန်အထိ မမိသေး

ပဲခူး၊သြဂုတ် ၁

ဇူလိုင်လ ၃၁ ရက်နေ့ညနေ က ပဲခူးမြို့မှာဖြစ်ပွားခဲ့တဲ့ ရဲကိုဓားနဲ့ဝင်ခုတ်ပြီးတရားခံလုယူခံရတဲ့ဖြစ်စဉ်မှာ အလုခံလိုက်ရတဲ့ တရားခံရော ၊ ကျူးလွန်သူ အမည်မသိ ဆိုင်ကယ်မောင်း လူငယ်(၂)ယောက်ကိုရော ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ 
ပဲခူးအမှတ်၂ရဲစခန်းက သိရပါတယ်။


တရားခံကိုလက်ထိပ်ခတ် တင်ဆောင်လာတဲ့ ရဲ ၂ ဦးပါ ဆိုင်ကယ်ကိုအမည်မသိ ဆိုင်ကယ်မောင်း လူငယ်(၂)ယောက်ကနေ ၀င်တိုက်ပြီး ဓားနဲ့ဝင်ခုတ် တရားခံလုယူသွားခဲ့တာဖြစ်ပါတယ်။


“ကျွန်တော်တို့ရှာနေတာ ညလုံးပေါက်ပဲ။လုံးဝကိုမတွေ့သေးတာတရားခံရဲ့ဆွေမျိုးနီးစပ်တွေကို စောင့်ကြည့်နေတယ်။လောလောဆယ်တော့ ရှာဖွေဖမ်းဆီးဆဲပါ။ “လို့ပဲခူးအမှတ်၂ရဲစခန်းရဲ့ တာဝန်‌ကျရဲအရာရှိက ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ ညနေ ၄ နာရီမှာ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။လုယူခံလိုက်ရတဲ့ တရားခံဟာ ပဲခူးမြို့နယ်တရားရုံးကနေ ပုဒ်မ ၃၂၆(ဘေးဖြစ်စေသောလက်နက်ဖြင့် (သို့) နည်းဖြင့် မိမိအလိုအလျောက်အပြင်းအထန်နာကျင်စေမှု) နဲ့ ပဲခူး အမှတ်၂ရဲစခန်းမှာ ချုပ်ရမန် ယူထားသူဖြစ်ပါတယ်။တရားလုယူသူနှစ်ဦး ဟာမည်သူမည်ဝါဖြစ်ကြောင်းကိုလည်း မသိရှိရသေးကြောင်းနဲ့ စုံစမ်းဖော်ထုတ်ဆဲသာရှိသေး ကြောင်း အဆိုပါရဲအရာရှိက ပြောပါတယ်။

YL ၊ သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*