စစ်ကိုင်းတိုင်းထဲက ကသည်းသူပုန်တွေကို ဖယ်ရှားပေးဖို့ လွှတ်တော်တွင် ပြောဆို

စစ်ကိုင်းတိုင်းထဲက ကသည်းသူပုန်တွေကို ဖယ်ရှားပေးဖို့ လွှတ်တော်တွင် ပြောဆို
July 3, 2017 Asian Fame

2:58 pm
စစ်ကိုင်းတိုင်းထဲက ကသည်းသူပုန်တွေကို ဖယ်ရှားပေးဖို့ လွှတ်တော်တွင် ပြောဆို

Sagaing(နေပြည်တော်၊ ဇူလိုင် ၃)

စစ်ကိုင်းတိုင်း ဒေသကြီးမှာ ရှိတဲ့ ကသည်းသူပုန်တွေကို ဖယ်ရှားပေးဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီ စာတင်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၉မှ ဦးမောင်မောင်လတ်က ပြောပါတယ်။

“မြန်မာတွေနဲ့ ကသည်းတွေဟာ လူနေမှုစရိုက်၊ အကျင့်၊ အနေအထိုင်တွေအရ လုံးဝကွဲပြားခြား နားတဲ့အတွက် ရောထွေးစရာလည်း မရှိဘူး။ သူတို့နေထိုင်တဲ့ အိမ်တွေကို ပြည်သူတွေ အားလုံးက သိထားကြပြီ။ ဒီကနေ ပြန်သွား တာနဲ့ ပြည်သူတွေ လက်မှတ်ကို ယူမယ်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကို ဒီကသည်းတွေ ဆက်လက် ဖယ်ရှားပေးဖို့ ဆက်လက်ဆောင်ရွက်မယ်။”လို့ သူက သတင်း မီဒီယာတွေကိုပြောပါတယ်။

အဆိုပါ ကသည်းသူပုန် များသည် ၂၀၀၉ ခုနှစ်တွင် ဗုံးထောင်ခြင်း ၊ တမူးမြို့၊ နမ့်ဖာလုံဈေးတွင် ဆက်ကြေးများ ကောက်ခံခြင်း အစရှိတဲ့ လုပ်ရပ်များ လုပ်ဆောင်ခြင်း တို့ကြောင့် မေးခွန်းမေးမြန်း ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြီးပြောပါတယ်။

မေးခွန်းအပေါ် မြန်မာနိုင်ငံ နယ်စပ်လုံခြုံရေး အတွက် တပ်မတော် အနေဖြင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်လျှက် ရှိတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောပါတယ်။

“တပ်မတော် အနေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး နယ်စပ်မြို့တွေ လုံခြုံရေး အတွက် လုပ်ဆောင်ပေးနေပါတယ် ၊ ဒေသခံတွေ အနေဖြင့် လည်း အချိန်မှီ သတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*