ရခိုင်​ပြည်​နယ်​ လုံခြုံ​ရေးအတွက်​ ခြံစည်းရိုးခတ်​ရန်​ တာဝန်​ရှိသူ​တွေ ကွင်းဆင်းစစ်​​ဆေးပြီ

ရခိုင်​ပြည်​နယ်​ လုံခြုံ​ရေးအတွက်​ ခြံစည်းရိုးခတ်​ရန်​ တာဝန်​ရှိသူ​တွေ ကွင်းဆင်းစစ်​​ဆေးပြီ
September 18, 2017 Fame Asian

2:38 pm
ရခိုင်​ပြည်​နယ်​ လုံခြုံ​ရေးအတွက်​ ခြံစည်းရိုးခတ်​ရန်​ တာဝန်​ရှိသူ​တွေ ကွင်းဆင်းစစ်​​ဆေးပြီ

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် နှင့် အဖွဲ့ တောင်ပြိုလက်ဝဲမြို့ နယ်မြေအတွင်းရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်တလျောက်ခြံစည်းရိုး၊ ခြံစည်းရိုးပတ်လမ်း အခြေအနေနှင့် ချဉ်းကပ်လမ်းတို့ကို လိုက်လံစစ်ဆေးနေစဉ်။

နေပြည်တော် ၊ စက်တင်ဘာ ၁၈ရက်

ရခိုင်ပြည်နယ်က မေယုတောင်တန်းနဲ့ ထိစပ်နေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံ နယ်စပ် မှာ မြန်မာဘက် က ခြံစည်းရိုးကာဖို့ အတွက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ စတင် ကွင်းဆင်းစစ်ဆေးနေပြီလို့ နယ်စပ်ရေးရာဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောပါတယ်။

“အခုဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရယ် ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေပါ ရခိုင်ကိုသွားပြီးစတင် စစ်ဆေးနေပါပြီ”လို့ သူကဆိုပါတယ်။

မေယုတောင်တန်းနဲ့ ထိစပ်နေတဲ့ နေရာမှာ မြန်မာဘက်က ကာမယ့် နယ်စပ်ခြံစည်းရိုးအရှည်က မိုင်၄၀ရှိမှာဖြစ်ပြီး၊ ခြံစည်းရိုးကို နိုင်ငံတော်အစိုးရရဲ့ သီးသန့်ရန်ပုံငွေနဲ့ ခတ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ကျန်ရှိတဲ့ ခတ်ပြီးသား ခြံစည်းရိုးမိုင် ၁၆၀ကိုလည်း စစ်ဆေးပြီး၊ပြုပြင်စရာ ရှိတာတွေကို လိုအပ်ပါက ပြန်လည် ပြင်ဆင်သွားဖို့ ရှိတယ်လို့လည်း ဦးစိုင်းထွန်းညိုက ထပ်မံပြောပါတယ်။

“ရာသီဥတုကြောင့်ဖြစ်စေ ၊ လူကြောင့်ဖြစ်စေ ပျက်စီးတာတွေရှိလာခဲ့ရင် ပြန်ပြင်ဖို့ရှိပါတယ်”လို့လည်း သူကထပ်ပြောပါတယ်။ဒီပြုပြင်မှုကိုတော့ ဘယ်ဘတ်ဂျက်က သုံးမလည်းဆိုတာ နိုင်ငံတော်အကြီးအကဲတွေကသာဆုံးဖြတ်ပေးမယ်လို့ သူကဆိုပါတယ်။

“ဒါက ၂ပိုင်းရှိပါတယ် နိုင်ငံတော်အစိုးရသီးသန့်ရန်ပုံငွေထဲက သုံးမလား သို့တည်းမဟုတ် အခြားဘတ်ဂျက်က သုံးမလားဆိုတာကတော့ မသိသေးပါဘူး”လို့ သူကဆိုပါတယ်။လက်ရှိအချိန်မှာတော့ ခြံစည်းရိုးခတ်ရန်ကျန်ရှိနေတဲ့မိုင်၄၀ နေရာက သွားရေးလာရေးခက်ခဲနေတာကြောင့် အဲဒီကိုသွားဖို့ ချဉ်းကပ်လမ်း ၂၁လမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာနက စတင်ဖောက်လုပ်နေပြီလို့လည်းသိရပါတယ်။

ယခင်က နယ်စပ်ခြံစည်းရိုးမိုင်၁၆၀ကို ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး (ကကယ)က တာဝန်ယူကာ ခြံစည်းရိုးတံတိုင်းခတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*